ကိုဝိုင်း
သောကြာနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ)။ ။ လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အစိုးရထိပ်တန်း ခရိုနီများ၏ ကိုယ်ရေး အချက်လက်များကို ရန်ကုန်မြို့ အခြေစိုက် အမေရိကန် သံရုံးက စောင့်ကြည့် စုဆောင်းထားကြောင်း ဝီကီလိခ်မှ ၂၀၁၁ သြဂုတ်လတွင် ပေါက်ကြား လာသည့် အမေရိကန် နိုင်ငံခြားရေးဌာန၏ ကြေးနန်းများက ဖော်ပြနေသည်။
ခရိုနီများအကြား၌လည်း ထိပ်တန်း ဗိုလ်ချုပ်များထံမှ ပါမစ်များ ရရှိရန် ပြိုင်ဆိုင်နေကြောင်း ရန်ကုန် အမေရိကန် သံရုံးမှ လေ့လာ သုံးသပ်သူများ၊ ထိပ်သီးစီးပွားရေး သတင်းပေးများ ထံမှ သိရှိချက်ကို ဝါရှင်တန်မြို့ နိုင်ငံခြားရေး ဝန်ကြီးထံ ပေးပို့သည့် ၂၀၀၇ ခုနှစ် ကြေးနန်းများ၌ ပါရှိသည်။
အမေရိကန်သံရုံး၏ ၂၀၀၇ ခု မတ် ၁၆ ရက် ကြေးနန်းတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် ပြုတ်ကျပြီးနောက် နောက်ပိုင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ဦးဆောင်ကဏ္ဍတွင် ပါဝင်လာသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ “ဒါပေမယ့် သူလည်း ခရိုနီတွေနဲ့ စီးပွားရေး လုပ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေမှာ ပါတာပဲ” ဟုလည်း ကြေးနန်းက ဆိုသည်။ သို့သော်လည်း အမည်မဖော်သော သတင်း ရပ်ကွက်များကို ကိုးကားပြီး "ပြုပြင် ပြောင်းလဲရေးသမား တဦး" ဟု ညွှန်းဆိုထားပြီး မြန်မာကို နိုင်ငံတကာနှင့် ဆက်ဆံလာအောင် ဖွင့်ပေး လိမ့်မည်ဟုလည်း ပါရှိသည်။
“သူရ” ဘွဲ့တံဆိပ်ရခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး KNU ဌာနချုပ် မာနယ်ပလော စခန်းကို ၁၉၈၉ ခုက တိုက်ခဲ့စဉ် “တခြား စစ်ဆင်ရေးမှူးတွေ လိုပဲ သူလည်း ကရင် သူပုန်တွေကို အကြီးအကျယ် ထိုးစစ်ဆင်တုန်းက ကလေးနဲ့ အမျိုးသမီးတွေပါ မကျန် အရပ်သားတွေကို အထမ်းသမားတွေ အဖြစ် အဓမ္မ ခိုင်းစေခဲ့တယ်” ဟု သိရှိချက်ကို ဖော်ပြထားသည်။
ပဲခူးတိုင်း ကညွတ်ကွင်းမြို့၌ ၁၉၄၇ ခုတွင် မွေးဖွားပြီး အသက် ၂၂ နှစ်အရွယ် ၁၉၆၉ ခုနှစ်တွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA အပတ်စဉ် ၁၁ ဆင်းသူဖြစ်ပြီး ၁၉၈၈ ခုတွင် ဗိုလ်မှူးကြီးအဆင့် ရာထူး တိုးခံရသည်။
၁၉၉၇ နိုဝင်ဘာတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ နအဖ ကို အသစ်ဖွဲ့စည်းရာ အနောက်တောင်တိုင်းမှူး ဗိုလ်မှူးချုပ် ရာထူးဖြင့် နအဖ ကောင်စီဝင် ဖြစ်လာသည်။ ၂၀၀၃ ခုတွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်မှ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အဖြစ် ကြည်းရေလေ ညှိနှိုင်း ရေးမှူးရာထူးကို ရရှိသည်။
သူရရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အထူး ယုံကြည်ခံရသူ ဖြစ်ပြီး “၂၀၀၃ ခု ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖို့ ဗိုလ်ချုပ်မှူးကြီးက အမိန့်ပေးတုန်းက သူရရွှေမန်းရဲ့ အမိန့်ကို နာခံသွားဖို့ အောက်ခြေ အရာရှိတွေကို ညွှန်ကြားခဲ့တယ်” ဟု သတင်းရပ်ကွက် အချို့က ပြောသည်ဟု ကြေးနန်း တနေရာတွင် ဖော်ပြထားသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်နေသူ အသက် ၆၄ နှစ်အရွယ် သူရ ဦးရွှေမန်းသည် ဒဂုံ ဆောက်လုပ်ရေး ကုမ္ပဏီ နှင့် ဒဂုံ သစ်ထုတ်လုပ် ရေးကုမ္ပဏီပိုင်ရှင် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ စာရင်းတွင်ပါရှိသူ ဦးဝင်းအောင်နှင့် နီးစပ်ပြီး နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းနှင့် သစ်လုပ်ငန်းများ အတွက် ကူညီခဲ့ကြောင်း အမေရိကန်သံရုံး ၂၀၀၇ ခု ဒီဇင်ဘာ ၂၆ ရက် ကြေးနန်းတွင် ပါရှိသည်။
နေပြည်တော် တည်ဆောက်ရေး စီမံကိန်းတွင် အခြား ခရိုနီများဖြစ်သည့် ဦးတေဇ၊ စတီဗင်လော၊ ဦးဇော်ဇော်တို့ နည်းတူ လမ်းဆောက်လုပ်ရေး လုပ်ငန်း စာချုပ်များ ရခဲ့သည်။ သူတို့နည်းတူပင် ဆောက်လုပ်ခများ မရရှိပဲ တစီးလျင် အမေရိကန် ဒေါ်လာ ၁၈၀,၀၀၀ တန် ကား ၁၀ စီး တင်သွင်းခွင့် ပါမစ် ရခဲ့သော်လည်း ဒဂုံသစ်လုပ်ငန်း ကုမ္ပဏီက “တရုတ်နိုင်ငံသို့ နှစ်စဉ် အမေရိကန် ဒေါ်လာ ငါးသန်းခန့် သစ်တင်ပို့ခွင့် ရထားသည်” ဟု သံရုံးက သိရှိရချက်ကို ဖော်ပြထားသည်။
၂၀၀၇ ခု နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် ရန်ကုန် အမေရိကန်သံရုံးမှ ဝါရှင်တန် နိုင်ငံခြားရေးဌာနသို့ ပို့သည့် ကြေးနန်း တခုတွင်မူ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က ထိပ်သီး ဗိုလ်ချုပ်များထံမှ မျက်နှာသာပေးမှု လိုချင်သဖြင့် အစိုးရ၏ စီမံကိန်းများကို အခမဲ့ လုပ်ဆောင်ပေးလေ့ ရှိသည်ဟု ပါရှိသည်။
အခြား ခရိုနီတဦးဖြစ်ပြီး ဗိုလ်ချုပ်များ၏ မျက်နှာသာပိုရသူ ထူးထရေးဒင်းကုမ္ပဏီပိုင်ရှင် ဦးတေဇကို ပြိုင်ဆိုင် နေသော်လည်း “ဗိုလ်ချုပ်တွေက တေဇကို မျက်နှာသာ ဆက်ပေးပေမယ့် ဇော်ဇော်ကိုလည်း အရေးကြီးတဲ့ နေပြည်တော် စီမံကိန်း လမ်းဖောက်လုပ်ရေး စာချုပ်တွေ ပေးပါတယ်” ဟု သံအရာရှိက သိရှိရချက်ကို ဖော်ပြထားသည်။
ဗိုလ်ချုပ်များသည် ခရိုနီများကို နိုင်ငံတော်စီမံကိန်းများတွင် အခမဲ့ ခိုင်းစေကြပြီး အပြန်အလှန် အားဖြင့် ကား တင်သွင်းခွင့်၊ မြေယာ ဝယ်ယူခွင့်၊ တွင်းထွက် လုပ်ငန်း၊ သစ်လုပ်ငန်းများအ တွက် ပါမစ်များ ပြန်ချပေးလေ့ရှိကြောင်း ဝီကီလိမှ ပေါက်ကြား လာသော အမေရိကန် ကြေးနန်းများတွင် ပါရှိသည်။
သို့သော် နေပြည်တော် စီမံကိန်းတွင် လုပ်ကိုင်ပေးသဖြင့် အပြန်လှန်အားဖြင့် ဦးတေဇနှင့် စီတီဗင်လော တို့က တစီးလျင် ဒေါ်လာ ၁၈၀,၀၀၀ တန် ကား ၁၅ စီးစီ တင်သွင်းခွင့် ရခဲ့သော်လည်း ဦးဇော်ဇော်မှာ ၁၀ စီးစာ ပါမစ်သာ ရသည်ဟု ကြေးနန်းတွင် ပါရှိသည်။ သို့သော် ရန်ကုန်မြို့တွင် ကိုယ်ပိုင် အိမ်ယာစီမံကိန်းများ တည်ဆောက်ရန် မြေကွက်များ ရရှိသည်ဟုဆိုသည်။
ပက်စီ Pepsi အချိုရည်ကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သူ ယောက္ခထီးဖြစ်သူ ဦးသိန်းထွန်း၏ အဆက်သွယ်ဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မောင်အေးနှင့် နီးစပ်သွားသူ ဦးဇော်ဇော်သည် သူ၏ စီးပွားရေးကို ၁၉၉၄ ခု မတိုင်မီ ဂျပန်နိုင်ငံတွင် နေထိုင်စဉ် တပတ်ရစ် ကားနှင့် ဆိုင်ကယ်များကို မြန်မာနိုင်ငံသို့ တင်ပို့ခြင်းဖြင့် စတင်ခဲ့သည်ဟု အမေရိကန်သံရုံး ကြေးနန်းတွင် ပါရှိသည်။
မက်စ်မြန်မာကုမ္ပဏီကို ၁၉၉၅ ခုတွင် ထူထောင်ပြီးနောက် ထိပ်တန်းဗိုလ်ချုပ်များဖြင့် နီးစပ်လာသူ ဦးဇော်ဇော်သည် သစ် တင်ပို့သည့် လုပ်ငန်း၊ ဟိုတယ် လုပ်ငန်းများ တိုးချဲ့လာပြီး ကချင်ပြည်နယ် ဖါးကန့်-လုံးခင်းတွင် ဧက ၅၀၀ ကျယ် ကျောက်စိမ်းမိုင်း တခု လုပ်ခွင့် ရထားပြီဟု သံရုံးအရာရှိက သိရှိရချက်ကို ကြေးနန်းအတွင်း ရေးထားသည်။
မြန်မာဘောလုံးအဖွဲ့ချုပ် MFF လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယခုအခါ အငြိမ်းစား ယူသွားပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးနှင့် ရင်းနှီးသူဖြစ်ပြီး လူ ၁,၀၀၀ ခန့်တက်ရောက်သည့် နေရွှေသွေး၏ ၁၆ နှစ် ပြည့် မွေးနေ့ကို ဆီဒိုးနား ဟိုတယ်တွင် ၂၀၀၇ ဇွန်လက အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကုန်ကျခံ ကျင်းပ ပေးခဲ့သည်ဟု သံရုံးအရာရှိက သိရှိရချက်ကို ပြန်လည် ရေးသားထားသည်။
၂၀၀၇ ခု နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် ရန်ကုန်မြို့ အမေရိကန်သံရုံးက ဝါရှင်တန်မြို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သည့် ကြေးနန်းစာတွင် ဦးတေဇနှင့် စတီဗင်လော တို့သည် စစ်အစိုးရ၏ မျက်နှာပေးခြင်းကို ခံနေရသည်နှင့် တပြိုင်နက် ဦးဇော်ဇော် သည်လည်း တက်သစ်စ ခရိုနီ တယောက်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
Ref: မဇ္ဈိမ
Tuesday, September 20, 2011
ဦးရွှေမန်းနှင့် ခရိုနီများကိုယ်ရေး သံရုံးမှ မှတ်တမ်းတင်
Thursday, January 6, 2011
ကျမတို့က လက်တွေ့လုပ်သူတွေဖြစ်ပါတယ်ဟု ဒေါ်စုက ဂျင်ဝက်ဘ်ကိုပြော
| Reference ID | Created | Released | Classification | Origin |
| 09RANGOON539 | 2009-08-18 10:10 | 2010-12-12 21:09 | SECRET | Embassy Rangoon |
VZCZCXYZ0000
OO RUEHWEB
DE RUEHGO #0539/01 2301059
ZNY SSSSS ZZH
O 181059Z AUG 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9364
INFO RHEHNSC/NSC WASHDC IMMEDIATE
S E C R E T RANGOON 000539
SENSITIVE
SIPDIS
E.O. 12958: DECL: 08/18/2019
TAGS: PGOV PREL BM
SUBJECT: BURMA: SENIOR GENERALS START A CONVERSATION; HOW WILL WE RESPOND?
REF: A. RANGOON 535
B. RANGOON 536
C. RANGOON 527
D. RANGOON 534
Classified By: P/E Chief Jennifer Harhigh for Reasons 1.4 (b) & (d)
အကြောင်းအရာ။ ။ မြန်မာနိုင်ငံ- ဗိုလ်ချုပ်မှူးကြီးက စကားစတင် ပြောဆိုလာခြင်း။ မိမိတို့ မည်သို့ တုံ့ပြန်မည်နည်း။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ ။ နိုင်ငံရေး-စီးပွားရေးဌာန အကြီးအကဲ ဂျင်နီဖာ ဟာဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)
အကျဉ်းချုပ်
၁။ (S) မြန်မာ ထိပ်တန်းဗိုလ်ချုပ်များက ဆီးနိတ်အမတ် ဝက်ဘ် လာရောက်ခြင်းကို အသုံးချပြီး ၎င်းတို့ ရှင်းရှင်း လင်းလင်း ဖေါ်ပြလိုသော အချက်များမှာ မြန်မာအစိုးရနှင့် အမေရိကန်အစိုးရ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုခြင်း၊ ဝါရှင်တန် နှင့် တိုက်ရိုက်ဆက်ဆံလိုပြီး အထူးသံတမန်တဦး (စစ်အစိုးရ၏ အတွင်းလူဖြစ်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဖူးသူ ဦးသောင်း) ကို ရွေးချယ် သတ်မှတ်ပြီး ဖြစ်ကြောင်းတို့ပင် ဖြစ်သည်။ သန်းရွှေ သူ့လက်သီးဆုပ်ကို ဖြေချလိုက်သည်မှာ (အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဆုံးအကြိမ် ၎င်းနှင့် တွေ့ဆုံခွင့်ပေးခြင်း၊ "ချစ် ကြည်ရေး"ကို ပြသသောအားဖြင့် အမေရိကန် အကျဉ်းသား တဦးကို ပြန်ပို့ ခြင်း) ကို ထောက်ထား၍ သေချာနေပါသည်။ ဗိုလ်ချုပ်များသည် အကြောင်း ပြန်ကြားချက်ကို မျှော်နေ ပါလိမ့်မည်။ (UNGA) (ကုလသမဂ္ဂ အထွထွေ ညီလာခံ) အပြီးမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းကို ဝါရှင်တန်ရှိ သံရုံးသို့ သွားရောက်ခွင့် ပေးသင့်ပါသည်။ မျှော်လင့်ချက်များ အပြန် အလှန် ဖော်ပြနိုင်ရေး အတွက် ကျွန်ုပ်တို့ ဦးသောင်းနှင့် မကြာမတင် မှာ ဆွေးနွေးသင့်ပြီး ထိုမှတဆင့် ဝါရှင်တန် အဆင့် ဆွေးနွေးပွဲဆီသို့ တက်လှမ်းသင့်ပါသည်။ တချိန်တည်းမှာပင် စစ်အစိုးရနှင့် "ပြတ်သားသော" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် အတိအလင်းရော တိတ်တဆိတ်ပါ အားပေးသင့်ပါသည်။ ဆွေးနွေးပွဲ ကာလ အတွင်းမှာလည်း ကျွန်ုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးဖြစ်အောင် ကြိုးပမ်း သင့်ပါသည်။ အကျဉ်းချုပ်- ပြီးဆုံး။
လက်သီးဆုပ် ဖြေလိုက်ပြီလား။
---------------
၂။ (S) ပထမဦးဆုံး အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်၏ သန်းရွှေနှင့် တွေ့ဆုံမှုသည် မျှော်လင့်မထားဘဲ ဖြစ်ပေါ် လာခဲ့သည်။ သူ နားစွင့်ရုံ နားစွင့် နေသည်မှာ ပေါ်လွင်လှပါသည်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်း သူ့ကို ပြောနေစဉ်မှာပင် စိတ်ဆိုးဟန် သော်လည်းကောင်း၊ မုန်းတီးဟန် သော်လည်းကောင်း မပြခဲ့ချေ။ သူက ဆီးနိတ် အမတ် ဝက်ဘ်ကို ပြုံးပြ နှုတ်ခွန်းဆက်ပြီး နွေးနွေးထွေးထွေး လက်ဆွဲ နှုတ်ဆက်ခဲ့ပါသည်။ ဆွေးနွေးပွဲ တလျှောက်လုံး သူက "မိတ်ဆွေများ"၊ "ချစ်ကြည်ရေး"ဟူသော စကားများကို လှိုင်ဘောလယ်အောင် ပြောခဲ့သည်။
၃။ (S) သန်းရွှေနှင့် ဝန်ကြီးချုပ် သိန်းစိန်တို့ ဆီးနိတ်အမတ် ဝက်ဘ်နှင့် တဦးချင်းစီ တွေ့ဆုံဆွေးနွေး ရာ၌ စာရွက် တမျိုးတည်းကို ကိုင်၍ ဆွေးနွေး ကြသည် (ရည်ညွှန်းချက် က နှင့် ခ)။ သူတို့နှစ်ဦးစလုံးပင် ယခင်က သည့်ထက် အဆင် ပြေခဲ့သော အမေရိကန်-မြန်မာ ဆက်ဆံရေး အကြောင်းကို ဖေါ်ပြကြပြီး လက်ရှိ ဆက်ဆံရေးလည်း ပို၍ ကောင်းလာလိမ့်မည်ဟု အလေးတင်း ဖေါ်ပြခဲ့ကြသည်။ "တိုက်ရိုက်" နှင့် အပြန်အလှန် ဆက်ဆံရေး၊ နေပြည်တော်နှင့် တိုက်ရိုက် ဆက်သွယ်သော ဦးသောင်းကို အထူး သံတမန်အဖြစ် ခန့်အပ်ရေးကို တောင်းဆိုခြင်း၊ နှစ်ဖက်စလုံး သံအမတ်အဆင့်များကို တိုးမြှင့်ရန် အကြံပြုခြင်း တို့ဖြင့် ဗိုလ်ချုပ်များ ဘက်က လက်ကမ်း လာနေခြင်းသည် ရှင်းနေပါ သည်။
၎။ (S) ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာသည် အမေရိကန်အစိုးရအဖို့ လွန်စွာအရေးပါ နေကြောင်း၊ ဤပြဿနာသည် အမှန်တကယ် ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေး အတွက် ဖြေရှင်း ပေးရမည့် ပြဿနာဖြစ်ကြောင်း ဆီးနိတ်အမတ် ဝက်ဘ်၏ ပြောစကားကို သန်းရွှေနှင့် သူ၏ ထိပ်တန်း ဗိုလ်ချုပ်များ ကောင်းကောင်းကြီး သဘောပေါက်ပါသည်။ ဒေါ် အောင်ဆန်းစုကြည် လွှတ်ပေးရေး ကိစ္စကို သန်းရွှေနှင့် ပြောသောအခါ၌ သန်းရွှေက တိုတိုတုတ်တုတ်ပင် တုံ့ပြန်ပါသည်။ ကတိကဝတ် မပေးခဲ့ချေ။ ဆီးနိတ် အမတ်က စကားကို ဖြတ်လိုက်ပြီး အခြား အကြောင်းအရာဘက်သို့ လှည့်သွားခြင်း ကြောင့်လည်း ဖြစ်နိုင်ပါသည်။ (ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ငြင်းပယ်သော အဖြေကို စောင့် သည်ထက် တိုးလို့တန်းလန်း ထားလိုက်ခြင်းက ပိုကောင်းသည်ဟု သူက နောက်ပိုင်းမှာ ကျွန်ုပ်တို့ကို ပြောပြခဲ့သည်)။ သို့ရာတွင် သန်းရွှေအဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မကောင်းကြောင်း စကားစရန် အခွင့်အရေး ယူခဲ့ပုံရပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက သန်းရွှေ သဘောထား ပြောင်းသွားပုံ ရသည်ဟု သူတို့ထင်ကြောင်း၊ ဆွေးနွေးပွဲ လုပ်ရန် အသင့်ရှိသည်ဟု မျှော်လင့်ရကြောင်း ကျွန်ုပ်တို့ကို လည်းပြော၊ ထို့နောက် ဆီးနိတ်အမတ် ဝက်ဘ်ကိုလည်း ပြောခဲ့သည်။
မျှော်လင့်ချက်များ မြင့်မားနေသည်။
-------------------
၅။ (S) စစ်အစိုးရ၏ ကြံရွယ်ချက်များကို နောက်ထပ် ညွှန်ပြနေသည်မှာ အင်္ဂလိပ်သာသာနှင့်ရော မြန်မာ ဘာသာနှင့်ပါ ထုတ် ဝေသော အစိုးရ အာဘော် သတင်းစာ မြန်မာ့ အလင်းပင် ဖြစ်သည်။ ထိုသတင်းစာ၏ ခေါင်းကြီးပိုင်းက ဆီးနိတ်အမတ် ဝက်ဘ်၏ အလည်အပတ် လာရောက်ခြင်းကို အောင်မြင်မှုအဖြစ် "ခရီးရှည်ကြီး၏ ပထမခြေလှမ်း" ဟူသော ခေါင်းစဉ် ဖြင့် သြဘာပေး ရေးသားခဲ့သည်။ မြန်မာနိုင်ငံ၏ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနက်ရှိုင်းရေးနှင့် နှစ်နိုင်ငံအကြား ကွဲလွဲမှုများ လျှော့ပါးရေး သဘောထားကြောင့် ဆီးနိတ်အမတ် ဝက်ဘ်နှင့် ထက်ထက်သန်သန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဆောင်းပါးက ဖေါ်ပြခဲ့သည်။ ဆီးနိတ် အမတ်၏ အလည်အပတ် ခရီးသည် "နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး အတွက် ပထမဆုံး ခြေလှမ်း မိုင်ပေါင်း (၁,ဝဝဝ) ခရီး၏ ပထမဆုံး ခြေလှမ်း" ဖြစ်သည်ဟု နိဂုံးချုပ် ရေးသား ထားသည်။
၆။ (S) လောလောဆယ် မြန်မာအစိုးရပိုင်း ပုဂ္ဂိုလ်များထဲမှာရော၊ သာမန်ပြည်သူများထဲမှာပါ အားလုံး နီးပါးက ဆီးနိတ် အမတ်၏ တွေ့ဆုံ ဆွေးနွေးမှုများကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပို၍ အကောင်းဘက်သို့ ရှေ့ရှု လာမည်ဟု မျှော်လင့်နေကြသည်။ အလည်အပတ်ခရီး နောက်ပိုင်း အမျိုးသားနေ့ ဧည့်ခံပွဲ၌ သံတမန်အရာရှိများကို ဆုတောင်း ပေးသူများ ဝိုင်းဝိုင်း လည်နေခဲ့ကာ ဆက်ဆံရေး ကောင်းမွန်လာရေးဆီ ရှေ့ရှုသော တိုးတက်မှုများ အတွက် ကျေနပ်မိကြောင်း ဖေါ်ပြခဲ့ကြသည်။ ဤခရီး အကြောင်းသည် ရန်ကုန်တမြို့လုံး လက်ဖက်ရည်ဆိုင် စကား ဖြစ်လျက်ရှိကာ လူအတော်များများက နောင်ရေရှည်မှာ ဖြစ်လာနိုင်မည့် အလားအလာများကို တွက်ဆကြည့်နေကြ သည်။
၇။ XXXXXXXXXXXX
ကျွန်ုပ်တို့က ရှေ့တိုး၍ လက်ကမ်းခြင်း
------------
၈။ (S) ဗိုလ်ချုပ်များက သူတို့အဖို့ အရေးလည်းကြီး၊ ကျေအေးမှုလည်းရနိုင်သော ခြေလှမ်းကြီး တလှမ်းကို လှမ်းခဲ့ပြီ ဟု ယုံကြည် နေသည်မှာ သေချာပါသည်။ သန်းရွှေက အမေရိကန် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို ပထမဦးဆုံး အကြိမ် တွေ့ဆုံ ခဲ့သည်။ (စစ်အစိုးရသည် နိုင်ငံအချင်းချင်း ဝါစဉ်အလိုက် ဆက်ဆံနေသော လောကမှာ ပြစရာ တခုရလာခြင်းကို အသုံး ချနေသည်ဖြစ်ရာ ဤကိစ္စသည် အထူး ကြီးကျယ်သော ကိစ္စကြီး တခုဖြစ်သည်။ တရုတ်ပြည်က (နအဖ) အဖွဲ့ဝင်များကို ၎င်းတို့ အမျိုးသားနေ့ အခမ်းအနား တက်စေခြင်း၊ ကျွန်ုပ်တို့က နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများကို လက်ခံ တွေ့ဆုံခြင်းတို့ကို ကြည့်ပါ)။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဒဏ်ခတ် ပိတ်ပင်မှုကို ရုပ်သိမ်းပေးပြီး နောက်ပိုင်း စစ် အစိုးရက ဆီးနိတ်အမတ် ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။ (မှတ်ချက်- ကျွန်ုပ်တို့သိရ သလောက် ဆီးနိတ်အမတ် ဝက်ဘ်က ခရီးမသွားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း မရှိ ချေ။ သို့ရာတွင် ဤသို့ တောင်းဆိုလိမ့်မည်ဟု စစ်အစိုးရက ကြိုတွက်မိကာ ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ လိုခြင်း ရှိ- မရှိ မေးခဲ့သည်။ မှတ်ချက်-ဆုံး)။ ကျွန်ုပ်တို့က သိပ်အရေးမကြီးပါဟု အကြောင်းပြန်ခဲ့သည်။ သို့ရာတွင်အရေး ကြီးသည်ကတော့ အမှန်ပင်ဖြစ်သည်။ ချစ်ကြည်ရေး စိတ်ဓာတ်ကို ပြသောအားဖြင့် စစ်အစိုးရက အမေရိကန် အကျဉ်း သားတဦးကို ပြန်ပို့ပေးခဲ့သည်။
၉။ (S) ဗိုလ်ချုပ်ကြီးများက အမေရိကန်၏ တုံ့ပြန်မှုကို မျှော်လင့်နေပါလိမ့်မည်။ မကြာမီမှာ ပြန်ကြား ပေးလိမ့်မည် ဟုလည်း မျှော်လင့် နေပုံရပါသည်။ လောလောဆယ် ကျွန်ုပ်တို့ အနေနှင့် အမေရိကန် အစိုးရသည် CODEL ၏ ရလဒ်ပေါ်မှာ အခြေခံကာ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒမှာ အကြီးအကျယ် ပြောင်းလဲမှုများ လုပ်သင့်သည်ဟု မယုံကြည်ကြပါ။ သို့ရာတွင် တိုက်ရိုက် ဆက်သွယ်မှု လုပ်ရန် မြန်မာနိုင်ငံ၏ ကမ်းလှမ်းချက်ကို လက်ခံပေးရေး အတွက် စဉ်းစားသင့်ကြောင်းနှင့် အချိန် ကြာလာသည်နှင့်အမျှ မည်သို့ ဖြစ်လာနိုင်ဖွယ် ရှိသည်ကို စဉ်းစား သင့်ကြောင်း ကျွန်ုပ်တို့ ယုံကြည် မိသည်ကား အမှန်ပင် ဖြစ်ပါသည်။ ဤအခြေအနေ၌ ဝါရှင်တန် အနေနှင့် ထည့်သွင်း စဉ်းစားရန် အောက်ပါ အကြံပြုချက်များကို ကျွန်ုပ်တို့ ဖေါ်ပြ အပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးကို ၀ါရှင်တန်သို့ သွားခွင့်ပြုသင့်သည်။
-------------
၁ဝ။ (S) နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းသည် (UNGA) အပြီး ဝါရှင်တန်ရှိ မြန်မာသံရုံး မွမ်းမံ ပြင်ဆင် နေသည်ကို သွားကြည့်လိုကြောင်း ဖေါ်ပြ ပြောဆိုခဲ့ကြသည်။ ဤကိစ္စ သည် အမေရိကန် အစိုးရဖေါ်ပြသော အတုံ့အပြန် ချစ်ကြည်ရေး အရိပ်လက္ခဏာ တရပ်အဖြစ် မြင်နေပုံရပါသည်။ နိုင်ငံခြား ရေး ဝန်ကြီးက အစိုးရပိုင်း ပုဂ္ဂိုလ်များ အချင်းချင်း တွေ့ဆုံ ဆွေးနွေးရေးကို တောင်းဆို လိုကြောင်း အရိပ်လက္ခဏာများကို ကျွန်ုပ်တို့ မတွေ့ရပါ။ မကြာမီက ဒေါ်အောင်ဆန်းစုကြည် အမှု စီရင်ချက်၏ ဂယက်ရိုက်ခတ်မှုများနှင့် (၂ဝဝ၇) စက်တင်ဘာ နှစ်ပတ်လည် ဖြစ်ရပ်များ၏ အဓိပ္ပာယ် လေးနက်မှုကို ကျွန်ုပ်တို့ သိရှိပါသည်။ သို့ရာတွင် Post နေထိုင်မည့် ကာလ၊ သို့မဟုတ် ဆက်ဆံမှု တို့နှင့် ဆိုင်သော ကြိုတင်စည်းကမ်း ကန့်သတ်ချက်များ ချမှတ်သည့်တိုင် ဝါရှင်တန်သို့ သွားရောက် လည်ပတ်ခွင့်ကို အကြီးအကျယ် ထောက်ခံခဲ့သည်။
ဦးသောင်းနှင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းများကို ရှာသင့်သည်။
---------
၁၁။ (S) ဦးသောင်းနှင့် ပွဲဦးထွက် တွေ့ဆုံရေးအစီအစဉ်ချမှတ်ရေး၊ သူ၏ အခန်းကဏ္ဍ၊ သူ၏ အခွင့် အာဏာ တို့ကို စုံစမ်း လေ့လာရေး၊ ထိပ်တန်း ဗိုလ်ချုပ်များနှင့် သူ တွေ့ဆုံနိုင်မည့် အဆင့်တို့ကို သိရှိရေး အတွက် မကြာမီမှာ သူနှင့်တွေ့ဆုံ ဆွေးနွေး မည့် နည်းလမ်းများ ရှာသင့်ပါသည်။ သူ့ကို ယာယီတာဝန်ခံ (Charge) အဆင့်မှာ ထားလျက် ဝါရှင်တန် အခြေစိုက် အစိုးရပိုင်း ပုဂ္ဂိုလ်တဦး နှင့် (DAS အဆင့်မှာ ဖြစ်ကောင်းဖြစ်မည်) တတိယနိုင်ငံ တနိုင်ငံမှာ ပွဲဦးထွက် တွေ့ဆုံပြီးနောက် သင့်တော်သော အဆင့်တဆင့်သို့ တက်လှမ်း သင့်သည်။ ဦးသောင်းကို ပြောကြားရာ၌ ဝန်ကြီးချုပ်တင်ပြသော မြောက်ကိုရီးယား ပြဿနာ၊ စစ်သုံ့ပန်းနှင့် စစ်အတွင်း ပျောက်ဆုံးသူများ (POW/ MIA) ရုပ်ကြွင်းများ ရှာဖွေရေး ကဲ့သို့ ကိစ္စများ၌ အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်ဖက်စလုံး အနိုင်-အနိုင်ဟု ယူဆရသော ကိစ္စများ ရှာဖွေဖော်ထုတ်ရေး အပါအဝင် ပြဿနာများကို ဖူးခက် (Phuket) ဆွေးနွေးပွဲများမှာ ဆွေးနွေးပြီး နောက် ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာ သတ်မှတ်ရေးတွင် အမေရိကန်၏ ထောက်ခံမှုကို ထပ်လောင်း ပြော ကြားသင့်သည်။
စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်စေရေး တိုက်တွန်းသင့်သည်။
-----------------
၁၂။ (S) ဒေါ်အောင်ဆန်းစုကြည်မှာ ယခင်ထက်ပို၍ ရှင်းရှင်းလင်းလင်း မြင်ထားပုံမရချေ။ သူ၏ ထိပ်တန်း ဦးစားပေး လုပ်ငန်း သည် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မပါဘဲ စစ်အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးမှုများ စတင်ရန်ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ ခိုင်မာ ပြတ်သားမှုလည်းရှိ ပျော့ပြောင်းမှုလည်း ရှိသော ရပ်တည်ချက်ကိုလည်း ကောင်း၊ ဒဏ်ခတ်မှုများ (ရည်ညွှန်းချက် ဃ) အပါအဝင် ကိစ္စရပ်များတွင် စစ်အစိုးရနှင့် ဘုံရပ်တည်ချက် ပူးပေါင်းရှာလို သော ဆန္ဒကိုလည်းကောင်း အလေးထား ဖော်ပြခဲ့သည်။ -------။ ကျွန်ုပ်တို့က ဤအချက်များနှင့် ပတ်သက်၍ အကြံပြုစာ တစောင်ကို အောင်ကြည်ထံ ယာယီ တာဝန်ခံမှ နေ၍ ပေးပို့ခဲ့သည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့် ညှိနှိုင်းကာ သူ၏ ရပ် တည်ချက်ကို ကမ္ဘာက ရှင်းရှင်း လင်းလင်း သိစေရန်နှင့် သူသည် တင်းမာပြီး အလျှော့ပေးခြင်း မရှိဟူသော စစ်အစိုးရ၏ အာဘော်ကိုလည်း ချေဖျက်ရန် သူ့ပြောစကား အချို့ကို အများသိအောင် ထုတ်ဖော်ပေးသင့်သည်။ အပြင်မှ မြန်မာနိုင်ငံ လာရောက်သူများ တိုင်းပြည် အခြေအနေကို မျှမျှတတ မြင်တတ်အောင် ကြိုးစားနေသရွေ့ ထိုသူတို့ အလည်အပတ် လာသည်ကို သူက ထောက်ခံ အားပေးကြောင်း၊ စစ်အစိုးရနှင့် တွေ့ဆုံသည်ကိုပင် ထောက်ခံ အားပေးကြောင်းကိုလည်း အများသိအောင် ဆောင်ရွက် ပေးသင့်ပါသည်။
အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခြင်း
---------------
၁၃။ (S) ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ချုပ်ကာလသည် ဥပဒေအရဆိုလျှင် သိပ်မကျန်တော့ချေ။ သို့ရာတွင် လက်တွေ့မှာ မည်သို့ ဖြစ်လာမည် မသေချာချေ။ ကျွန်ုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို (အခြားသော နိုင်ငံရေး အကျဉ်းသား များနှင့်အတူ) လွှတ်ပေးရန် တလျှောက်လုံး တောင်းဆိုလာခဲ့ရာ လောလောဆယ်မှာ သူ့ကို သူ့ပါတီဝင်များ၊ အပြင်မှ အလည်အပတ် လာရောက်သူများနှင့် တွေ့ဆုံခွင့် ပေးရန်လည်း စစ်အစိုးရကို တိုက်တွန်း သင့်ပါသည်။ ဆီးနိတ် အမတ် ဝက်ဘ်နှင့် တွေ့ဆုံသော အခါများ၌ သူသည် သူ့ လွတ်မြောက်ရေး ကိစ္စကို ပြောဆိုခဲ့ဖူးခြင်း မရှိချေ။ သို့ရာတွင် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီ ရပ်တည်ချက်အကြောင်း ဆွေးနွေးမှုများ အပါအဝင် NLD နှင့် ဆွေးနွေးမှုများ လုပ်ရန် လိုအပ်ကြောင်း အလေးထား ပြောခဲ့သည်။ သူ့အရိပ်အကဲကို ကြည့်ကာ သူ့ကို ဧည်သည့်များ နှင့် ပုံမှန်ဆိုသလို အနှောင့်အယှက် ကင်းစွာ တွေ့ခွင့်ပေးရန် စစ်အစိုးရကို တိုက်တွန်း သင့်ပါသည်။ တကယ်တမ်း စစ်အစိုးရ ဘက်က သူ့ကို အိမ်ချုပ်ချထားရာ၌ သတ်မှတ်ထားသော ချုပ်ချယ်မှုများကို လျှော့ပေးပြီး သူနှင့် အဓိပ္ပာယ်ရှိ သော ဆွေးနွေးပွဲ လုပ်မည်ဆိုလျှင် ကျွန်ုပ်တို့ဘက်က မည်သို့ တုံ့ပြန် သင့်သည်ကိုလည်း စဉ်းစားသင့်ပါသည်။ အလုပ် အမှုဆောင် အဖွဲ့ဝင်များက ပင်လျှင် ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ကျနေစဉ်မှာ စစ်အစိုးရနှင့် ဆွေးနွေးပွဲ ဖြစ်မြောက်ပြီး တိုးတက်မှုများ ရလာနိုင်ဖွယ်ရှိသည် ဆိုနေကြသည်။
၁၄။ (S) ဆီးနိတ်အမတ်ဝက်ဘ်၏ အလည်အပတ်ခရီးအပြီး နောက်ဆက်တွဲအနေနှင့် သံရုံးအဆင့်က ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားကာ NLD နှင့် စစ်အစိုးရတို့ ကြိတ်ဝိုင်း ဆွေးနွေးပွဲကို တိုးတက်လာအောင် အမေရိကန် ဘက်က အကောင်းဆုံး ဆောင်ရွက် ပေးနိုင်မည့် နည်းလမ်းကို စုံစမ်း မေးမြန်းသင့်ပါသည်။ အကယ်၍ ကျွန်ုပ်တို့ ကြိုးပမ်း မှု အောင်မြင်ပါက ဝါရှင်တန် အခြေစိုက် အစိုးရပိုင်း ပုဂ္ဂိုလ်တဦးကို သွားရောက်တွေ့ဆုံရန် ဖြစ်နိုင်ပါလိမ့်မည်။ Post ဆီသို့ ပုံမှန်သွား ရောက်နေကျ အတိုင်း သွားရင်းလည်း တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ အခြား သံတမန် အဖွဲ့များကလည်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းရန် စဉ်းစားကာ ကျွန်ုပ်တို့နှင့် ညှိနှိုင်းလျက် ရှိပါသည်။
ကျွန်ုပ်တို့ လက်တွေ့ ကျရမည်၊ ဆွေးနွေးပွဲ ဆက်လုပ်နေရမည်။
--------------------
၁၅။ (S) ဆီးနိတ်အမတ် ဝက်ဘ်နှင့် တွေ့ဆုံဆွေးနွေးမှု တလျှောက်လုံးမှာ အောင်ဆန်းစုကြည်က "ကျမတို့မှာ ရည်မှန်းချက်တွေ အတိအကျ ရှိပါတယ်။ လိုအင်ဆန္ဒတွေလဲ အတိအကျ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့က လက်တွေ့လုပ်သူတွေ ဖြစ်ပါတယ်။ ကျမတို့ ဖြေရှင်းနည်း တခုကို လိုချင်ပါတယ်" ဟု သူ၏ လက်တွေ့လုပ်လိုသော စိတ်ဓာတ်ကို အလေးထား ပြောကြားခဲ့သည်။ စစ်အစိုးရနှင့် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မပါဘဲ ဆွေးနွေးလိုသည် ဟုလည်း သူက အလေးထား ပြောကြားခဲ့ပါသည်။ ၂ဝဝ၇ အတွင်းက အောင်ကြည်ကို "ဆွေးနွေးပွဲကို ရပ်မပစ်ပါဘူးလို့ သဘောတူထား ကြရအောင်၊ ဆွေးနွေးရာမှာတော့ တဆင့်ပြီး တဆင့် ဆွေးနွေး သွားကြပါစို့" ဟု ပြောခဲ့ကြောင်း ဆီးနိတ် အမတ်ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့သည်။ ကျွန်ုပ်တို့၏ အမြင်အရ ဆိုလျှင် အမေရိကန် အစိုးရအနေ နှင့် ပြဿနာများကို တဆင့်ပြီးတဆင့် ရှင်းသွားရင်း ဆွေးနွေးပွဲများ ဆက်လုပ်သွားကာ ဤရည်မှန်းချက် ပေါက်မြောက် အောင် ကြိုးပမ်း သွားသင့်ပါသည်။ စစ်အစိုးရ၏ ယခု ကမ်းလှမ်းချက်များကို တုံ့ပြန်ခြင်းဖြင့် ဤလုပ်ငန်းကို စနိုင်မည်ဟု ကျွန်ုပ်တို့ မြင်ပါသည်။
VAJDA
Ref: မဇ္ဈိမ
ဒဏ်ခတ်ပိတ်ဆို့မှုကို စစ်အစိုးရဝေဖန်ဟု အမေရိကန် ကြေးနန်းပြော
| Reference ID | Created | Released | Classification | Origin |
| 09RANGOON536 | 2009-08-17 11:11 | 2010-12-12 21:09 | SECRET | Embassy Rangoon |
VZCZCXRO4173
OO RUEHCHI RUEHDT RUEHHM RUEHNH RUEHTRO
DE RUEHGO #0536/01 2291149
ZNY SSSSS ZZH
O 171149Z AUG 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9360
INFO RHEHNSC/NSC WASHDC IMMEDIATE
RUCNASE/ASEAN MEMBER COLLECTIVE
RUEHGG/UN SECURITY COUNCIL COLLECTIVE
RUEHBY/AMEMBASSY CANBERRA 2233
RUEHNE/AMEMBASSY NEW DELHI 5697
RUEHUL/AMEMBASSY SEOUL 9299
RUEHKO/AMEMBASSY TOKYO 6880
RUEHCHI/AMCONSUL CHIANG MAI 2291
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 2671
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
S E C R E T SECTION 01 OF 04 RANGOON 000536
SENSITIVE
SIPDIS
DEPT FOR EAP/MLS, DRL, AND IO
PACOM FOR FPA
E.O. 12958: DECL: 08/16/2019
TAGS: PGOV PREL PHUM BM
SUBJECT: BURMA: SENATOR WEBB'S MEETING WITH PRIME MINISTER THEIN SEIN
RANGOON 00000536 001.2 OF 004
Classified By: P/E Chief Jennifer Harhigh for Reasons 1.4 (b) & (d)
အကြောင်းအရာ။ ။ အထက်လွှတ်တော်အမတ် ဝက်ဘ် နှင့် ဝန်ကြီးချုပ်သိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှု
လျှို့ဝှက် မှတ်တမ်းဖြည့်သွင်းသူ။ ။ နိုင်ငံရေး-စီးပွားရေး ဌာန အကြီးအကဲ ဂျင်နီဖာ ဟားဟိုက် (Jennifer Harhigh) အကြောင်းပြချက် 1.4 (b) & (d)
အကျဉ်းချုပ်
-------
၁။ (S) သြဂုတ်လ ၁၄ ရက် ဝန်ကြီးချုပ် သိန်းစိန်နှင့် တနာရီကြာ အစည်းအဝေးအတွင်း ဆီနိတ်တာ ဝက်ဘ်က ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့်ရရန် မေတ္တာ ရပ်ခံခဲ့ပြီး ကမ္ဘာ့ မျက်နှာစာတွင် မြန်မာနိုင်ငံ ရပ်တည်ချက်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အပြုသဘော သက်ရောက်စေရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးရန်ပါ တောင်းဆိုခဲ့သည်။ ထိန်းသိမ်း ခံထားရသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကိုလည်း ပြန်လွှတ်ပေး၍ နေရပ်ရင်းသို့ ပြန်ခွင့်ပြုရန် ဆီနိတ်တာက တောင်းဆိုခဲ့သည်။ စစ်အစိုးရ၏ လက်သုံး စကားအတိုင်း ဝန်ကြီးချုပ်က ပြစ်ဒဏ် ခတ်ပိတ်ဆို့မှုများက စီးပွားရေးကို အထိနာစေပြီး ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် အနှောက်အယှက် ဖြစ်စေကြောင်း နှင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး အားလုံး ပါဝင်နိုင်သော လုပ်ငန်းစဉ်တခု ဖြစ်ရစေမည်ဟု ကတိပြုကာ စစ်အစိုးရ၏ လမ်းပြမြေပုံကိုသာ ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ကို လိုလားကြောင်း၊ ဝါရှင်တန်နှင့် တိုက်ရိုက် ဆက်သွယ်မှု ကိုလည်း လိုလားကြောင်း ဝန်ကြီးချုပ်က တိတိကျကျ ပြောဆို ခဲ့သည်။ မြန်မာအစိုးရနှင့် တိုက်ရိုက် ဆက်သွယ်စရာလူ အဖြစ် ယခင် အမေရိကန် သံအမတ်ဟောင်း ယခုသိပ္ပံနှင့် နည်း ပညာဝန်ကြီး ဦးသောင်းကို တာဝန်ခံအဖြစ် ခန့်ထားကြောင်း စစ်အစိုးရက ပြောဆိုခဲ့သည်။ အစည်း အဝေး အနေအထားသည် အပြုသဘော ဆောင်၍ နွေးထွေးမှုရှိသည်။ အကယ်၍ ကိစ္စအချို့ကို ဖြေရှင်းပြီးပါက နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်၍ အကျိုး ဖြစ်ထွန်းလာမည်ဟု ဆီနိတ်တာ ဝက်ဘ်နှင့် ဝန်ကြီးချုပ် သိန်းစိန်တို့က ဖော်ပြပြောဆို ခဲ့ကြသည်။ (အကျဉ်းချုပ်ပြီး)
အစည်းအဝေးတက်ရောက်သူများ
-------------
၂။ (S) သြဂုတ်လ ၁၄ ရက် မြန်မာနိုင်ငံ နေပြည်တော်ရှိ အစိုးရဧည့်ဂေဟာတွင် ပြုလုပ်သော Codel Webb နှင့် ဝန်ကြီးချုပ် သိန်းစိန်၊ အခြား အစိုးရ ဝန်ကြီးများ တွေ့ဆုံသော အစည်းအဝေး တက်ရောက်သူများမှာ
ဆီနိတ်တာ ဂျင်ဝက်ဘ်
အထက်လွှတ်တော် အကြီးတန်း ဝန်ထမ်း မာသာ မက်လီလန်ရို့စ်
သံရုံးယာယီတာဝန်ခံ လယ်ရီဒင်းဂါး
DATT ဗိုလ်မှူးကြီး ဘရီ စလုန်း
နိုင်ငံရေး၊ စီးပွားရေး အရာရှိချုပ် ဂျင်နီဖာ ဟာဟိုက်
မြန်မာနိုင်ငံမှ
ဗိုလ်ချုပ်ကြီးသိန်းစိန်-ဝန်ကြီးချုပ်
ဦးသောင်း - သိပံ္ပနှင့် နည်းပညာဝန်ကြီး
ဦးဉာဏ်ဝင်း - နိုင်ငံခြားရေး ဝန်ကြီး
ဗိုလ်မှူးချုပ်ကျော်ဆန်း - ပြန်ကြားရေးဝန်ကြီး
ဗိုလ်မှူးချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှုဝန်ကြီး
ဗိုလ်မှူးကြီး သူရိန်ဇော်- အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး
ဗိုလ်မှူးကြီး သန့်ရှင်း- ဝန်ကြီးချုပ်ရုံး အရာရှိချုပ်
ဦးကျော်ကျော် - ညွှန်ကြားရေးမှူးချုပ်၊ စီမံခန့်ခွဲရေးဌာန (Protocol Department)၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ဦးရဲလွင် (မှတ်တမ်းလိုက်သူ)
အလည်အပတ် ခရီးစဉ်.. နိုင်ငံတော် အကြီးအကဲနှင့် တွေ့ဆုံခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန် လာနိုင်သည်။
--------------------------------------------- -----------
၃။ (S) ဝန်ကြီးချုပ် သိန်းစိန်က သူ့အနေနှင့် ဆီနိတ်တာ၏ အောင်မြင်မှုများအပေါ် အလွန် ဂုဏ်ယူပါကြောင်း ပြောဆိုကာ ဆီနိတ်တာ ဝက်ဘ်ကို နွေးထွေးစွာ နှုတ်ခွန်း ဆက်ခဲ့သည်။ ဆီနိတ်တာ၏ ခရီးစဉ်ကို အလွန် အရေးကြီးသော ခရီးစဉ် အဖြစ် မြန်မာ အစိုးရက မြင်ပါကြောင်းနှင့် နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခြင်းမှ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန် လာစေမည်ဟု မှတ်ယူပါကြောင်း ၎င်းက ပြောဆိုခဲ့သည်။ အမေရိကန် အစိုးရနှင့် မြန်မာ အစိုးရ အကြား မတူညီမှုများ ရှိသော်လည်း မှန်ကန်သော အခြေအနေများ အောက်တွင် ရှေ့ဆက် လျှောက်နိုင်မည့် လမ်းသစ်တခု ရှိနိုင်ကြောင်း ဆီနိတ်တာ ဝက်ဘ်က ပြန်လည် ပြောကြားခဲ့သည်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ဖြစ်လာ လိမ့်မည်ဟုလည်း သူ မျှော်လင့်ကြောင်း ပြောဆိုသည်။
ရှေ့တလှမ်းတိုး၍ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေ ခြင်းအပေါ် ဆီနိတ်တာဝက်ဘ်က မြန်မာ အစိုးရကို ချီးကျူးခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေများ အကောင်အထည်ဖေါ်ခြင်း သည် ပြင်ပကမ္ဘာ အတွက် အရေးကြီးသော လက္ခဏာ တရပ်ဖြစ်သည်။ ၎င်းလုပ်ငန်း နယ်ပယ်များတွင် တိုးတက်မှု၊ အခြား ကိစ္စရပ်များတွင် အဖြေရှာမှုများနှင့် အတူ တွေ့ဆုံဆွေးနွေးမှု အသစ်တခု ဖေါ်ဆောင် နိုင်လာလိမ့်မည်။ မြန်မာနိုင်ငံ သည် စိန်ခေါ်ချက်များကို ရင်ဆိုင် နေရကြောင်း နှင့် တိုင်းရင်းသား များစွာရှိသော မြန်မာနိုင်ငံ၏ တည်ငြိမ်မှုသည် ရှုပ်ထွေး နက်နဲသော ကိစ္စဟု သူနားလည်ကြောင်း ဆီနိတ်တာက ပြောဆိုခဲ့သည်။ ဆီနိတ်တာက သူသည် မြန်မာနိုင်ငံ အပေါ် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှု အတွက် ချဉ်းကပ်မှု အသစ်တခု လိုအပ်သည်ဟု ပြောဆို ရေးသားခဲ့ကြောင်းနှင့် လွန်ခဲ့သော လများအတွင်း ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များကြောင့် အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့ရေး မူဝါဒကို ပြောင်းလဲရန် ခက်ခဲ သွားကြောင်းလည်း ပြောဆိုခဲ့သည်။
ဆီနိတ်တာက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မေတ္တာရပ်ခံခြင်း၊ သူ့ကို ဖမ်းဆီးထားမှု အပေါ် မေးမြန်းခြင်း
--------------------------------------------- ---------
၎။ (C) အမေရိကန်နိုင်ငံအတွက် အရေးကြီးသော လက္ခဏာတခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ကို တွေ့ဆုံခွင့် ပေးရန် ဆီနိတ်တာ ဝက်ဘ်က ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့သည်။ မည်သည့် အတွက်ကြောင့် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဆက်ထားရန် လိုသနည်းဟု ဆီနိတ်တာက ဝန်ကြီးချုပ်ကို မေးခွန်း ထုတ်ခဲ့ပြီး မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆက်ဆံမှုအပေါ် မူတည်၍ ကမ္ဘာ့ နိုင်ငံများစုက မြန်မာ အစိုးရ အပေါ် သဘောထား ချမှတ် ကြသည်ဟုလည်း သူက ဖြည့်စွက် ပြောဆိုခဲ့သည်။
၅။ (C) ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော တရားခွင် ပြီးဆုံးသွားပြီးဖြစ်ကြောင်း စီရင်ချက် ကိုလည်း ဥပဒေနှင့် အညီ ချမှတ် ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ ကိစ္စသည် ပြည်တွင်း ရေးသက်သက်သာ ဖြစ်သည်။ သူ့ကို အနိမ့်ဆုံးပြစ်ဒဏ် ၃ နှစ်သာ ချမှတ်ထားသည်။ (နအဖ) က ယင်းပြစ်ဒဏ်ကို လျှော့ချ ပေးထားပြီး သူ့အနေဖြင့် နေအိမ်တွင် ကျန်ရှိသော ၁၈ လကို ကျခံရမည် ဖြစ်သည်။ အကယ်၍ ချမှတ်ထားသည့် စည်းမျဉ်းကို လိုက်နာပါက ပြစ်ဒဏ်ကို နောက်ထပ် လျှော့ချ ပေးမည်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ ဇူလိုင် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခဲ့သည်မှာ သူလာစဉ်က တရားခွင် အပြီး မသတ်သေးသောကြောင့် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။ ယခုအချိန်တွင် အခြေအနေ မတူတော့သောကြောင့် မြန်မာ အစိုးရက ဆီနိတ်တာ၏ မေတ္တာ ရပ်ခံချက်ကို လိုက်လျော ခွင့်ပြုခဲ့သည်။ ဝက်ဘ်က သူ့အနေနှင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ လမ်းသစ်တခု ရှာဖွေရန် စိတ် ဝင်စားကြောင်းနှင့် အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနှင့် ကင်းဝေးစွာ ထားပါက ရွေးကောက်ပွဲကို "ပွင့်လင်းသော" ရွေးကောက်ပွဲအဖြစ် ကမ္ဘာမှ လက်ခံရန် ခက်ခဲသည်ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။
ထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားကို ပြန်ပို့ရန် အားထုတ်ခြင်း
-----------------------------------
၆။ (C) ချစ်ကြည်ရေးလုပ်ရပ်အနေနှင့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ပြန်လွှတ်ပေးရန် နှင့် နေရပ်ရင်း ပြန်ပို့ရန် ဆီနိတ်တာ ဝက်ဘ်က တောင်းဆိုခဲ့သည်။ ယက်တော၏ လုပ်ရပ်အပေါ် သူ့အနေနှင့် မကာကွယ်ကြောင်း၊ သို့သော် ၎င်းအမေရိကန် နိုင်ငံသား၏ ဆိုးဝါးနေသော ကျန်းမာရေးကို အလေးအနက် ပြုပေးရန် ဆီနိတ်တာက ပြောဆိုခဲ့သည်။ ယက်တောသည် ၎င်းကျူးလွန်ခဲ့သော ပြစ်မှုအတိုင်း အပြစ်ပေး ခံထားရသည်ဟု ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့သည်။ ယင်းကဲ့သို့ ပြစ်မှုများကို အစိုးရ လုပ်ထုံး လုပ်နည်းများ အတိုင်း လုပ်ကိုင်ကြောင်း၊ သို့သော် အစိုးရ အနေဖြင့် မေတ္တာရပ်ခံချက် အပေါ် သေချာစွာ စဉ်းစားပေးမည်ဟု ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။
မြန်မာအစိုးရက ပိုမိုကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးရရှိရန် အားထုတ်ခြင်း
--------------------------------------
၇။ (C) နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို လွတ်လပ်ရေး မရခင် ၁၉၄၇ မှပင် စတင် တည်ဆောက်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ ဒုတိယ သမ္မတ နစ်ဆင်သည် ၁၉၅၈ တွင် လာလည်ခဲ့ပြီး ၁၉၈၅ တွင် နောက်တကြိမ် လာခဲ့သည်။ ၁၉၆၆ တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဝါရှင်တန်သို့ တရားဝင် သွားရောက် လည်ပတ်ခဲ့သည်။ ဆီနိတ်တာများ ဖြစ်သော မက္ကိန်း နှင့် ကယ်ရီတို့လည်း လာရောက် လည်ပတ် ခဲ့ဖူးသည်။ မြန်မာနိုင်ငံသည် ၁၉၈၈ မတိုင်ခင်က အမေရိကန် နိုင်ငံထံမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရေး၊ ဘိန်းတိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လူသား အရင်းအမြစ် အကူအညီများ ရရှိခဲ့သည်။ နာဂစ်မုန်တိုင်း တိုက်အပြီး အမေရိကန် နိုင်ငံက အရေးပေါ် အကူအညီများ ရက်ရက်ရောရော ထောက်ပံ့ ပေးခဲ့သည့် အတွက် မြန်မာနိုင်ငံက ကျေးဇူး တင်ရပါသည်။ မြန်မာ အစိုးရသည် ဒုတိယ ကမ္ဘာစစ် အတွင်းက ကျန်ရစ်ခဲ့သော အမေရိကန် ရုပ်ကြွင်းများကို ကြိုးစားရှာဖွေ၍ ပြန်လည် ပို့ဆောင်ပေးနေသည်။
၈။ (S) မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေခြင်းကို ယုံကြည်ကြောင်း အပြုသဘော ဆက်ဆံရေး ရရှိရန်အတွက် အားထုတ်ကြောင်း နှင့် နိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးရရှိရန်လည်း အားထုတ်ကြိုးပမ်းနေကြောင်း သိန်းစိန်က ပြောဆိုခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ယခင်အမေရိကန်ဆိုင်ရာ သံအမတ်ဟောင်း၊ ယခု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း (အစည်းအဝေးပါဝင်သူ) ကို ဝါရှင်တန်နှင့် ဆက်ဆံရေး တာဝန်ခံ အဖြစ် ရွေးချယ်ထား ကြောင်း သူက ဆက်လက် ပြောဆိုသည်။ အမေရိကန် နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေးအလွန် ကောင်း မွန်သော နိုင်ငံနှစ်ခု ဖြစ်ခဲ့ကြောင်း၊ မြန်မာ အစိုးရသည် တိုက်ရိုက် ဆက်သွယ်မှုနှင့် တွေ့ဆုံ ဆွေးနွေးမှုကို လိုလားကြောင်း ဝန်ကြီးချုပ်က ထုတ်ဖေါ် ပြောဆိုခဲ့သည်။
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အထူးကိုယ်စားလှယ် ဂန်ဘာရီတို့၏ အား ထုတ်မှုများသည် တိုက်ရိုက် ဆက်သွယ်မှု မဟုတ်ကြောင်း "အမေရိကန် အစိုးရသို့ ကျေးဇူးပြု၍ ပြောပေးပါ" မြန်မာ အစိုးရက အမေရိကန် အစိုးရနှင့် တိုက်ရိုက် ဆံဆက်ဆံရေး ကိုသာ လိုလားကြောင်း ဝန်ကြီးချုပ်က ဆီနိတ်တာ ဝက်ဘ်ကို အကြံပြု ခဲ့သည်။ (မှတ်ချက်။ သီးခြား တွေ့ဆုံမှုတွင် နိုင်ငံခြားရေးရုံး စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က ဦးသောင်းသည် ဝါရှင်တန်နှင့် တိုက်ရိုက် စကားပြောဆိုရေး အတွက် အဆင်သင့် ရှိနေကြောင်း သံရုံး ယာယီ တာဝန်ခံကို ပြောဆိုခဲ့သည်။ မှတ်ချက်ပြီး) မြို့တော် နှစ်ခုလုံးတွင် နှစ်နိုင်ငံလုံးက သံအမတ်အဆင့် ကိုယ်စားလှယ်များ တိုးမြှင့် ထားရန် ဝန်ကြီးချုပ်က အကြံပြုတင်ပြ ထားသည်။
တည်ငြိမ်ရေး၊ လုံခြုံရေးအပေါ် စစ်အစိုးရအမြင်
------------------------------------------
၉။ (C) ဝန်ကြီးချုပ်က စကား အခြေအတင် ငြင်းခုံပြောဆိုခြင်းကို ရှောင်ရှားသည်။ သို့သော် စစ်အစိုးရ၏ သုံးနေကျ စကားများ အတိုင်း မြန်မာနိုင်ငံ၏ မတူကွဲပြားသော တိုင်းရင်းသား နောက်ခံနှင့် တည်ငြိမ်မှုနှင့် လုံခြုံရေး အတွက် လိုအပ်ချက်များ ကိုသာ ထပ်ခါထပ်ခါ ပြောဆိုခဲ့သည်။ စစ်အစိုးရသည် ပြည်သူလူထုကို ဒီမိုကရေစီ ကျင့်စဉ်များနှင့် ပတ်သက်၍ ပညာပေး နေပြီး ပြဿနာ များကိုလည်း အကောင်းဆုံး ဖြစ်အောင် ဖြေရှင်း ပေးနေသည်ဟု ဆိုသည်။ အစိုးရ အနေဖြင့် လူတဦး (ဝါ) အဖွဲ့တဖွဲ့တည်း အပေါ်သာ အာရုံစိုက်၍ မရဘဲ အားလုံး ပါဝင်လာအောင် ဆောင်ရွက်ရမည်။ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ စသဖြင့် အရာ အားလုံးသည် ချိတ်ဆက်နေသည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းမှု မြန်မာနိုင်ငံတွင် ရှိရမည်ဟု ဝန်ကြီးချုပ်က အလေးအနက် ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်က ရင်းနှီးမြုပ်နှံမှုများလာရောက်ရန် တောင်းဆိုခြင်း၊ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုကို ဝေဖန်ခြင်း
---------------------------------------------
၁ဝ။ (C) စီးပွားရေးနှင့် ပတ်သက်၍ ကမ္ဘာအဝှမ်း ဘဏ္ဍာရေးအကျပ်အတည်းနှင့် ပြစ်ဒဏ်ခတ် ပိတ်ဆို့ မှုများက မြန်မာ့ စီးပွားရေး အပေါ် သက်ရောက်မှု ရှိကြောင်း ဝန်ကြီးချုပ်က မှတ်ချက်ချ ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံ တိုင်းပြည်တခု ဖြစ်၍ လူထုကို ကျွေးမွေးရန် ဆန်စပါး အလုံအလောက် ထုတ်လုပ်ကာ ပိုသည့် ကုန်ပမာဏကို နိုင်ငံခြားသို့ တင်ပို့သည်။ သို့သော် အစားအစာ လုံခြုံမှု သာမက မြန်မာနိုင်ငံသည် စက်မှု ဖွံ့ဖြိုးမှုရှိရန် လိုအပ်သည်။ တိုင်းပြည်တွင် သံယဇာတများ ရှိကြောင်း သို့သော် ပြင်ပ ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာ အကူအညီ လိုအပ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ အနောက်နိုင်ငံ၏ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများသည် ဆင်းရဲမွဲတေမှုကို ပိုဖြစ်စေကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဟန့်အတား ဖြစ်စေသည့် အပြင် အနောက်နိုင်ငံများ အပေါ် အမုန်းပွားမှုကိုသာ ဖြစ်ပေါ်စေသည်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုသည် နိုင်ငံရေးအရ တည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည် စေသည်ဟု ဆိုသည်။
ရွေးကောက်ပွဲသည် လွတ်လပ်သော၊ တရားမျှတသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်မည်။
---------------------------------------
၁၁။ (C) အီရတ်နှင့် အာဖဂန်တိုင်းပြည်များကပေးသော သင်ခန်းစာဖြစ်သည့် " ဒီမိုကရေစီကို အလျင် အမြန် မဖေါ်ဆောင်နှင့်" သင်ခန်းစာကို မြန်မာနိုင်ငံက လေ့လာထားပြီး ဖြစ်ကြောင်း ပြောဆိုကာ စစ်အစိုးရ၏ "ဒီမိုကရေစီ လမ်းပြမြေပုံ"ကို ဝန်ကြီးချုပ်က ရှင်းပြခဲ့သည်။ အခြေခံဥပဒေကို လူထု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက လက်ခံ အတည်ပြု ထားပြီး ဖြစ်သည်။ ၂ဝ၁ဝ တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်သော၊ တရားမျှတသော၊ အားလုံး ပါဝင်နိုင် သော ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဝန်ကြီးချုပ်က အကြောက် အကန် ပြောဆိုခဲ့သည်။ နိုင်ငံရေး ပါတီဥပဒေနှင့် ရွေးကောက် ပွဲဥပဒေများ မကြာခင် ထွက်လာလိမ့်မည်။ "သတ်မှတ်ချက်နှင့် လျော်ညီသော" ပါတီများအားလုံး ဝင်ရောက် ယှဉ်ပြိုင်ကြ မည် ဖြစ်သည်။ ဝန်ကြီးချုပ်က ဆီနိတ်တာ ဝက်ဘ်အား နောက်တခါ ပြန်လာ လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး သမ္မတကြီး အိုဘားမားထံသို့လည်း ဆုမွန်ကောင်း တောင်းလိုက်ကြောင်း ပြောဆိုခဲ့သည်။
ဆီနိတ်တာဝက်ဘ်။ အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံတွဲဖက်အလုပ်လုပ်ကိုင်နိုင်သည်။
--------------------------------------------- --
၁၂။ (C) အိုဘားမားအစိုးရသည် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြန်လည်သုံးသပ် နေကြောင်းနှင့် နိုင်ငံခြားရေး ဝန်ကြီး ဆီနိတ်တာ ကလင်တန်၊ အိုဘားမားနှင့် မြန်မာ့အရေးနှင့် ပတ်သက်၍ သူ ဆွေးနွေးမှုများစွာ လုပ်ခဲ့ကြောင်း ဆီနိတ်တာ ဝက်ဘ်က တုံ့ပြန် ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသို့ သူ ယခု လာရောက်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှုကို မတူညီသော လမ်းကြောင်းပေါ်သို့ ကူညီ ပြောင်းလဲပေးရန် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အချို့ ကိစ္စရပ်များကို ဖြေရှင်း ပြီးသည်နှင့် အမေရိကန်နှင့် မြန်မာနိုင်ငံသည် မိတ်ဆွေ ပြန်ဖြစ်ရမည့် အခြေအနေများ ရှိပြီးသား ဖြစ်သည်။ နှစ်နိုင်ငံ စလုံးသည် အင်္ဂလိပ် ကိုလိုနီဖြစ်ခဲ့ပြီး တိုင်းရင်းသား များစွာရှိသည်။ မတူ ကွဲပြားမှုသည် စိန်ခေါ်ချက်တခု ဖြစ်သလို ခွန်အား တခုလည်း ဖြစ်သည်။ ၁၉၄၇ ကတည်းက စ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေကို သူသိရှိကြောင်း တရုတ်နိုင်ငံဘက်က နှစ်ကြာရှည်စွာ ရှုပ်ထွေးမှုများ ရှိခဲ့သည်ကိုလည်း သူသိရှိသည်ဟု ဆီနိတ်တာက ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် အတူတကွ တွဲဖက် လုပ်ကိုင်ကြောင်းနှင့် အမေရိကန် အနေဖြင့်လည်း ဒေသအတွင်း ချိန်ခွင်လျှာကို ထိန်းပေးနိုင်ကြောင်း ဆိုသည်။
၁၃။ (C) တိုင်းပြည်တပြည်သည် ဒီမိုကရေစီထွန်းကားစေရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု လိုသည် ဆိုသော ဝန်ကြီးချုပ်၏ ဆိုလိုရင်းကို ဆီနိတ်တာက အသိအမှတ်ပြု လက်ခံခဲ့သည်။ သူ့အနေဖြင့် အစိုးရနှင့် အမေရိကန် အခြေစိုက် ဗီယက်နမ်များ အကြား ပေါင်းကူးတံတား အဖြစ် သူထမ်းဆောင် ပေးခဲ့ရသည်များကို ဆီနိတ်တာက ရည်ညွန်း ပြောဆိုခဲ့သည်။ သူ့၏ ၂ဝ၁ဝ အလွတ်သဘော မြန်မာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံနှစ်ခုကို နှိုင်းယှဉ် လေ့လာခဲ့သည်။ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် သူနှင့် နီးစပ်သော မိတ်ဆွေ တဦးသည် မြန်မာနိုင်ငံမှ သူ့စီးပွားရေးကို ပိတ်ခဲ့ရပြီး ဝန်ထမ်းများလည်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသည်ဟု ဆီနိတ်တာက ပြောဆိုခဲ့သည်။ အကယ်၍ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ခဲ့ပါက မြန်မာနိုင်ငံ သားများသည် ထိုထက် ကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်ခွင့် ရနိုင်သည်။ အမေရိကန် အစိုးရ၏ ယုံကြည် ထောက်ခံမှုများ ရနိုင်သော အကြောင်းအရာများကို မြန်မာအစိုးရက ဖြေရှင်း ဆောင်ရွက် သင့်သည်ဟု ဆီနိတ်တာက ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ဆီိနိတ်တာ၏ ခရီးစဉ် အတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် "ခင်ဗျား အခုတင်ပြတဲ့ အချက်တွေကို ကျနော်တို့ဘက်က စဉ်းစားပါမည်" ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ကိုယ်ရေးအချက်အလက်မှတ်စု
---------------
၁၄။ (C) ဦးသောင်းသည် လက်ရှိတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် နေသည်။ ၁၉၉၁ မှ ၁၉၉၆ အထိ အမေရိကန် ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး ကနေဒါဆိုင်ရာ သံအမတ် အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အလုပ်သမား ဝန်ကြီးနှင့် စက်မှု - ၁ ဝန်ကြီးအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။ သတ္တုတူးဖော်ရေး၊ စက်မှုလုပ်ငန်းနှင့် ပတ်သက်သော အစိုးရ တာဝန်များစွာကို ထမ်းဆောင်ဖူးသည်။ သူသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အတူ စစ်တက္ကသိုလ် တပတ်စဉ်တည်း အတူတူ ဆင်းခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ စိတ်ဓာတ် စစ်ဆင်ရေး ဌာနတွင် အတူတကွ တာဝန် ထမ်းဆောင်ခဲ့သည်ဟု ယုံကြည်ရသည်။ လေ့လာ အကဲခတ်သူ အများစုက ၎င်းသည် ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦးစလုံးနှင့် နီးစပ်သော အတွင်းလူ တယောက်ဟု ဆိုသည်။
၁၅။ (SBU) Codel Webb က ယင်းသတင်းအချက်နှင့် ပတ်သက်၍ ရှင်းလင်းပေးရန် ငြင်းဆန်ခဲ့သည်။
VAJDA
Ref: မဇ္ဈိမ
Wednesday, December 29, 2010
နိုင်ငံတကာမှာ လူမိုက်ဖြစ်နေရတာကို မြန်မာဗိုလ်ချုပ်များ ရှက်ရွံ့ဟု အမေရိကန် ကြေးနန်းပြော
| Reference ID | Created | Released | Classification | Origin |
| 09RANGOON205 | 2009-04-02 07:07 | 2010-12-12 21:09 | SECRET | Embassy Rangoon |
VZCZCXYZ0000
PP RUEHWEB
DE RUEHGO #0205/01 0920733
ZNY SSSSS ZZH
P 020733Z APR 09
FM AMEMBASSY RANGOON
TO SECSTATE WASHDC PRIORITY 8841
S E C R E T RANGOON 000205
SIPDIS
DEPT FOR EAP/DAS MARCIEL AND EAP/MLS
E.O. 12958: DECL: 04/02/2019
TAGS: PREL PGOV BM
SUBJECT: BURMA'S GENERALS: STARTING THE CONVERSATION
Classified By: Charge d'Affaires Larry Dinger for Reasons 1.4 (b) & (d)
အကြောင်းအရာ။ ။ မြန်မာဗိုလ်ချုပ်များနှင့် စကားပြောဆိုမှု စတင်ခြင်း။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ ။ သံရုံးယာယီ တာဝန်ခံ လယ်ရီ ဒင်းဂါး။ အကြောင်းပြချက် 1.4 (b) & (d)
အကျဉ်းချုပ်
--------
၁။ (S) မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်မှု ဆက်လက် လုပ်ဆောင်ခြင်း၊ စစ်အစိုးရက ဝါရှင်တန်နှင့် ဆက်ဆံလိုသော သဘောလက္ခဏာ ပြသနေသောကြောင့် ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ပတ်သက်၍ မည်သည့် အရာများက ၎င်းတို့ကို တွန်းအားဖြစ်စေသည်၊ ထိတွေ့ ဆက်ဆံမှုအပိုင်းမှ ၎င်းတို့မည်သည့် အရာများ လိုလား နေကြသည် နှင့် အမေရိကန် အစိုးရက မည်သည့်အချက်များကို တင်ပြဆွေးနွေးမည် စသဖြင့် စဉ်းစား ချက်တချို့ကို မိမိတို့ တင်ပြလိုသည်။ မြန်မာ စစ်တပ်သည် အထက် - အောက်အုပ်ချုပ်သော ယန္တရားတခုဖြစ်ပြီး တိုင်း တပါးကြောက်သော၊ အမျိုးသား ညီညွတ်ရေးကို ထိန်းသိမ်း ထားရမည်ဟူသော အမြင်သာ ရှိသည်။ တချိန်တည်းတွင် ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတကာ မျက်နှာစာတွင် လူမိုက်ကြီးများ ဖြစ်နေရခြင်းကို ရှက်ရွံ့နေကြပြီး လူအများ၏ လေးစားမှု ခံယူလိုကြသည်။
မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် အမြဲတစေ မှီခို အားထားနေရခြင်းနှင့် သမိုင်းကြောင်းအရ ရန်သူများ အကြား မဟာဗျူဟာ မြောက် ပထဝီ တည်ရှိမှု အပေါ်တွင်လည်း စိုးရိမ်နေကြသည်။ နာဂစ်မုန်တိုင်းအပြီး နိုင်ငံ တကာ မိသားစု၏ စာနာထောက်ထားမှုကို တစေ့တစောင်း မြင်ခဲ့ရသူများက နိုင်ငံတကာပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ဖယ်ရှားပြီး စီးပွားရေးအကူအညီများ ရယူလိုသည်မှာ သံသယမရှိပါ။ မည်သို့သော တွန်းအားရှိစေကာမူ မြန်မာထိပ်တန်း စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုသည် နှေးကွေးသော၊ စိတ်ပျက်ဖွယ်ကောင်းသော လုပ်ငန်းတခု ဖြစ်ပေမည်။ အမေရိကန်နိုင်ငံအတွင်းတွင်လည်း နိုင်ငံရေးအရ အားမလိုအားမရမှုတွေ ဖြစ်လာနိုင်သည်။
တွေ့ဆုံဆွေးနွေးမှုမှတဆင့် အခြေခံဥပဒေအပြောင်းအလဲများကဲ့သို့သော ချက်ချင်းပေါ်ထွက်လာနိုင်သည့် နိုင်ငံရေး ရလဒ်များ မပေါ်ထွက်လာ နိုင်သော် လည်း အမေရိကန်အစိုးရနှင့် တိုးတက်လာသော ဆက်ဆံရေးဆိုသည်မှာ မည်ကဲ့သို့ အရာ ဖြစ်သည်ကို နောက်လာမည့် ခေါင်းဆောင်များသို့ ပြသခြင်းဖြင့် အနာဂတ် အပြောင်းအလဲ အတွက် မျိုးစေ့ချခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါ သည်။ မည်သို့ဆိုစေ အရေးကြီးဆုံး ကိစ္စသည် တွေ့ဆုံ ဆွေးနွေးခြင်းမှ တဆင့် မြန်မာနိုင်ငံ၏ နှစ်ကာလရှည် ဒုက္ခရောက်နေသူ ပြည်သူများ အတွက် စစ်မှန်သော အကျိုးဖြစ်ထွန်းမှုများ ရှိလာစေသဖြင့် တန်ဖိုးထိုက်တန်သော ရည်မှန်းချက်တခုပင် ဖြစ် သည်။ အကျဉ်းချုပ်- ပြီး။
သူတို့က မည်သို့ထင်မြင်သနည်း။
------------------
၂။ (S) မြန်မာနိုင်ငံအရေးအတွက် အဓိကဆုံးဖြတ်ချက်များကို ထိပ်ပိုင်းကသာ ချမှတ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ၎င်းတို့ အတွင်းစည်းဝိုင်းကသာ ဆုံးဖြတ်ချက်များ ချသည်။ သန်းရွှေ၏ ပုဂ္ဂိုလ်ရေး စရိုက်သည် သိလိုစိတ် ပြင်းပြသည်။ သူ၏ လက်အောက်အရာရှိများက သတင်းကောင်းများကိုသာ ပြောပြသည့်ပုံ ရသဖြင့် လက်တွေ့ ဖြစ်ရပ်မှန်များကို ထိပ်တန်း ဗိုလ်ချုပ်ကြီးများ သိမြင်နိုင်မှု နည်းသည်။ ထိုသို့သတင်း အဆတ်ပြတ်နေ သော အခြေအနေအောက်တွင် ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ ဒီမိုကရေစီ လမ်းပြမြေပုံနှင့် ပျက်စီး ယိုယွင်းနေသော အထက်- အောက် စီးပွားရေး မူဝါဒများ အတိုင်း ဆက်လက် လျှောက်လှမ်း နေကြသည်။ ကိုယ်ကျိုးစီးပွား သည်သာလျှင် ၎င်းတို့၏ စဉ်းစားချက်တွင် ရှိသည်ဆိုသော အချက် ရှင်းရှင်းလင်းလင်း ရှိသော်လည်း ၎င်းတို့ တကိုယ်ရေ ကောင်းစားရေး အတွက်သာ လုပ်ဆောင်နေသည်ဟု စဉ်းစားပါက မှားနိုင်သည်။ ၎င်းတို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် အကောင်းဆုံး သယ်ပိုး ဆောင်ရွက် ပေးနေသည့် မြန်မာ့ "စစ်ဘုရင်များ" ၏ အစဉ်အလာကို စွဲမက် ယုံကြည် သူများဖြစ်ကြသည်။ အပြင် ကမ္ဘာက ၎င်းတို့ကို နားလည်မှု လွဲနေသည်ဟုသာ ဗိုလ်ချုပ်ကြီးများ ရိုးရိုးလေး မှတ်ယူထားကြသည်။
၃။ (S) နိုင်ငံတော်စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်ရေးကို ထိပ်တန်းဦးစားပေးအဆင့် တန်ဖိုး ထားသော မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများတွင် တိုက်ပွဲများတွင် ပါဝင်ခဲ့ကြသည့် စစ်သား စစ်စစ်များလည်း ရှိသည်။ စစ်တပ်သည်သာ ညီညွတ် ရေးနှင့် တည်ငြိမ်ရေး အတွက် အာမခံပေးနိုင်သည်ဟု ထိပ်တန်း ဗိုလ်ချုပ်ကြီးများက ဦးလည်မသုန် တထစ်ချ ယုံကြည် ထားပုံရသည်။ ထို့ကြောင့် အုပ်ချုပ်ရေးတွင် လက်နက်ကိုင် တပ်ဖွဲ့များအတွက် ဦးစားပေး အခန်းကဏ္ဍ တရပ် မဖြစ်မနေရှိရ မည်ဟု ၎င်းတို့က ရှုမြင်သည်။ ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် အရာရှိ လောင်းများကို "အနာဂတ်အတွက် ဦးဆောင်မည့် သားကောင်းများ" ဖြစ်ရမည်ဟူ၍ ရိုက်သွင်းကာ ၎င်း စစ်အတွေးအခေါ်ကို ထပ်ခါတလဲလဲ ဖေါ်ကျူးနေသည်။
၎။ (S) အပေါ်ပိုင်း ထိပ်တန်းစစ်ခေါင်းဆောင်များကသာ လက်တွေ့ဆုံးဖြတ်ချက်များချမှတ်သောကြောင့် ထိုသူများသည် အရပ်သား ဦးဆောင်သော အမေရိကန် အစိုးရနှင့် ထိတွေ့ ဆက်ဆံသည့် ပုံစံတိုင်းတွင် ပါဝင်ရန် လိုအပ်မည်။ မြန်မာစစ်တပ် သည် စစ်ဘက် အချင်းချင်း ပြောဆို ဆွေးနွေးနေသာ ဝန်းကျင်က ၎င်းတို့အတွက် ပို၍ သက်တောင့်သက်သာ ဖြစ်စေနိုင် သည်။
၅။ (S) ဗိုလ်ချုပ်ကြီးများက သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာကိုင်းရှိုင်းသူများအဖြစ် ထင်မြင်ကြသည်။ မကြာသေးသော ကာလ အတွင်း နိုင်ငံပိုင် မီဒီယာများသည် ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့ မိသားစုများက နေပြည်တော်တွင် လတ် တလော တည်ထား ကိုးကွယ်သည့် ဥပ္ပါတသန္တိ စေတီတော်အား ဘာသာရေးအရ ဆည်းကပ်နေသည့် ပုံများကို လူထု အကြား ပြသနေရခြင်းဖြင့် အလုပ်ရှုပ် နေခဲ့သည်။ ယင်းစေတီတော်သည် မိရိုးဖလာ ကိုးကွယ်လာခဲ့သော ရွှေတိဂုံစေတီ တော်ကြီး၏ ရုပ်ပွားစေတီတဆူ ဖြစ်သည်။ ယင်းကဲ့သို့ ဗုဒ္ဓဘာသာအရ ကုသိုလ် ကောင်းမှု ပြုခြင်းသည် လူထု ဆက်ဆံရေး နည်းလမ်းတခု အဖြစ် ရှုမြင်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်း တခုဟုလည်း ရှုမြင်နိုင်သည်။
၆။ (S) မိသားစုကိစ္စများ။ ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ သားသမီးများနှင့် မြေးများကို စိတ်ကြိုက် လွှတ်ထား ပေးသည်။ မိသားစု လုံခြုံရေးအတွက် အမြဲတစေ ရှာကြံကြောင့်ကျသည်။ ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲများ၊ ဖြိုခွင်းမှုများကို လွတ်လွတ် ကင်းကင်း ရှိစေရန် ၂ဝဝ၇ စက်တင်ဘာလတွင် ၎င်းတို့ သားသမီးများကို ဒူဘိုင်းသို့ ပို့ထားခဲ့သည်။ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့မိသားစု အနာဂတ် အတွက် ဘဏ္ဍာရေးအရ ခိုင်မာမှုရှိစေရန် ပြည်တွင်းတွင် စီးပွားရေး အကျိုး အမြတ်ရှိသော နေရာများ၊ နိုင်ငံရပ်ခြား ဘဏ်အကောင့်များ ဖွင့်၍ စီမံပေးထားသည်။ ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များ အပေါ် မိမိတို့၏ ဗီဇာ ပိတ်ပင်မှုသည် သူတို့ အတွက် စိတ်ကသိကအောက် ဖြစ်စေသည်။
၇။ (S) အနောက်ကမ္ဘာ၏ ကျိုးကြောင်းပြ ပြောဆိုမှုများသည် စစ်အစိုးရ၏ ဆုံးဖြတ်ချက် ချရာတွင် အမြဲတစေ ထင်ဟပ်ပေါ် လွင်ခြင်း မရှိပေ။ သန်းရွှေသည် ဗေဒင်ဆရာများ အပေါ်တွင် အားကိုး ပြုနေသည်ဟုလည်း ပြောဆိုမှုများရှိသည်။ မြို့တော် ကို မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း ဒေသသို့ ပြောင်းရွှေ့လိုက်ခြင်းသည် ဗေဒင်ဆရာ၏ အကြံပြုချက်ကြောင့်ဟု မိမိတို့ကြားသိ ရသည်။ ရန်ကုန်သည် လမ်းပေါ် ဆန္ဒပြမှုများ နှင့် ဆိုးဝါးသော မုန်တိုင်းတခု တိုက်ခိုက် ခံရမည်ဟူသော ဗေဒင်ဆရာများ၏ ဟောကိန်းကြောင့် ပြောင်းရွှေ့သည်ဟု သိရသည်။ ကိန်ဂဏန်း အဟောသည်လည်း တခုအပါအဝင် ဖြစ်သည်။ ၁၉၈၇ တွင် ၉ ဂဏန်းရအောင် ငွေစက္ကူများကို ချက်ချင်း ပြောင်းလိုက်ခြင်း၊ ၂ဝဝ၉ ကို အောင်မြင်သော နှစ် တနှစ်ဖြစ်စေရန် ပြီးခဲ့သည့် စက်တင်ဘာတွင် အကျဉ်းသား ၉,ဝဝ၂ ဦး လွှတ်ပေးခြင်းများ စသည်တို့ မြင်တွေ့ခဲ့ရသည်။ ထိုကဲ့သို့သော ဆုံးဖြတ်ချက် နည်းလမ်းများသည် မိမိတို့အတွက် ထူးဆန်း နေပေသော်ငြား ထိုအရာများသည် မြန်မာလူမျိုး အများစုအတွက် ဘဝနေထိုင်မှု တစိတ်တဒေသအဖြစ် နေ့တဓူဝ ပါဝင်နေသည်။
၈။ (S)
ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် နိုင်ငံခြားသား ကြောက်ရွံ့မုန်းတီးသူများ ဖြစ်သည်။ နိုင်ငံခြားသားများကို နားလည် နိုင်ခြင်း မရှိသလို လုံးဝ ယုံကြည်မှုလည်း မရှိပေ။ အထူးသဖြင့် ၎င်းတို့ တရားဝင်မှုကို စိန်ခေါ်သူများကို ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရပ်ခြားတွင် ကြီးပြင်း၊ အင်္ဂလန်သားနှင့် အိမ်ထောင်ကျ၊ ထို့နောက် မြန်မာပြည်သို့ ပြန်ရောက်လာပြီး စစ် အာဏာပိုင်များကို စိန်ခေါ် အန်တုသူ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်သန်းရွှေက မုန်းတီးသည့် အကြောင်းရင်း တခုလည်း ဖြစ်နိုင်သည်။
သမိုင်းကြောင်းအရ မြန်မာများသည် တရုတ်၊အိန္ဒိယ နှင့် ထိုင်းနိုင်ငံများအပါအဝင် ၎င်းတို့ အိမ်နီးနားချင်း များနှင့် စစ်ပွဲများ ဆင်နွှဲခဲ့သည်။ လက်ရှိ စစ်အစိုးရသည် ရင်းနှီးမြှုပ်နှံမှု၊ ကူသန်းရောင်းဝယ်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများတွင် ထောက်ခံမှု ရရန်အတွက် တရုတ်နိုင်ငံ အပေါ် အကြီးအကျယ် မှီခို အားထားနေရပြီး နောက်ဆက်တွဲ အဖြစ် တရုတ်များ၏ အကြံပြုချက် ကိုလည်း အတိုင်းအတာ တခုအထိ လက်ခံနေရသော်လည်း အဓိက ကိစ္စရပ်များ အထူးသဖြင့် တိုင်းပြည် အုပ်ချုပ်ရေးတွင် စစ်တပ်၏ အဓိက အခန်းကဏ္ဍနှင့် ပတ်သက်၍ တရုတ်များ (ပြင်ပမည်သူမဆို) ၏ တောင်းဆိုချက်များကို ထိပ်တန်းဗိုလ် ချုပ်ကြီးများ လက်ခံနိုင်ဖွယ် အလွန်နည်းသည်။
၉။ (S)
ဗိုလ်ချုပ်ကြီးများသည် အမေရိကန်အပေါ် စိုးရိမ်ကြောက်လန့်သည်။ ဝင်ရောက် ကျူးကျော် တိုက်ခိုက်မည်ကို စိုးရိမ် သောကြောင့် ကာကွယ်ရေး စနစ် ပြင်ဆင်ထားသည်။ အမေရိကန် အစိုးရက "အစိုးရ အပြောင်းအလဲ လုပ်ရမည် ဟူသော တင်စား ပြောဆိုချက်" (regime change) က စိုးရိမ်ချက်များကို ပိုဆိုးသွားစေသည်။ သန်းရွှေသည် ကမ်းခြေနှင့် အလွန်ကွာ ဝေးသော ကုန်တွင်းပိုင်း နေပြည်တော်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည့် ကောလာဟလ တခုက ကမ်းတက်တိုက် ခိုက်မှုမှ ကာကွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် မေလ နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးနောက် လူသားချင်းစာနာသော ရည် ရွယ်ချက်ဖြင့် ရဟတ်ယာဉ်တင် သင်္ဘော မြန်မာ့ ရေပိုင်နက်အနီး ဆိုက်ကပ်သော အခါ အမေရိကန်က ကျူးကျော်ရန် ပြင်ဆင်နေပြီဟု စစ်အစိုးရက အမှန်တကယ် ယုံကြည်ခဲ့သည်။
၁ဝ။ (S) သန်းရွှေနှင့်သူ့လုပ်ဖေါ်ကိုင်ဖက်များက ယခုကာလကို မြန်မာသမိုင်း၏ သမိုင်းစာမျက်နှာ တခု အဖြစ် ရှုမြင်သည်။ ဒီမိုကရေစီသည် "တဖြည်းဖြည်း ရင့်ကျက်လာစေရန်" အတွက် စည်းကမ်းရှိသော လုပ်ငန်းစဉ် တခု လိုအပ်သည်ဟု ဗိုလ်ချုပ်ကြီးများက လက်ခံထားသည်။ အမေရိကန်နှင့် အနောက် နိုင်ငံများသည် ဒီမိုကရေစီကို အပြည့် အဝ ကိုင်တွယ်နိုင်ခြင်း မရှိသေးသည့် နိုင်ငံတခု အပေါ် ဒီမိုကရေစီစနစ် အတင်းဇွတ်သုံးခိုင်း နေသည်ဟု ဗိုလ်ချုပ်ကြီးများ က ယုံကြည်သည်။ အာဏာ ဆက်ကိုင်ထားလိုသည့် အဆိုးမြင် အကြောင်းပြချက် တခုသာဖြစ်သည်။ ဗိုလ်ချုပ်ကြီးများက သူတို့သာလျှင် အရာခပ်သိမ်း အသိဆုံးဟု မှတ်ထင်သည်။
၁၁။ (S) တချိန်ထဲတွင် ဗိုလ်ချုပ်ကြီးများသည် မော်ကြွားသည်။ နိုင်ငံတကာမိသားစု၏ လက်ခံမှု ကိုလည်း အာသာငမ်း ငမ်း လိုချင်ကြသည်။ ပြစ်ဒဏ်ပိတ်ဆို့ ခံရခြင်းအပေါ် သူတို့မနှစ်မြို့ကြ။ တချို့သော အာဏာရှင် ခေါင်းဆောင်များ အပါ အဝင် တခြား ကမ္ဘာ့ ခေါင်းဆောင်များအပေါ် ထားရှိသော တလေးတစား ဆက်ဆံသည့် ပုံစံမျိုး ရယူလိုသည်။ နိုင်ငံတကာ အစည်းအဝေးများတွင် တက်ရောက်သော မြန်မာ ကိုယ်စားလှယ်များ အကြောင်းနှင့် အထင်ကရ နိုင်ငံခြားမှ လာရောက် လည်ပတ်သူများနှင့် တွေ့ဆုံမှုများသည် အစိုးရသတင်းစာ ခေါင်းကြီးပိုင်းတွင် အမြဲပါလေ့ရှိသည်။
မည်သည့်အတွက်ကြောင့် စစ်အစိုးရက ယခုအချိန်မှ စကားပြောလိုကောင်း ပြောနိုင်သနည်း။
--------------------------------------
၁၂။ (S) ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် အမေရိကန်အစိုးရ၏ ချည်းကပ်မှုအသစ်တခု အတွက် မျှော်လင့် နေကြသလို ထိတွေ့ ဆက်ဆံနိုင်မည့် နည်းလမ်းများလည်းကို ရှာကြံ လိုနေသည်ဟူသော ညွန်ပြချက်များ ရှိနေသည်။ အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင်ပင် ဗိုလ်ချုပ်ကြီးများက အားထုတ်မှုများ လုပ်ဆောင်လာခဲ့သည်။ လွန်ခဲ့သည့် သြဂုတ်လက မြန်မာနိုင်ငံသို့ ထိပ်တန်း အမေရိကန် စစ်အရာရှိတဦး လာရောက် လည်ပတ်သင့်သည်ဟု ၎င်းတို့က အကြံပြုခဲ့သည်။ ဝါရှင်တန်နှင့် ၎င်းတို့ စကားပြော လိုသည်ကို ထင်ထင်ရှားရှား ပြသခဲ့သလို ယင်းရည်ရွယ်ချက်ကြောင့် ယာယီသံရုံး တာဝန် ခံမှသည် သံအမတ် အဆင့်သို့ တိုးမြှင့်ရန်လည်း မကြာသေးခင် ကပင် ၎င်းတို့က တောင်းဆိုခဲ့သည်။ ကနဦးပိုင်း ဆွေးနွေးမှု များအတွက် မူးယစ်ဆေးဝါး နှင့် POW/MIA (စစ်သုံ့ပန်း နှင့် စစ်ပွဲအတွင်း ပျောက်ဆုံးခဲ့သူများ) ကိစ္စများသည် အသုံးဝင်နိုင် သော အကြောင်းအရာများ ဖြစ်နိုင်သည်ဟု ၎င်းတို့က မကြာခင်က အကြံပြုခဲ့သည်။ EAP/MLS ဒါရိုက်တာ ဘလိတ် (Blake) လွန်ခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ်က အာဏာပိုင်များက အံ့အားသင့်ဖွယ် အဆင့်မြင့် တာဝန်ရှိသူများနှင့် တွေ့ခွင့်ပေးခဲ့သည်။
မည်သည့်အကြောင်းအရာများက စကားပြောဖို့ တွန်းအား ဖြစ်စေသနည်း။
၁၃။ (S) ပြီးခဲ့သည့် မေလက နာဂစ်မုန်တိုင်းတိုက်ခိုက်စဉ်က အမေရိကန် အစိုးရက ဗိုလ်ချုပ်ကြီးများ စိုးရိမ် ထားသလို ကျူး ကျော်ရန် မဟုတ်ဘဲ လူသားချင်း စာနာသော အားထုတ်မှု အဖြစ်သာ ကူညီ ဆောင်ရွက်ခဲ့သည့် အခါ ဗိုလ်ချုပ်ကြီးများ အံ့သြတကြီး ဖြစ်ခဲ့သလို ကျေးဇူးတင်မှုပင် ရှိခဲ့သည်။ နိုင်ငံတကာ လူသားချင်း စာနာသော အကူ အညီများသည် တန်ဖိုး ရှိနိုင်သည် ဟူသော အချက်ကို တချို့ ထိပ်တန်း ခေါင်းဆောင်များက နာဂစ်မှတဆင့် သင်ခန်းစာ ရယူခဲ့သည်။ စစ်တပ်အတွင်းရှိ တချို့သူများက တရုတ်နိုင်ငံ အပေါ် အမှီအခို ကဲလွန်းမှုနှင့် ပတ်သက်၍ ရတက်မအေး ဖြစ်ရသည်။ တချိန်က အန္တရာယ်ရှိခဲ့သော အိမ်နီးနားချင်းနှင့် ဖြစ်ခဲ့ရသည့် ဖြစ်ရပ်ဆိုး အပေါ် အားလုံးက ပြန်ပြောင်း အမှတ် ရဆဲ ရှိသေးသည်။ သမ္မတ အိုဘားမား၏ ထိတွေ့ ဆက်ဆံရေး အကြောင်း အရာများကို စိတ်ဝင်စားသည်။ အမေရိကန် အစိုးရ နှင့် သာမန်ထက်ပိုသော ဆက်ဆံမှုမှတဆင့် ရရှိလာမည့် နိုင်ငံတကာက လေးစားမှုကို ဗိုလ်ချုပ်ကြီးများ ရလိုကြသည်။ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် ၎င်းတို့ အတိုင်းအတာ တခုအထိ ခံစားရသလို အနည်းဆုံး ဒေါသထွက်ရသည်။ အာဆီယံ နိုင်ငံများအပြင် တရုတ်ကပင် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများကို အကြံပြုထားနိုင်သည်။
၁၄။ (S) ထိပ်တန်းဗိုလ်ချုပ်ကြီးအများစုသည် ထွက်ပေါက်မဟာဗျူဟာတခု ရှာကြံနေသည်မှာ လုံးဝ ဖြစ်နိုင်သည်။ အနား ယူဖို့ အခွင့် အလမ်းကို မြန်မာ ခေါင်းဆောင်များ မည်သည့်အခါမှ မစဉ်းစားခဲ့ပေ။ သမိုင်းကြောင်း အရ မြန်မာဘုရင်များ (သို့မဟုတ်) ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့နှင့် နီးစပ်သူများသည် အာဏာလက်ရှိ သေဆုံးသွားခြင်း၊ အသတ်ခံရခြင်း၊ ဖြုတ်ချခံရ ခြင်း နှင့် အကျဉ်းကျခံရခြင်း တခုခု ဖြစ်တတ်သည်။ လက်ရှိ ထိပ်တန်း ခေါင်းဆောင်များသည် အိုမင်းနေပြီဖြစ်သည်။ သို့သော် ပြင်ပကမ္ဘာက မှတ်ယူထားသည့် ပြည်သူများအပေါ် ကျူးလွန်သည့် ၎င်းတို့ပြစ်မှုများ အတွက် တာဝန်ခံမည့် ဆန္ဒ လုံးဝ မရှိပေ။
သန်းရွှေသည် အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို အပါအဝင် ၎င်းနှင့်ဆွေးနွေးခဲ့သူများအား သူ့အနေနှင့် နိုင်ငံတကာ ခုံရုံးသို့ တက်ရောက်ရန် လုံးဝ ဆန္ဒမရှိကြောင်းကို ထုတ်ဖေါ် ပြောဆိုခဲ့သည်။ ထိပ်တန်း ဗိုလ်ချုပ်ကြီးအားလုံး ၎င်းတို့ ဆန္ဒ အလျောက်နေရလျှင် ၎င်းတို့ မိသားစုပိုင် ပစ္စည်းများ ဆက်လက် ထိန်းသိမ်းခွင့်နှင့် တရားမစွဲပါ ဟူသော အာမခံချက်ကို ရလျှင် ဆင်းပေးလိုမည် ဖြစ်သည်။
စစ်အစိုးရက မည်သည့်အရာကို တင်ပြလာနိုင်သနည်း။
------------------------------
၁၅။ (S) ထိပ်တန်းဗိုလ်ချုပ်ကြီးများက ၎င်းတို့အနေနှင့် သဘော တူညီချက် လုပ်ဆောင်ပြီး ဖြစ်သည်ဟု မှတ်ယူ ထားပုံရ သည်။ American Center ကဲ့သို့ ယဉ်ကျေးမှု အဖွဲ့များ၊ နိုင်ငံခြား သံရုံးများကို လာရောက် ဖွင့်ခွင့်ပြုထားသည်။ ၂ဝဝ၉ အထိ ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် အလည်အပတ် ခရီးစဉ် ၄ ကြိမ်အထိ ခွင့်ပြုထားသည်။ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲ၊ လူထု ဆန္ဒခံယူပွဲ တခု ကျင်းပ၊ ရွေးကောက်ပွဲ ကျင်းပစသည့် ဒီမိုကရေစီ လမ်းပြမြေပုံဖြင့် သွားရန်သာ ဗိုလ်ချုပ်ကြီးများ သန္နိဌာန် ချထားသည်။ ဦးဝင်းတင်ကဲ့သို့ ထိပ်တန်း နိုင်ငံရေး သမားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ မလွှတ်ပေးသေးပေ။
၁၆။ (S) မဝေးသောကာလအတွင်း အဓိကနိုင်ငံရေးကိစ္စရပ်များတွင် အရေးပါသော တိုးတက်မှုများ ဖြစ်လာ လိမ့်မည်ဟု မိမိတို့ မမျှော်မှန်း သင့်ပေ။ စစ်အစိုးရသည် ဒီမိုကရေစီ လမ်းပြမြေပုံကို ဖျက်သိမ်းရန်၊ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ဆီသို့ ပြန်သွားရန် (သို့မဟုတ်) အခြေခံ ဥပဒေသစ်ကို ပြန်လည် သုံးသပ်ရန် စသဖြင့် လုံးဝ လုပ်ဆောင်မည့် အခြေအနေမရှိပေ။ ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့နှင့် ၎င်းတို့ မိသားစုဝင်များ၏ လုံခြုံမှု၊ ကြွယ်ဝမှုအတွက် ယုံကြည်စိတ်ချမှု မရှိမချင်း နေရာမှ ဖယ်ပေးမည် မဟုတ်ပေ။
၁၇။ (S) ဖြစ်နိုင်ချေရှိသော ကမ်းလှမ်းချက်တချို့
နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု ကမ်းလှမ်းထားသည့်အပေါ် စစ်အစိုးရက ရွေးကောက်ပွဲ လုပ်ငန်းစဉ် အတွင်း အပြောင်း အလဲ တချို့ကို လက်ခံကောင်း လက်ခံလာနိုင်သည်။
လက်ရှိထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပေါ်ထား ရှိသည့် တချို့သတ်မှတ်ချက်များကို စစ် အစိုးရ လျော့ပေးကောင်း ပေးနိုင်သည်။
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားတချို့ပြန်လွှတ်ပေးရန် ၎င်းတို့ကို ဆွဲဆောင်ကောင်း ဆွဲဆောင် နိုင်မည်။ အနိမ့်ဆုံး နိုင်ငံရေး အကျဉ်းသားများထံသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) သွားရောက်ခွင့် ပြန်လည် ခွင့်ပြုရန် စဉ်းစားကောင်း စဉ်းစားနိုင်သည်။
စစ်အစိုးရက နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မည့် ပူပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လိုကြသည်။ ဥပမာ မူးယစ် ဆေးဝါး နှိမ်နင်းခြင်း၊ အကြမ်းဖက် လုပ်ငန်းများ နှိမ်နင်းခြင်း၊ လူကုန်ကူးမှု နှိမ်နင်းခြင်း၊ စီးပွားရေးမူဝါဒ အကြံပြုခြင်း၊ သဘာဝ ဘေးအန္တရာယ် လျော့ချရေး စသည့် ကိစ္စရပ်များဖြစ်သည်။ စစ်ဘက် အချင်းအချင်း ထိတွေ့ မှု၊ ဥပဒေဝန်ထမ်း လေ့ကျင့်သင်တန်း အခွင့် အလမ်းများကိုလည်း စစ်အစိုးရက လိုလားသည်။
မိမိတို့သံရုံးကပါဝင်နိုင်သော အသေးစားလုပ်ငန်းဆိုင်ရာ သဘောတူညီချက်ကိုလည်း စစ်အစိုးရ လိုလားသည်။ ဥပမာ ဗီဇာကိစ္စများ၊ တိုင်းပြည်အတွင်း ခရီးသွားလာခွင့် တိုးမြှင့်ပေးခြင်းများ၊ ယခင်မန္တလေးတွင် အမေရိကန် ကောင်စစ်ဝန်ရုံး ထားရှိသလိုမျိုး ပြန်ဖွင့်ရန်၊ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးရေး အဖွဲ့ (USAID) ၏ နိုင်ငံရပ်ခြား လူသားချင်း စာနာသော အထောက် အပံ့များ ပြန်ပေးရန် စသည်တို့ ဖြစ်သည်။
ဟန်ပန်အမူအယာဆက်ဆံမှုသည်လည်း မြန်မာလူမျိုးများအတွက် အရေးကြီးသည်။ စစ်အစိုးရက ဝါရှင်တန်ရှိ ၎င်း၏ COM အား သံရုံးတာဝန်ခံမှ သံအမတ်အဆင့်သို့ တိုးမြှင့်လိုသည်။ အမေရိကန်နိုင်ငံက Burma အစား Myanmar ဟူ၍သာ အသုံးပြုစေလိုသည်။
အကယ်၍ အမေရိကန်အစိုးရက ထိတွေဆက်ဆံမှုပြုလုပ်ပါက မိမိတို့က မည်သည့်အရာများကို တင်ပြ၍ မည်သည့် အရာများကို ကမ်းလှမ်းမည်နည်း။
--------------------------------------------
၁၈။ (S) ဆက်ဆံမှုဖေါ်ဆောင်ရေး အားထုတ်မှုတိုင်းတွင် အချိန်ယူရမည်။ အစည်းအဝေးတခု (ဝါ) နှစ်ခုမျှနှင့် မပြီး။ တွေ့ဆုံမှု များစွာ လိုအပ်မည်။ တဖြည်းဖြည်း ယုံကြည်မှု တည်ဆောက်ကာ၊ မြန်မာဘက်ခြမ်းမှ ပွင့်ပွင့်လင်းလင်း ပြောဆိုလာ သည်အထိ စောင့်ရနိုင်သည်။ ယင်းသည် အာရှနည်းအာရှဟန် ဖြစ်သည်။
ကနဦးအဆင့်များတွင် အမေရိကန်နိုင်ငံတွင် ကျူးကျော်လိုခြင်း (ဝါ) လက်ဝါးကြီးအုပ်လိုခြင်း ရှိသည် ဟူသည့် စစ်အစိုးရ၏ စိုးရိမ်ချက်ကို ချေဖျက်ရမည်။ ပြင်ပကမ္ဘာနှင့် ကောင်းမွန်သော ဆက်ဆံမှု မြန်မာနိုင်ငံ ရရှိကာ တရုတ်အပေါ် အားကိုးမှုအ တွက် အစားထိုး နည်းလမ်း တခုရမည်ဟူ၍ မိမိတို့ဘက်ခြမ်းက ပြသသင့်သည်။ ခေါင်းဆောင်များက ၎င်းတို့နည်းလမ်းများကို ပြောင်းလဲ ပါက နှစ်နိုင်ငံ အကျိုးစီးပွားကို အခြေခံသော အမေရိကန်နိုင်ငံနှင့် အဓိပ္ပာယ်ရှိသော ဆက်ဆံရေးတခု တည်ဆောက် လာနိုင်မည်။
သို့တိုင် အရေးကြီးသော အဓိကရေရှည်ကိစ္စရပ်များကို ရှေ့တန်းတင်ရန် အရေးကြီးသည်။ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ စတင်ရေး။
အစောပိုင်းတွင် မိမိတို့အနေဖြင့် အထက်တွင်ဖေါ်ပြထားသော အရေးကိစ္စများဖြစ်သည့် မူးယစ် ဆေးဝါး နှိမ် နင်းခြင်း၊ အကြမ်းဖက် လုပ်ငန်းများ နှိမ်နင်းခြင်း၊ လူကုန်ကူးမှု နှိမ်နင်းခြင်း၊ စီးပွားရေးမူဝါဒ အကြံပြုခြင်း၊ သဘာဝဘေး အန္တရာယ် လျော့ပါး စေရေးနှင့် ဒုတိယ ကမ္ဘာစစ်မှ ကျန်ရစ်ခဲ့သော စစ်သည်များ၏ ရုပ်ကြွင်းများ တူးဖော်ခြင်း စသည့် နှစ်ဖက်အ ကျိုးစီးပွားကို အခြေခံသင့်သည်။ အထက်ဖော်ပြပါ နယ်ပယ်များတွင် အမေရိကန်နိုင်ငံက သင်တန်း အထောက်အကူများလည်း ပေးနိုင်သည်။
ကမ္ဘာ့အဝှမ်းစီးပွားပျက်ကပ်၏ သက်ရောက်မှုများက အခွင့်အလမ်းများ ဖန်တီးပေးသည်။ မြန်မာ နိုင်ငံစီးပွားရေး သည် ယိုယွင်း ပျက်စီးနေသည်။ စစ်အစိုးရ ဘက်ခြမ်းက အပြုသဘော ဆောင်သော နိုင်ငံရေး ခြေလှမ်းများက မြန်မာ့ စီးပွားရေး အတက်အကျကို အဆုံး အဖြတ်ပေးသည့် ကျယ်ပြန့်သော စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများကို ဖြေလျော့ စေနိုင်သည်။
ကမ္ဘာ့ဘဏ်နှင့် IMF နည်းပညာ အကူအညီများဖြင့် ဆွဲဆောင်နိုင်သလို တိုးတက်လာပါက ချေးငွေများဖြင့်ပါ ဆွဲ ဆောင်နိုင်သည်။ အောက်ခြေအဆင့် အစိုးရ အခြေပြု အဖွဲ့အစည်းများနှင့် UNDP လုပ်ငန်းများအပေါ် ကန့်သတ် ထားချက်များကို ပြန်လည် ဆွေးနွေးရန် မိမိတို့ စဉ်းစားသင့်သည်။ လုံလောက်သော တိုးတက်မှုများအတွက် စစ်အစိုးရနှင့် ၎င်း၏ စီးပွားဘက်များ အပေါ် ပစ်မှတ်ထား ပိတ်ဆို့ထားမှုက ကမ်းလှမ်းမှု တခုလည်း ဖြစ်လာနိုင်သည်။
လိုအပ်နေသော သူများကို ကူညီပေးရန် လူသားချင်းစာနာသော အကူအညီများ (စစ်အစိုးရ လမ်းကြောင်းများ ပြင်ပ) ထောက်ပံ့ ပေးလိုသည့် မိမိတို့ ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြသသင့်သည်။ ထိုသို့ အကူအညီများသည် လူထု လူမှု အသိုင်းအဝန်းများ၏ စွမ်းရည်များ မြှင့်တင်ပေးခြင်း နှင့် မြန်မာ အောက်ခြေထု ပြည်သူများကို ပြင်ပကမ္ဘာက ကူညီ ပေး နေသည်၊ စစ်အစိုးရက ကူညီပေးခြင်း မရှိဟူသော သရုပ်ကို ဖေါ်ပြနိုင်သဖြင့် စစ်အစိုးရကို အားနည်း သွားစေနိုင်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အသက်မွေးဝမ်းကြောင်းများလုပ်ငန်းများကို အမေရိကန်အစိုးရ အကူအညီဖြင့် ကူညီ ပေးနိုင်သော ရိုဟင်ဂျာ ကိစ္စရပ်တွင် စစ်အစိုးရနှင့် ပူပေါင်း ဆောင်ရွက်သင့်သည်။
၁၉၈ဝ က ပိတ်ခဲ့သော အမေရိကန်ကောင်ဆယ်လာရုံးနေရာကို အသုံးပြု၍ မန္တလေးတွင် PD ဆက်ဆံရေး ဌာနတခု တရားဝင် ဖွင့်နိုင်သည်။ နိုင်ငံအဝှမ်း ပညာရေးနှီးနှော ဖလှယ်မှုများ တိုးမြင့် လုပ်နိုင်သည်။ လွန်ခဲ့သောနှစ်များ စွာက အမေရိကန်တွင် ပညာ သင်ကြားခဲ့သူများက အမေရိကန်နှင့် ပတ်သက်သော မြတ်နိုးဖွယ် အမှတ်တရများ ရှိနေသေးကာ အမေရိကန်နှင့် ပတ်သက်၍ အပြုသဘော မြင်ကြသည်။ အရည်အချင်းရှိသော ပညာရေး သင်ကြားခွင့် သည် မြန်မာနိုင်ငံသားများ အတွက် ဦးစားပေးတခု ဖြစ်သည်။
Myanmar ဟူသော အသုံးအနှုန်းကို လက်ခံအသုံးပြုရန် မိမိတို့စဉ်းစား သင့်သည်။ Burma ဟူသော အသုံးအနှုန်း သည် ကိုလိုနီခေတ်၏ အကြွင်းအကျန် အသုံးအနှုန်းဖြစ်ကာ တခြား တိုင်းရင်းများအကြား လူများစု ဗမာ တိုင်းရင်းသားကို မြှင့်တင်ပေးရာ ရောက်သည်။ မြန်မာ တနိုင်ငံလုံးတွင် လူတိုင်းက Myanmar ဟုသုံးသည်။ တောင် အာရှ နိုင်ငံများလည်း ယင်းကဲ့သို့သုံးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကတော့ ငြင်းဆန် နေဆဲဖြစ်သည်။
- စစ်အစိုးရက ဝါရှင်တန်မှ ၎င်းတို့ COM ကို ယာယီတာဝန်ခံမှ သံအမတ်သို့ မြှင့်တင်ပေးရန် မေတ္တာ ရပ်ခံချက်ကို မိမိတို့က သဘောတူနိုင်သည်။
ယူဆချက်
---------
၁၉။ (S) ပိုမိုကောင်းမွန်သော ဆက်ဆံရေးတခုစတင်တည်ဆောက်ခြင်းသည် အချိန်တို ကာလအတွင်း အောင်မြင်ရန် ခက်ခဲ နေသေးသည့် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးရလဒ်များအပေါ် ကိုင်တွယ်ထားခြင်း ထက်ပို၍ အရေးကြီးသည်ဟု တချို့ တင်ပြသည်။ ထိုအမြင်တွင် အမေရိကန်၏ ဒေသတွင်း ကမ္ဘာအဝှမ်း အကျိုးစီးပွားများဖြင့် မြန်မာနိုင်ငံ မူဝါဒကို တွန်းအား ပေးသင့်သည်။ မှန်ကန်သော ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ရလဒ်များထက် လျော့၍ တောင်းဆိုမှုသည် နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသူများ၏ အားထုတ်မှုကို စတေးသလို ဖြစ်နိုင်သည်ဟု တချို့က အခိုင်အမာ ရပ် တည်နေဆဲ ဖြစ်သည်။ တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းကို လိုက်မည့် အားထုတ်မှု တိုင်းတွင် အလွန်စိတ်ရှည်ဖို့ လိုအပ်သလို မည်မျှ ကမ်းလှမ်းနိုင်သည်နှင့် မည်မျှ ပြန်တောင်းဆိုနိုင်သည့် အပေါ် ပြည့်စုံသော စဉ်းစားချက်ရှိရမည်။
စစ်အစိုးရထိတွေ့ ဆက်ဆံလိုသည့် တိမ်းညွတ်မှုသည် ၎င်း၏ အကျိုးစီးပွားများ စေ့ဆော်မှုကြောင့် ဖြစ်သည်။ (ပိတ်ဆို့မှု လျှော့ချရေး၊ လေးစားမှု ရရှိရေး၊ တရုတ်လွှမ်းမိုးမှုကို ပြောင်းလဲပစ်ရေး)။ သို့သော် ထိပ်တန်း ဗိုလ်ချုပ်ကြီးများက အနောက် နိုင်ငံများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပန်းတိုင်သို့ အလျင် အမြန် ကူးပြောင်းခြင်းကို လုံးဝ အန္တရာယ်ရှိသော အရာဟု ရှုမြင်သည်။ သို့တိုင် တခြားတဖက်တွင် စေ့စပ်ညှိနှိုင်းမှု စတင်ရန် မည်မျှ အဆင်သင့် ရှိနေနိုင်သည်ကို မည်သည့်အခါမှ မသိနိုင်ပေ။ စိတ်ပျက်ဖွယ် ၂ဝ၁ဝ ရွေးကောက်ပွဲ ကလည်း အခွင့်အလမ်းတခု ဖြစ်နိုင်သည်။ ၂ဝ။ (S) ဒီမိုကရေစီ ရှေ့တန်း စစ်မျက်နှာတွင် အဓိက အောင်မြင်မှုများသည် တဖြည်းဖြည်းဖြင့်သာ ဖြစ်နိုင်ချေ ရှိသောကြောင့် အနာဂတ် ဒီမိုရေစီ အတွက် အုတ်မြတ်များ တည်ဆောက်ရန် ရေရှည် အားထုတ်မှုများ လုပ်ဆောင်ရန် အမေရိကန် နိုင်ငံအတွက် အရေးကြီးသည်ဟု မိမိတို့ ယုံကြည်သည်။
မိမိတို့ MSP တခုချင်းစီတွင် ဆိုင်ကလုန်းအလွန်အကူအညီပေးမှုများကို ပိုမို ကျယ်ပြန့်သော လူသားချင်း စာနာသော အားထုတ် မှုများနှင့် ဆက်လက် လုပ်ဆောင်သင့်သည်။ အကယ်၍ ကောင်းမွန်စွာ ပုံဖေါ်ထားနိုင်ပါက ယင်းအကူအညီ များသည် အောက်ခြေ လူတန်းစားများ၏ အခြေခံ ရပ်တည်နိုင်မှုများကို တည်ဆောက် ပေးနိုင်ပြီး ပြည်သူလူထုက စားဝတ် နေရေးထက် နိုင်ငံရေး ရည်မှန်းချက်ကိုပါ ကျော်လွန်၍ စဉ်းစား လာနိုင်မည်ဖြစ်သည်။ ယင်း အကူအညီများသည် ဗြောင်ကျသော အံတုမှုလည်းဖြစ်သည်။ အကူအညီ လက်ခံသူများက ၎င်းတို့ကို မည်သူက ကူညီပေး၍ (နိုင်ငံတကာအလှူရှင်များ) မည်သူကမကူညီ (စစ်အစိုးရ) သည်ကို နားလည်လာမည်။ ယင်းအကူအညီ ပေးရာတွင် လူသားချင်း စာနာသော အကူအညီ အောက်မှတဆင့် ကျန်းမာရေး၊ အစိုးရနှင့် မဆိုင်သော ပညာရေး၊ အသေးစားချေးငွေလုပ်ငန်း၊ တခြားဒေသတွင်းလုပ်ငန်းများအပြင် လူထုလူမှုအသိုင်းအဝိုင်း အရည်အချင်း မြှင့်တင်ရေး နည်းလမ်းများလည်း ပါဝင်မည်။ မိမိတို့ ဒေသတွင်း ဦးစားပေးများတွင် စစ်အစိုးရက စစ်မှန်သော စိတ်ဝင်စားမှု များပြသသော အချက်အလက်များကို အမေရိကန် အစိုးရက အာရုံ စိုက်ကြည့်သင့်သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ကူးစက်ရောဂါများတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်သော ယူနစ်များက အစပြုရန် ကောင်းသော နေရာများဖြစ်သည်။ ၎င်းတို့က ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားကြသည်။ သို့သော် သင်တန်း များပေးရန် လိုအပ်သည်။ မိမိတို့၏ ဒေသတွင်း ရည်မှန်းချက်များတွင် ပါဝင် ဆောင်ရွက်ပေးခြင်းများ အပြင် ဖေါ်ပြပါ အချက် အလက်များတွင် ကူညီပေး ခြင်းဖြင့် အနောက်ကမ္ဘာ အပေါ် စစ်အစိုးရက ထားရှိသည့် အမြင်ကို ပိုမိုကျယ်ပြန့်စွာ ပြန်လည် စဉ်းစားနိုင်စေမည် ဖြစ်သည်။
ဒင်းဂါး
Ref: မဇ္ဈိမ
Monday, December 20, 2010
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် တိုက်တွန်းအားပေးခြင်း
EO 12958 DECL: 11/01/2014
TAGS PREL, PGOV, PHUM, PTER, SNAR, IN, BM, CN, India-Burma
SUBJECT: INDIA ENCOURAGES DEMOCRACY IN BURMA
REF: A. 10/23 CAMP-PYATT E-MAIL
B. NEW DELHI 6881
Classified By: PolCouns Geoffrey Pyatt, Reasons 1.4 (B,D).
အကြောင်းအရာ။ ။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တိုက်တွန်းအားပေးခြင်း။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ နိုင်ငံရေး ကောင်စစ်ဝန် ဂျော့ဖရီ ပိုင်ယတ် (Geoffrey Pyatt) အကြောင်းပြချက် 1.4 (B,D).
အကျဉ်းချုပ်
၁။ (C) အကျဉ်းချုပ်။ ။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် ဒီမိုကရေစီကင်းမဲ့နေမှုကို စိုးရိမ်ကြောင်း ရန်ကုန်မှ စစ် ခေါင်းဆောင် (ဗိုလ်ချုပ်) သန်းရွှေ မကြာသေးမီက လာရောက် လည်ပတ်ခဲ့သော ခရီးစဉ်တွင် အလေးပေး ဖော်ပြခဲ့ပြီး ၀န်ကြီးချုပ် မမ်မိုဟန် ဆင်းဂ် ကိုယ်တိုင် ဤ သတင်းစကားကို ပါးခဲ့သည်။ MEA တွဲဖက် အတွင်းရေးမှူး (အရှေ့တောင် အာရှ-I) မီတရာ ဗာရှစ်စတာ (Mitra Vashishta) က မိမိတို့ကို SIPDIS တွင် နိုဝင်ဘာ ၁ ရက်နေ့က ပြောကြားခဲ့သည်။ မြန်မာ့ ဒီမိုကရေစီရေး အတွက် တိုက်တွန်း အားပေးရန် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုများအတွက် အိန္ဒိယသည် အဓိက အခန်းကဏ္ဍက ရှိနေကြောင်း အိန္ဒိယနိုင်ငံ အစိုးရ၏ ယုံကြည်ချက်ကို ထင်ဟပ် ဖော်ပြခြင်းလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က "ပေါ်လိုက် ပျောက်လိုက် ရှိနေနိုင်ပြီး" မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပေါ်ထွန်း လာစေရေးသည် ပို၍ ကြီးလေးသော ထိတွေ့ဆက်ဆံမှု၊ ပြည်သူများနှင့် ပြည်သူများ အချင်းချင်း ဆက်ဆံမှုဖြင့်သာ အမြစ်တွယ်နိုင်သည်ဟု ပြောကြားသည်။ ဗာရှစ်စတာက ရည်ညွှန်းပြောကြားရာတွင် အောက်တိုဘာလ ၂၉-၃၁၊ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူးသံ ရာဇာလီအစ္စမိုင်း နယူးဒေလီသို့ လာရောက် လည်ပတ်မှုသည် အိန္ဒိယနိုင်ငံ က မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အတွက် ဆက်လက်ဆောင်ရွက်လိုစိတ် ရှိနေသေးကြောင်း သန္နိဌာန်ကို ပြသခြင်းသာဖြစ် ကြောင်း ပြောကြားသည်။ အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စုထံမှ (မြန်မာနိုင်ငံတွင်) ဒီမိုကရေစီပေါ် ထွန်းလာစေရေးအတွက် မည်သို့မည်ပုံ အကောင်းဆုံးမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ကို အကြံပြုချက် များကိုလည်း ကြို ဆိုပါကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်နေသည့် သောင်းကျန်းသူများကို နှိမ်နင်း ရေးကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ရန် ရန်ကုန် (အစိုးရ) ကို ထောက်ပံ့မှုများနှင့် စစ်လက်နက်ပစ္စည်းများ အကန့် အသတ်နှင့် ပေးအပ်မည်ဟု သဘော တူညီထားပြီး ဖြစ်ကြောင်း ပြောကြားသည်။ သို့သော်လည်း စစ်အစိုးရနှင့် ပူးတွဲ စစ် ရေး လုပ်ငန်းများ လုပ်ဆောင် သွားရန် အိန္ဒိယ နိုင်ငံတွင် အစီအစဉ်မရှိပါ။ နိုင်ငံရေးကောင်စစ်ဝန်က ယခုမြန်မာနိုင်ငံ ၀န်ကြီး ချုပ်အသစ် လက်အောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ အတိုက်အခံများ၏ လုံခြုံရေးနှင့် သူတို့အပေါ် ပြုမူ ဆက်ဆံပုံများကို စိုးရိမ်ပါကြောင်း အလေးပေး ပြောကြားသည်။ (ref A), ထို့နောက် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဒီမို ကရေစီရေးအတွက် ဆက်လက် ဖိအား ပေးသွားပါရန် တိုက်တွန်းသည်။ အကျဉ်းချုပ်- ဆုံး။
ဒီမိုကရေစီ
---------
၂။ (C) အောက်တိုဘာလ ၂၄-၂၉ တွင် ရောက်လာသည့် မြန်မာစစ်ခေါင်းဆောင် သန်းရွှေ၏ ခရီးစဉ်တွင် ဒီမိုကရေစီရေး သည် အိန္ဒိယနိုင်ငံ၏ ထိပ်တန်း ကိစ္စဖြစ်ကြောင်း၊ MEA တွဲဘက် အတွင်းရေးမှူး (အရှေ့တောင်အာရှ- - I) မစ်တရာ ဗာရှစ်စတာ (Mitra Vashishta) က နိုင်ငံရေး ကောင်စစ်ဝန် SIPDIS နှင့် နိုင်ငံရေး အရာရှိသို့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် မမ်မိုဟန် ဆင်းဂ် ကိုယ်နှိုက် သန်းရွှေကို ဤကိစ္စပြောကြား ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး သတင်း မီဒီယာတွင် "ဖော်ပြနိုင်သည့် နည်းလမ်းထက် ပို၍ပြင်းထန်စွာ" ဆွေးနွေး ပြောကြားခဲ့သည်ဟု သူက ဆိုသည်။ အိန္ဒိယ နိုင်ငံအနေဖြင့် (မြန်မာနှင့်) ဆက်ဆံရေးတွင် အကျိုးယုတ်စရာ အကြောင်းရှိသော်လည်း ဒီမိုကရေစီ အရေးကို မြှင့်တင် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည်ဟု ပြောသည်။ ဗာရှစ်စတာက ပြောကြားရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် "တည်ငြိမ် သော၊ ငြိမ်းချမ်းသော၊ ကြွယ်ဝသော ဒီမိုကရေစီ မြန်မာနိုင်ငံ" ကို မြင်တွေ့လိုပါသည်ဟူသော စာပိုဒ်ကို ပူးတွဲထုတ်ပြန် ကြေညာချက်တွင် ထည့်သွင်း ဖော်ပြလိုသည့် အတွက်ကြောင့် တိုက်ပွဲ ဆင်ခဲ့ရသည်ဟု ဆိုသည်။ သူက မှတ်ချက်ပေးရာ တွင် မြန်မာကိုယ်စားလှယ်အဖွဲ့က ဤစာပိုဒ်ပြုတ်ကျန်စေရန်"မည်သို့ဖြစ်ဖြစ် လုပ်ဆောင်လိုကြောင်း"၊ ဤစာပိုဒ်ထည့်သွင်း ခြင်းသည် "အိန္ဒိယနိုင်ငံက အာဏာသိမ်းခြင်း" သာ ဖြစ်သည်ဟု ဖြည့်စွက်ပြောသည်။ နောက်ဆုံး ထုတ်ပြန်ကြေညာချက် ကို အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး "အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံတွင် စောလျှင်စွာ ဒီမိုကရေစီ ကူးပြောင်းရေးကို ထောက်ခံပါကြောင်း" ဖော်ပြထားသည်။
၃။ (C) မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ဆက်လက်မြှင့်တင်နိုင်ရေးအတွက် နယူးဒေလီအစိုးရ၏ အစီအစဉ်ကို မေးမြန်းရာ၌ ဗာရှစ်စတာက တုံ့ပြန်ဖြေဆိုရာတွင် ရန်ကုန်က အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံပြ နမူနာကို ထည့်သွင်း စဉ်းစားပါကြောင်းနှင့် အိန္ဒိယအစိုးရက (မြန်မာနိုင်ငံတွင်) ဒီမိုကရေစီ မြှင့်တင်ရေးအတွက် အကောင်းဆုံး "ယုံကြည်ကိုးစားမှု" ရှိထားသည်ဟု ဆို သည်။ သူက ဒီမိုကရေစီကို အောက်ခြေ လူထုများ၏ ကြိုးပမ်းဆောင်ရွက်ချက်များ ဖြင့်သာ တည်ထောင်နိုင်မည်ဟု ထင်မြင်သည်။ ဤနေရာတွင် အိန္ဒိယနိုင်ငံက မြန်မာပြည်သူများ အာဏာ ပိုရှိလာစေရေး အတွက် "မည်သို့ပင်ဖြစ်စေ" ဆောင်ရွက် သွားမည်ဟုလည်း အလေးပေး ပြောကြားသည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံအကြား ပြည်သူများ-ပြည်သူများ အချင်းချင်း ဆက်ဆံရေး တိုးမြင့်လာခြင်းကို ရည်ညွှန်း၍ ဗာရှစ်စတာက ပြောရာတွင် အိန္ဒိယ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် လည်း အလားတူ မဟာဗျူဟာ ချမှတ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ အားကစား ဆက်ဆံမှု များ တိုးမြှင့်ရင်း ဆောင်ရွက်သွားမည်ဟု ပြောသည်။ "မိမိတို့က မြန်မာနိုင်ငံ အခြေအနေအပေါ် ပါကစ္စတန်လောက် စိတ် မပူ" ဟုလည်း သူက မှတ်ချက်ပေးသည်။ ရန်ကုန်တွင် မည်သို့မည်ပုံ အပြောင်းအလဲများ ဆောင်ရွက်နိုင်မည်ကို အမေရိကန် ပြည်ထောင်စု၏ အကြံ ပြုချက်များကိုလည်း ကြိုဆိုပါကြောင်း သူက ဖြည့်စွက်ပြောသည်။
၎။ (C) ဗာရှစ်စတာ အဆိုအရ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးသည် လူအများအလွန် လေးစားကြသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် နီးစပ်စွာ ဆက်နွယ်နေကြောင်း၊ သူ၏ ကာလများက "ပေါ်လာလိုက် ပျောက်သွားလိုက်" ရှိနေနိုင်ကြောင်း ဆို သည်။ သူက ပြောရာတွင် သန်းရွှေက ခရီးစဉ်အတွင်း ဒီမိုကရေစီရေး အတွက် ဆုံးဖြတ်ချက် ချထားသည်ကို ဖော်ပြခဲ့ ကြောင်း၊ သူက မျက်နှာ မပျက်ရဘဲ ဆောင်ရွက်နိုင်ပါလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ အတွက် ပို၍ ဆောင်ရွက်နိုင် မည်ဟုလည်း ခန့်မှန်း ပြောကြားခဲ့သည်။ နိုင်ငံရေး ကောင်စစ်ဝန်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကင်းမဲ့နေသည့်အပေါ် အမေရိကန် ပြည်ထောင်စု၏ စိုးရိမ် ပူပန်ချက်များကို ဖော်ပြခဲ့ပြီး ဤကိစ္စကို အိန္ဒိယနိုင်ငံက စစ်အစိုးရနှင့် ဆက်လက်ဖိအား ပေး ဆောင်ရွက်နိုင်လိမ့်မည်ဟု ဖော်ပြပြောဆိုခဲ့သည်။
မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံခြင်းသည် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာလိုအပ်ချက်များအရ ဖြစ်သည်။
--------------------------------------------- --
၅။ (C) သန်းရွှေ၏ ခရီးစဉ်ကို "အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားလုံးလုံး" ဖြစ်ကြောင်း ဖော်ပြပြီး ဗာရှစ်စတာက ပြောကြားရာတွင် ယခင်ဝန်ကြီးချုပ် ခင်ညွန့် ထုတ်ပယ်ခံရသည့် နောက်ပိုင်း (မည်သို့ပင်) ဖြစ်စေ၊ နယူးဒေလီကလည်း ဤခရီးစဉ်နှင့် ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။ အကြောင်းမှာ ခင်ညွန့်ကို အစားထိုးခန့်အပ် ခြင်းသည် "ဒီမိုကရေစီ ရွှေမှုန်ကြဲလာစေမည့်" ဖော်ပြချက်တခုအဖြစ် မယုံကြည် ထားသောကြောင့်ဟု ဆိုသည်။ အိန္ဒိယ အစိုးရက ယုံကြည်သည်မှာ အာဏာသိမ်းမှုသည် "အတွင်း ပဋိပက္ခ" သာ ဖြစ်ပြီး စစ်အစိုးရ အနေနှင့် တစုံတရာ မတည်မငြိမ် ရှိနေဦးမည်ဟု သူက ခန့်မှန်း ပြောဆိုသည်။ သာဓကအနေနှင့် သန်းရွှေက အခြား အာဏာကြီးသည့် ဗိုလ်ချုပ်၂-ဦးဖြစ်သည့် သူရရွှေမန်းနှင့် စိုးဝင်းတို့၏ ဇနီးများနှင့် လာရောက် လည်ပတ်ခြင်းသည် ရန်ကုန်ရှိ ဗိုလ်ချုပ်များအကြား သန်းရွှေမရှိစဉ် တည်ငြိမ်နေစေရန် "ဓားစာခံအဖြစ်" ခေါ်လာခြင်းသာဟု သူက တွက်ဆသည်။
၆။ (C) ဗာရှစ်စတာက ထပ်၍ ပြောကြားရာတွင် စစ်အစိုးရနှင့် အပြုသဘော ဆက်ဆံခြင်းဖြင့်သာ အဓိပ္ပာယ် ရှိသော အပြောင်းအလဲများ ဖြစ်ပေါ်လာစေမည်ဟု အိန္ဒိယက ယုံကြည်နေသည်၊ ပိတ်ဆို့ဒဏ်ခတ်မှုက မြန်မာနိုင်ငံကို ပို၍ အထီးကျန်ဖြစ်စေမည်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် မတိုက်တွန်းနိုင်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် အလွန်အထီးကျန်ဖြစ်နေပြီး သန်းရွှေ ကိုယ်စားလှယ် အဖွဲ့၏ အဖွဲ့ဝင်များသည် အမေရိကန် ပြည်ထောင်စု၏ အာရုံစိုက်ခံရမှု ရရှိစေရန် " အနုမြူဘက်သို့ လှည့်ပုံရသည်" ထင်ကြေးပေးကြောင်း သူက ပါကစ္စတန်နှင့် နှိုင်းယှဉ်၍ မှတ်ချက်ချပြောသည်။ အကယ်၍ အိန္ဒိယကသာ မြန်မာနိုင်ငံကို အထီးကျန် ဖြစ်အောင် ထားပါက ရန်ကုန် (အစိုးရ) နှင့် မည်သူကမျှ ဒီမိုကရေစီရေးအတွက် သော်လည်းကောင်း၊ သို့မဟုတ် အခြား ကိစ္စများအတွက် သော်လည်းကောင်း ဆက်ဆံပြောဆိုသူ ရှိမည်မဟုတ်ဟု သူက အလေးပေးပြောသည်။
၇။ (C) ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် ရာဇာလီ အစ္စမိုင် အောက်တိုဘာလ ၂၉-၃၁ ရက်က နယူးဒေလီ သို့ ရောက်ရှိ လာခြင်းမှာလည်း တိုက်ဆိုင်မှု မဟုတ်ကြောင်း အချိန်ကိုက်မှုကို ဦးစားပေးဖော်ပြပြီး ဗာရှစ်စတာက ဆိုရာ၌ အိန္ဒိယ နိုင်ငံက ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအရေး အတွက် လုပ်ဆောင်ရန် ဆန္ဒရှိပါသည်ဟု ဆိုသည်။ သို့သော်လည်း သူက ၎င်းအဖွဲ့အစည်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအမြင်၌ "ယုံကြည်ကိုးစားမှု ကျဆင်းနေကြောင်း" ငြင်းချက်ထုတ် ပြောဆိုသည်။ အနည်းဆုံး "မြန်မာနိုင်ငံဘက် ပိုလိုလားသည့်" ကြိုးပမ်းမှုမျိုး ပြသင့်သည်ဟု ဆိုသည်။ ဥရောပသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ အရေးတွင် အရေးပါသည့် အခန်းကဏ္ဍက ဆောင်ရွက်နိုင်ရန် အလွန် "ထင်ရှားလွန်းပြီး မသေသပ်၊ ရေတိုကြည့်သည်၊ ၀ိရောဓိကွဲစရာများ ပြည့်နေသည်" ဟု သူက ပြောသည်။ ထိုင်းနိုင်ငံက ရန်ကုန်နှင့် လက်ဦးမှုရှိစွာ ချည်းကပ်ဆောင်ရွက် နေသော်လည်း "သူတို့ ၀န်ကြီးက နောက်ထပ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ချင်သောကြောင့်" ဟုသာ ပြောဆိုသည်။
အကြမ်းဖက်မှု ဆန့်ကျင်ရေး သဘောတူညီချက်
---------------------------
၈။ (C) "သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ ပြဿနာများအတွက်" နားလည်မှု စာချွန်လွှာ စာချုပ် ချုပ်ဆိုမှုသည်
"သူတို့က မည်သို့ ခေါ်ဆိုသည်ဖြစ်စေ" အကြမ်းဖက်မှု ဆန့်ကျင်ရေး သဘောတူညီချက်သာ ဖြစ်ကြောင်း၊ ဗာရှစ်စတာက
ပြောရာတွင် မြန်မာ့နယ်မြေ အတွင်း လှုပ်ရှားနေကြသည့် အိန္ဒိယ ဆန့်ကျင်ရေး စစ်သွေးကြွ အဖွဲ့များကို နှိမ်နင်းပေးရန် ရန်ကုန် (အစိုးရ) ၏ တာဝန်ရှိမှုကို ဤစာချုပ်တွင် ဖော်ပြထားကြောင်း ပြောသည်။ ရန်ကုန်က ဤသောင်းကျန်းသူ အဖွဲ့များကို နယူးဒေလီ (အစိုးရ) ကို ဆန့်ကျင်ရန် အားပေးအားမြှောက် ပြုထားသည်ဟု အိန္ဒိယနိုင်ငံက မယုံကြည်ပါ။ အကြောင်းမှာ "ဤကိစ္စသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာ အကျိုးစီးပွားမဟုတ်"၊ သို့သော်လည်း နယူးဒေလီအနေဖြင့် နယ်စပ်ဒေသများတွင် သောင်းကျန်းသူ လှုပ်ရှားမှုများ တိုးတက် လာသည့်အပေါ် စိုးရိမ်စိတ် ပွားရသည်ဟု ပြောသည်။ မြန်မာအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်သို့ တပ်များ ရွှေ့ပြောင်းချထားရန် သဘောတူသည်။ သို့သော် "သူတို့အကျိုး စီးပွားကြောင့် မဟုတ်ဘဲ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားက သူတို့နှင့် ဆက်စပ် ချည်နှောင်လာ သောကြောင့် ဖြစ်သည်" ဟု ဗာရှစ်စတာက စီးပွားရေးဖွံ့ဖြိုးမှု အပေါ် ဥပမာပေး ရည်ညွှန်း၍ ပြောဆိုသည်။ သူက မြန်မာနိုင်ငံနှင့် ပတ်သက်၍ အကောင်း မြင် ပြောဆိုရာတွင် အိန္ဒိယနိုင်ငံ၏ တောင်းဆိုချက် အပေါ် လေးနက်မှုရှိကြောင်း၊ ယခင် အတိတ်ကာလများနှင့် မတူ ကြောင်း ဆိုသည်။ မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ်သစ် စိုးဝင်းက အိန္ဒိယနိုင်ငံ နယ်စပ်ဒေသများတွင် တပ်များကို ကွပ်ကဲဖူး သည်ဟု သူက မှတ်ချက်ချသည်။ နိုင်ငံရေး ကောင်စစ်ဝန်က စိုးဝင်းသည် ၂၀၀၃ မေလ ၃၀ ရက် ဒေါ်အောင်ဆန်း စုကြည်နှင့် သူ၏ နောက်လိုက် အင်အားစုများကို တိုက်ခိုက်ရာတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့မှုကြောင့် ဒေါ်အောင်ဆန်း စုကြည်နှင့် ဒီမိုကရေစီ အတိုက်အခံများ၏ လုံခြုံရေးနှင့် သူတို့အပေါ် ပြုမူဆက်ဆံပုံများကို စိုးရိမ်ပါကြောင်း အလေးပေး ပြောကြားသည်။ (ref A) ဗာရှစ်စတာကမူ မတူခြားနားသည့် သတင်းများ ရရှိထားပြီး အချို့သော အတိုက်အခံ အင်အားစု များက ရေတိုကာလတွင်ပင် နိုင်ငံရေးအရ ပွင့်လင်းမှုများ ရှိလာမည် မျှော်လင့်နေကြကြောင်း ပြောဆိုသည်။
စစ်ရေးပူးတွဲ လေ့ကျင့်မှု မရှိပါ။ သို့သော် ထောက်ပံ့မှုများ ရှိမည်။
---------------------------------------
၉။ (C) သန်းရွှေ ခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယ-မြန်မာ ပူးတွဲထုတ်ပြန်ကြေညာချက်တွင် "ပူးပေါင်း ဆောင်ရွက်မှုများ ချဲ့ထွင်ရန် အလား အလာများ ရှိနေသည်" ဟု ဖော်ပြ ထားသော်လည်း ဗာရှစ်စတာက ကာကွယ် ပြောဆိုရာတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို "လုံးဝ မလုပ်ဆောင်ဟု ပိုင်းဖြတ်ထားကြောင်း" ဗာရှစ်စတာက အခိုင်အမာပြောသည်။ "အတိအကျ၊ အသေအချာ ပြောလိုသည်။ မလုပ်ပါ" ဟု ဆိုသည်။ အိန္ဒိယအစိုးရက ရန်ကုန်သို့ အကန့်အသတ်ဖြင့် စစ်ပစ္စည်းများ ထောက်ပံ့ကြောင်း သူက ဖော်ပြပြောဆိုသည်။ "အခြား အာဆီယံနိုင်ငံများ ထောက်ပံ့ ပေးနေသလိုပါပဲ" ဟု ဆို၍ မြန်မာ နိုင်ငံနှင့် ပူးတွဲစစ်ရေး ဆောင်ရွက်မှုများတွင်မူ "အလွန်တရာ ဂရုထားသည်" ဟု ပြောသည်။
၁၀။ (C) ဗာရှစ်စတာက အတည်ပြုရာတွင် လောင်စာစွမ်းအင်၊ ဓာတ်ငွေ့နှင့် ရေနံချက်စက်ရုံ အဆင့်မြှင့်ရာတွင် သုံးရန် အတွက် အမေရိကန် ဒေါ်လာသန်း ၂၀ ထောက်ပံ့ပေးခဲ့သည်။ ဤငွေကြေးသည် ရန်ကုန်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် လာစေရန် ဆွဲဆောင်မှု အတွက် သုံးသည်ဟု ပြောဆိုသည်။ သူက ရှင်းပြရာတွင် စစ်အစိုးရက "အချို့ကိစ္စများ လုပ်ဆောင်မှသာ" ဤရန်ပုံငွေများကို ရမည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံက " သူတို့ကို (ထောက်ပံ့ငွေ) ဖြင့် ဆက်ဆံ၍ ပြုပြင် ပြောင်းလဲရေး အတွက် အခြေခံများ ဖြည်းဖြည်းချင်း ချသွားမည်" ဟု မျှော်လင့်ထားကြောင်း ပြောသည်။ ဤသည်မှာ နယူးဒေလီ (အစိုးရ) ၏ ပြည်သူချင်း-ပြည်သူချင်း ဆက်ဆံရေး မဟာဗျူဟာ၏ တစိတ်တပိုင်းဟု ကြွားလုံး ထုတ်သည်။
တရုတ်နိုင်ငံ
-----
၁၁။ (C) မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ သြဇာအပေါ်စိုးရိမ်ကြောင်း ဖော်ပြ၍ ဗာရှစ်စတာက နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) သည် လူ့အခွင့်အရေး ကိစ္စနှင့် ပတ်သက်၍ "သူ၏ ဆရာထံမှ နိုင်ငံတကာကို မည်သို့ လှည့်ဖျားရမည်ကို လေ့လာ သင်ယူနေသည်" ဟု ဆိုသည်။ တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ဆိပ်ကမ်းများ ရလိုကြောင်း၊ သို့နှင့် "အိန္ဒိယသြဇာ လွှမ်းထားသည့် နေရာတိုင်းတွင်" ၎င်း၏ သြဇာကို မြှင့်တင်လိုကြောင်း သူက ပြော သည်။ ဗာရှစ်စတာက "ရှင်တို့ တရုတ်ပြည်သူ့ တပ်မတော် (PLA) က မြန်မာနိုင်ငံမှာ (ပတ်သက်နေမှု) ကို ကြားထားတာ က ရေခဲတောင်ကြီးရဲ့ အစွန်အဖျားပဲ ရှိသေးတယ်" ဟု ဆိုသည်။ အမေရိကန် ထောက်လှမ်းရေးများ သိရှိနေရမည်ဟု ဆိုသည်။ (မြန်မာနိုင်ငံ) ကို "တရုတ်က အဆင်သင့်ရနေသည်" ဟူသော မြန်မာနိုင်ငံ၏ ယုံကြည်နေမှု အပေါ် မြန်မာနှင့် အိန္ဒိယ ဆက်ဆံရေးက အခြေခံ နေသည်ဟုလည်း သူက အလေးပေး ပြောကြားသည်။
ဘာသာရေး
--------
၁၂။ (C) (မြန်မာ) ကိုယ်စားလှယ်အဖွဲ့က အိန္ဒိယနိုင်ငံတွင် အရေးပါသည့် ဗုဒ္ဓဘာသာစေတီပုထိုး များကို ပြီးခဲ့သည့် ၃ - နှစ်တာ ကာလအတွင်း လာရောက် လည်ပတ်ခဲ့သည်ကို မှတ်ချက်ပြု၍ သန်းရွှေက ထိုနေရာများကို ဘုရားဖူးသွားရန် အကြိမ် ကြိမ် တောင်းဆိုခဲ့ကြောင်း၊ ယခုခရီးစဉ် နောက်ကွယ်တွင် ဘာသာရေး ကိစ္စက အဓိက ရည်ရွယ်ချက် ဖြစ်ပုံရကြောင်း ခန့်မှန်း ပြောကြားသည်။ ယခု ဘုရားဖူး ခရီးစဉ်သည် စစ်အစိုးရ၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကို ထင်ပေါ်စေရန် အရောင်တင် ရုံမျှသာ မဟုတ်၊ သန်းရွှေ၏ တဦးချင်း ယုံကြည် ကိုးကွယ်မှုနှင့် ဆိုင်မည်ဟု ဆိုသည်။ သို့သော် သူက ဖြည့်စွက်ပြောကြား ရာတွင် မြန်မာ စစ်အစိုးရက သူတို့ အမှားကျူးလွန်ခဲ့သည်ဟု မထင်ထားကြောင်း၊ ဤအပြစ်များအတွက် ၀ဋ်ဆေးစရာမလို ကြောင်း ဆိုသည်။
မှတ်ချက်
-------
၁၃။ (C) ယခင် ရန်ကုန် သံအမတ်ကြီးဖြစ်သူ နိုင်ငံခြားရေး အတွင်းဝန် ဆာရန် (Foreign Secretary Saran) က ဦးဆောင်၍ အိန္ဒိယ အစိုးရက မြန်မာနိုင်ငံတွင် အဓိက သံတမန်ရေး ကြိုးပမ်း ဆောင်ရွက်မှုတရပ် ပြုနေကြောင်း ပြော သည်။ မြန်မာအစိုးရ အပေါ် အိန္ဒိယနိုင်ငံ၏ မူဝါဒသည် အိန္ဒိယနိုင်ငံ လုံခြုံရေး အကျိုးစီးပွားအတွက် လက်တွေ့ကျကျ ချဉ်းကပ်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ၎င်းနိုင်ငံ၏ အရှေ့ဖျား မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို မြင်လိုသည့်ဆန္ဒ အိန္ဒိယ အစိုးရတွင် နောက်ဆုံးရှိနေပါသည်။ ၎င်းနေရာတွင် ဒီမိုကရေစီ မည်သို့မည်ပုံ မြှင့်တင်နိုင်မည်ကို အမေရိကန် ပြည်ထောင်စု၏ အကြံပြုချက်များကို ကြိုဆိုပါသည်။ အခြေအနေ ပေးပါက အမေရိကန်-အိန္ဒိယနိုင်ငံ တို့၏ ဒေသဆိုင်ရာ ဆွေးနွေးပွဲများ ကို ချဲ့ထွင်၍ ရန်ကုန်တွင် ဖြစ်ထွန်း တိုးတက်မှုများ ရှိလာစေရန် တင်ပြသွားနိုင်မည်ဟု ဆိုသည်။
MULFORD
Ref: မဇ္ဈိမ
ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ
| Reference ID | Created | Released | Classification | Origin |
| 09RANGOON378 | 2009-06-19 05:05 | 2010-12-06 15:03 | CONFIDENTIAL | Embassy Rangoon |
VZCZCXRO3931
OO RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0378/01 1700706
ZNY CCCCC ZZH
O 190706Z JUN 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9139
INFO RUCNASE/ASEAN MEMBER COLLECTIVE
RUEHBK/AMEMBASSY BANGKOK 2975
RUEHBJ/AMEMBASSY BEIJING 2332
RUEHBY/AMEMBASSY CANBERRA 2076
RUEHKA/AMEMBASSY DHAKA 5253
RUEHLO/AMEMBASSY LONDON 2177
RUEHNE/AMEMBASSY NEW DELHI 5550
RUEHUL/AMEMBASSY SEOUL 9146
RUEHTC/AMEMBASSY THE HAGUE 0807
RUEHKO/AMEMBASSY TOKYO 6724
RUEHCN/AMCONSUL CHENGDU 1843
RUEHCHI/AMCONSUL CHIANG MAI 2221
RUEHCI/AMCONSUL KOLKATA 0691
RHHMUNA/CDR USPACOM HONOLULU HI
RUEKJCS/JOINT STAFF WASHDC
RUCNDT/USMISSION USUN NEW YORK 2527
RUEHGV/USMISSION GENEVA 4533
RUEATRS/DEPT OF TREASURY WASHDC
RUEKJCS/DIA WASHDC
RUEAIIA/CIA WASHDC
RHEHNSC/NSC WASHDC
RUEKJCS/SECDEF WASHDC
C O N F I D E N T I A L SECTION 01 OF 02 RANGOON 000378
SIPDIS
STATE FOR EAP/MLS, INR/EAP, EEB/TFS
PACOM FOR FPA
TREASURY FOR OASIA, OFAC
EO 12958 DECL: 06/19/2019
TAGS ECON, EFIN, ETRD, PREL, PINR, BM
SUBJECT: BURMA: UPDATE ON CRONY ZAW ZAW’S ACTIVITIES
REF: A. 07 RANGOON 1107 B. RANGOON 298 C. RANGOON 355 D. RANGOON 330
RANGOON 00000378 001.4 OF 004
Classified By: Economic Officer Samantha A. Carl-Yoder for Reasons 1.4 (b and d).
အကြောင်းအရာ။ ။ မြန်မာနိုင်ငံ - (စစ်အစိုးရ) အပေါင်းပါ ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ
(၂ဝဝ၉) ခုနှစ်၊ ဇွန်လ (၁၆) ရက်။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ - စီးပွားရေးအရာရှိ ဆမန်သာ အေ ကားလ်-ယိုဒါ (Samatha A. Carl-Yoder) for Reasons 1.4 (b and d)
အကျဉ်းချုပ်
-------
(၁) စစ်အစိုးရ၏ အပေါင်းအပါတဦးဖြစ်သူ ဇော်ဇော် မြန်မာနိုင်ငံရှိ သူ၏ လုပ်ငန်းများကို တိုးချဲ့လျက်ရှိသည်။ ဇော်ဇော်သည် မက်စ် မြန်မာ ကုမ္ပဏီစု (Max Myanmar Group of Companies) အပြင် အဖျော်ယမကာ ပုလင်းသွပ် ကုမ္ပဏီ၊ ဘိလပ်မြေစက်ရုံ တရုံ၊ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတခု၊ ဖားကန့်ရှိ ကျောက်စိမ်းတွင်း တတွင်း၊ မွန်ပြည်နယ် ရှိ ရာဘာခြံတခြံနှင့် ကြေးစား ဘောလုံးသင်း တသင်းတို့ကိုလည်း ပိုင်ထားသည်။ ရန်ကုန်ရှိ သံရုံးက နိုင်ငံခြား အရင်းအနှီး များထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ်ခတ်မည့် စာရင်းတွင် ဇော်ဇော်၏ နောက်တိုး ကုမ္ပဏီများနှင့် ထိုကုမ္ပဏီများ၏ ထိပ်တန်း မန်နေဂျာများ (စာပိုဒ် ၅ တွင် ဖေါ်ပြထားသည်) ကို ထည့်သွင်းရန် အကြံပြု ထားသည်။ (အကျဉ်းချုပ် ပြီးဆုံး)
နောက်တိုး စီးပွားရေးလုပ်ငန်းများ
--------------
(၂) ဇော်ဇော်သည် မြန်မာနိုင်ငံစစ်အစိုးရ၏ နောက်တက်လာသော အပေါင်းပါများအနက် တဦးဖြစ်ပြီး သူ၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက် တိုးချဲ့လျက် ရှိသည်။ သူ၏ ဆောက်လုပ်ရေှးနှင့် ခရီးသွားလာရေး လုပ်ငန်းကို ကြီးကြပ်သော မက်စ် မြန်မာ ကုမ္ပဏီစုကို ဘဏ္ဍာရေး ဌာန၏ ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းပြီးဖြစ်သည် (ရည်ညွှန်းချက် -က)။ ဇော်ဇော်သည် ပြည်တွင်းသုံး အတွက် မက်စ်ကိုလာ အပါအဝင် အဖျော်ယမကာများ ထုတ်လုပ်သော ပင်းယ ထုတ်လုပ် ရေးကုမ္ပဏီ လီမိတက်ကိုလည်း ပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ အတည်ပြုပြီးဖြစ်သည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ သည် ကျပ်ငွေ(၁၂. ၅) သန်း (၁၉၉၈ က အမေရိကန်ဒေါ်လာ ၄၁, ဝဝဝ ဒေါ်လာ) ရင်းနှီး မြှုပ်နှံမှုဖြင့် စတင်ခဲ့ပြီး ယခုအခါ အလုပ်သမား (၇ဝ) ကျော်ကို ခန့်ထားသည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း၌ ဖြန့်ချိရေး ဌာနခွဲပေါင်း (၁၃) ခုရှိသည်။
ဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီ၏ ကွပ်ကဲမှုအောက်မှာ သူ၏စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ နေကြောင်း၊ ၎င်း တိုးချဲ့ လုပ်ငန်းများတွင် အာရှလေဆိပ် စီမံကိန်းအတွက် စတီဗင်လောထံ ဘိလပ်မြေ သွင်းရန်ဟု ကြားသိရသော နေပြည်တော်ရှိ ဘိလပ်မြေစက်ရုံ (ရည်ညွှန်းချက် -ခ)၊ နေပြည်တော်ရှိ ကွန်ကရစ်အုတ် စက်ရုံ၊ ဖားကန့်ရှိ ကျောက်စိမ်း တွင်းနှင့် မွန်ပြည်နယ်ရှိ ရာဘာခြံတို့ ပါဝင်ကြောင်း သံရုံး၏ စီးပွားရေး အဆက်အသွယ် (----) က အတည်ပြု ပေးခဲ့သည်။ စီးပွားရေး အဆက်အသွယ် (---) ၏ သတင်းပေးချက် အရ ဇော်ဇော်သည် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လုံးခင်း ကျောက်စိမ်းတွင်းကို လုပ်ကိုင်နေကြောင်း၊ မကြာသေးမီကပင် ကျောက်စိမ်းလုပ်ငန်း အတွက် ဖားကန့်မှာ နောက်ထပ်မြေ ဧက (၅ဝ) ကို ရထားကြောင်း သိရသည်။ ဇော်ဇော်သည် ၂ဝဝ၉ မတ်လက အစိုးရ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လေလံတင် ရောင်းချပွဲမှာ ကျောက်စိမ်း အမြောက်အများ ရောင်းချခဲ့ကြောင်း သိရသည် (သတင်းပေးသူ အမည်ကို ဖြုတ်ထားသည်)။
(၄ ) ဇော်ဇော်သည် ယခုလောလောဆယ်၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဝင် ကြေးစား ဘောလုံးအသင်း တသင်းဖြစ်သော ဒယ်လ်တာ ယူနိုက်တက် အသင်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏မြေးကို အသင်းမှာ ကစားရန် ငှားထားသည်ဟု အဆက်အသွယ်များက အတည်ပြုသည် (ရည်ညွှန်း ချက် -ဃ)။ ဇော်ဇော်သည် ဒယ်လ်တာ ယူနိုက်တက် အသင်း၏ ဌာနေဖြစ်လာမည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဘောလုံးကွင်း အားကစားရုံ အသစ်တရုံ တည်ဆောက်ရန်လည်း စီမံကိန်း စတင် ရေးဆွဲလျက်ရှိကြောင်း၊ အမေရိကန် ဒေါ်လာ (၁) ဘီလျံကျော်ကျော် ကုန်ကျမည် ဖြစ်ကြောင်းနှင့် ၂ဝ၁၁ တွင်အပြီး တည်ဆောက်လိမ့်မည်ဖြစ်ကြောင်း (---) နှင့် (---) တို့က ခန့်မှန်းကြသည်။
(၅) အောက်ပါတို့သည် ဇော်ဇော်ပိုင် နောက်တိုး ကုမ္ပဏီများနှင့်ပတ်သက်သော သတင်းအချက် အလက်များ ဖြစ်သည်။
ရန်ကုန်
-- ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့။ အမည်ပါ ပိုင်ရှင်- ဦးဇော်ဝင်းရှိန်၊ ဧရာ ဟင်္သာ ကုမ္ပဏီ လီမိတက် ပိုင်ရှင်။
-- လုံးခင်း ကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။
-- မက်စ်မြန်မာ ဘိလပ်မြေစက်ရုံ၊ တောင်ဖီလာ ထုံးကျောက်တွင်း အနီး၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်။
-- မက်စ်မြန်မာ ကွန်ကရစ်အုတ်စက်ရုံ၊ နေပြည်တော်။
-- မက်စ်မြန်မာ ရာဘာခြံ၊ ဘီးလင်း၊ မွန်ပြည်နယ်။
-- ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက် ဗန်းမော် အတွင်းဝန် လမ်း၊ စက်မှုဇုံ (၃)၊ လှိုင်သာယာ၊ ရန်ကုန်၊ ဖုန်း- ၉၅-၁-၆၈၁-၇၄၅။ ၉၅-၁-၆၈၅-၇၅။ ဖက်စ် - ၉၅-၁-၆၈ဝ-၆၆၉။ မန်နေဂျာချုပ် ဦး ကြည်လွင် (ခေါ်) ဦးကြံခင်း။
သံရုံး၏ အကြံပြုတင်ပြချက်
-----------------
(၆) ဇော်ဇော်သည် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေပြီး အစိုးရအဆက် အသွယ်ဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများကို တိုးချဲ့နေသော အလယ် အလတ်အဆင့် အပေါင်းပါ တဦးဖြစ်သည်။ ၎င်း၏ မိသားစုနှင့်တကွ ၎င်း၏ ကုမ္ပဏီ အတော်များများသည် နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC) ၏ ပစ်မှတ်ထားသော ဒဏ်ခတ် စာရင်းတွင် ပါပြီး ဖြစ်သည်။ (OFAC) အနေနှင့် အထက်ဖေါ်ပြပါ ကုမ္ပဏီများနှင့် ထိပ်တန်းမန်နေ ဂျာတို့ကိုလည်း စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) အရ အရေးယူပေးပါရန် ရန်ကုန်သံရုံးက အကြံပြုတင်ပြသည်။
(၆) မြန်မာအစိုးရသည် ဘဏ္ဍာရေးနှစ်ကုန်ပြီးနောက်တွင် အသုံးစားရိတ် ကြီးကြီး ပြထားသော နောက်ဆက်တွဲ ဘတ်ဂျက် ကို ထုတ်ပြန်လေ့ ရှိသည်။ ၎င်း၏ နှစ်စဉ် စုစုပေါင်း လိုငွေသည် ရေးဆွဲထားသော တရားဝင် ဘတ်ဂျက်ထက် များစွာပို သည်။ သာဓက အားဖြင့် (၂ဝဝ၈-ဝ၉)ဘဏ္ဍာရေးနှစ် သုံးငွေသည် ဘတ်ဂျက်ထက် ကျပ်ငွေ (၇၄၃. ၉)ဘီလျံ(လက်ရှိ ပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၄၃ ဘီလျံ) ပိုနေပြီး စုစုပေါင်း သုံးငွေ သတ်မှတ်ချက်ထက် ၁၅ ရာနှုန်းပိုသည်။
(၇) “အစိုးရ”သည် လွန်ခဲ့သောနှစ်များ၌ အပိုသုံးငွေ ခွင့်ပြုချက် အများဆုံး (အမေရိကန်ဒေါ်လာ ၂၈၂ သန်း) ရရှိခဲ့ပြီး ၎င်း ပမာဏသည် (၂ဝဝ၈-ဝ၉) ဘဏ္ဍာရေးနှစ် အပိုသုံးငွေ၏ ထက်ဝက်နီးပါးရှိသည်။ ငွေများကို နေပြည်တော်ရှိ ဆောက်လုပ် ဆဲ လုပ်ငန်းများနှင့် အစိုးရ၏ အခြားအခြေခံ အဆောက်အအုံ လုပ်ငန်းများအတွက် သုံးစွဲသည်ဟု ယူဆရကြောင်း စီးပွား ရေး လုပ်ငန်းရှင် တဦးက ပြောပြခဲ့သည်။ အစိုးရပိုင် လုပ်ငန်းများသည် ခွင့်ပြုငွေ အများဆုံးရရှိသည်။ ကျပ်ငွေ (၁၈၅) ဘီလျံ (အမေရိကန်ဒေါ်လာ ၁၈၅ သန်း) ရရှိခြင်း ဖြစ်ပြီး ဘတ်ဂျက်၏ ၆၅ ရာနှုန်း တိုးသွားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက ကျပ်ငွေ (၉) ဘီလျံ (အမေရိကန်ဒေါ်လာ ၉ သန်း) တိုး၍ ရရှိခဲ့ပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနက ကျပ်ငွေ (၅၃) ဘီလျံ (အမေရိကန် ဒေါ်လာ ၅၃ သန်း) တိုး၍ ရရှိခဲ့သည်။ ဆိုင်ကလုံး မုန်တိုင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံ အစိုးရသည် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန အတွက် ကျပ်ငွေ (၇၇)ဘီလျံ (အမေရိကန်ဒေါ်လာ ၇၇ သန်း) တိုး၍ ခွင့်ပြုပေးခဲ့ပြီး လူမှုဝန်ထမ်း ဝန်ကြီးဌာနကိုမူ ကျပ်ငွေ (၄၄) ဘီလျံ (အမေရိကန်ဒေါ်လာ ၄၄ သန်း) တိုးခွင့်ပြုခဲ့သည်။
အခွန်တော်ဝင်ငွေ ရရှိမှုနည်းခြင်း
---------------------
(၈) လွန်ခဲ့သောနှစ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ပုဒ်မ (၄) ဆွေးနွေးပွဲများ၌ အဖွဲ့ ကိုယ်စားလှယ် များက မြန်မာ နိုင်ငံ အစိုးရ၏ အခွန် စီမံအုပ်ချုပ်မှု စနစ်ကို တိုးတက် ကောင်းမွန်အောင် ပြုပြင်သွားရန်နှင့် လိုလျှင် လိုသလို အခွန် လွတ်ငြိမ်းခွင့် ပေးနေမှုများကို ပြုပြင်သွားရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အရာရှိများ၏ ပြောပြချက်အရ မြန်မာ စစ်အစိုးရသည် အဓိက အကြောင်းများ ဖြစ်သည့် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ ဝန်ထမ်းများ၏ ထိရောက်မှု မရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများအတွက် ဘတ်ဂျက် အသုံးစရိတ် ပြဿနာတို့ကို ဖြေရှင်းခြင်းဖြင့် ဘတ်ဂျက် လိုငွေပြမှုကို လျှော့ချရန်မှာ ၎င်းတို့၏ ရည်မှန်းချက် တခုဖြစ်ကြောင်း အကြောင်း ပြန်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် မြန်မာ အစိုးရသည် ၎င်း၏ အခွန်ကောက်ခံရေး စနစ်ကို ၂ဝဝ၈ အတွင်း မပြုပြင်ခဲ့ကြောင်းနှင့် သို့ဖြစ်၍ (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် အတွင်းမှာ အခွန် ဘဏ္ဍာဝင်ငွေ ၂၇ ရာနှုန်း တိုးရမည် ဟူသော အစိုးရ၏ ကြိုတင် တွက်ကိန်းမှာ မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များက ဆိုပါသည်။
(၉) လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အာဏာပိုင်များက ဝင်ငွေခွန်ကို ပိုမိုတိကျစွာ ကောက်ခံခြင်း၊ ကုန်ပစ္စည်းနှင့် မူလ ကုန်ကြမ်း အပေါ်မူတည်လျက် ရာဖြတ်နှုန်းကို ကျပ် (၄ဝဝ)၊(၁)ဒေါ်လာမှနေ၍ ကျပ်(၈ဝဝ)၊ (၁၂ဝဝ)ကျပ်အထိ တိုးမြှင့်ခြင်း အားဖြင့် အခွန်တော် ဝင်ငွေ တိုးလာစေရန် ကြိုးပမ်းခဲ့သည်။ ဤသို့ ရာဖြတ်နှုန်းကို တိုးမြှင့်ခြင်းသည် အမျိုးမျိုး ကွဲနေသော ငွေကြေး လဲလှယ်နှုန်းများကို ညှိယူရန် ကြိုးပမ်းသည့် သဘောဖြစ်သော်လည်း မြန်မာနိုင်ငံ၏ နဂိုမူလကတည်းက ရှုပ်ထွေးနေသော တရားမဝင် ငွေလဲစနစ်ကို ပို၍ ရှုပ်ထွေး သွားစေသည်ဟု မြန်မာ အစိုးရအရာရှိများက အလွတ်သဘော ပြောပြကြသည်။
(၁ဝ) (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ပါ အချက်အလက်များအရဆိုလျှင် အစိုးရပိုင် စီးပွားရေး လုပ်ငန်း အများစုသည် အရှုံးနှင့် စခန်း သွားရမည်ဖြစ်သည်။ အမြတ်ကြီးကြီးရမည်ဟု ယူဆရသော သယံဇာတ ထုတ်ယူရေး လုပ်ငန်းများမှာ ပင်လျှင် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၏ အသားတင် အရှုံးသည် အကြမ်းဖျင်း အားဖြင့် ကျပ်ငွေ (၄၈၄) ဘီလျံ (အမေရိကန် ဒေါ်လာ ၄၈၄ သန်း)ရှိလိမ့်မည် (သို့ရာတွင် ဤခန့်မှန်းချက်သည် အလွန်နိမ့်သော ခန့်မှန်းချက် ဖြစ်နိုင်ပါ သည်)ဟု ကြိုတွက်၍ ရသည်။ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများသည် (၂ဝဝ၈-၂ဝဝ၉) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၆ဝ၁) သန်း အရှုံးပြခဲ့ပြီး မြန်မာအစိုးရ မူလက ခန့်မှန်းထားသော အရှုံး ကျပ်ငွေ သန်း(၄၅ဝ) ထက် များစွာ ပိုနေပါသည်။ တရားဝင် ထုတ်ပြန်သော ဘတ်ဂျက်စာရင်း ဇယားများအရ အစိုးရပိုင် စီးပွားရေးလုပ် ငန်းများသည် (၂ဝဝ၇-၂ဝဝ၈) ဘဏ္ဍာ ရေးနှစ်တွင် ကျပ်ငွေ သန်း(၈ဝဝ)၊ (၂ဝဝ၆-၂ဝဝ၇) ဘဏ္ဍာရေးနှစ်တွင် ကျပ် ငွေ (၄၃၆) သန်းနှင့် (၂ဝဝ၅-၂ဝဝ၆) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၅၄၉)သန်း အရှုံးပေါ်ခဲ့သည်။
(၁၁) ရာထူးအဆင့်တိုင်းမှာ အကျင့်ပျက် ခြစားမှုရှိနေခြင်းသည် မြန်မာနိုင်ငံမှာ ပြဿနာတခု အဖြစ် ရှိနေပြီး အစိုးရ၏ အခွန်ငွေ ကောက်ခံနိုင်မှု စွမ်းရည်ကို ထိခိုက် နေစေရှိသည်။ ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များ၏ ပြောပြ ချက်အရဆိုလျှင် အစိုးရသည် ၂ဝဝ၆ အတွင်းက မသမာသော အကောက်ခွန် အရာရှိများကို နှိမ်နင်း အရေးယူမှု များလုပ်ခဲ့သော်လည်း နယ်စပ်များ၌ လာဘ်ပေး လာဘ်ယူမှုများ ဆက်လက်၍ ရှိမြဲရှိနေသည်။ အကျင့်ပျက် ခြစားမှုသည် ပြည်တွင်း အခွန်ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာန၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မီတီတို့ အပါအဝင် အစိုးရ၏ အခြား သော အဖွဲ့အစည်းများထဲမှာလည်း ထူပြောနေသည်။
ထင်မြင်သုံးသပ်ချက်
-------------
ထုတ်ဝေထားသော ဘတ်ဂျက် စာရွက်စာတမ်းများ၌ မြန်မာအစိုးရက ၎င်း၏ ရန်ပုံငွေများကို မည်သို့ ခွဲဝေ သတ်မှတ်ပေး မည် ဟူသော ယေဘုယျ လမ်းညွှန်ချက် ပေးထားသော်လည်း (ယေဘုယျအားဖြင့် မြန်မာအစိုးရ၏ ကိန်းဂဏန်းများသည် ယုံကြည် စိတ်ချ ရလောက်စရာ မရှိသဖြင့်) မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေကို အတိအကျ ပုံဖေါ်ကြည့်ရန် မဖြစ်နိုင် ချေ။ ဤသို့ပြဿနာ ရှိနေရသည့် အထဲ ထိပ်တန်း ခေါင်းဆောင်များမှာ သုံးစွဲရေးမူ ဟူ၍ မရှိဘဲ မိမိတို့ မျက်နှာသာပေး ထားသော လုပ်ငန်းများ အတွက်သာ ရန်ပုံငွေများကို သတ်မှတ် ခွဲဝေပေးကာ စီမံကိန်း လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ အလေးထားခြင်း မရှိကြသဖြင့် ဤပြဿနာသည် ပို၍ ဆိုးသွားလေသည်။ မြန်မာအစိုးရက ဘတ်ဂျက်လိုငွေ လျှော့ချရေးကို ရည်ရွယ်ထားသည်ဟု ထုတ်ဖေါ်ကြေညာ ထားသော်လည်း အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ၏ အရှုံးပေါ်မှုနှင့် အခွန်စနစ် ပြုပြင်ရေး မရှိမှုတို့ကြောင့် နောက်ထပ် အပုံကြီး ပို၍ တိုးလာစရာ ရှိသည်။ မြန်မာ့စီးပွားရေး၏ အနာဂတ်သည် ဆိုးရွားနေဆဲပင် ရှိသည်။
ဒင်းဂါး
Ref: မဇ္ဈိမ
Friday, December 17, 2010
မြန်မာနိုင်ငံ- မြန်မာ-မြောက်ကိုရီးယား ညူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ နောက်ထပ် ဆွေးနွေး ပြောဆိုချက်
| Reference ID | Created | Released | Classification | Origin |
| 09RANGOON732 | 2009-11-10 09:09 | 2010-12-09 21:09 | SECRET | Embassy Rangoon |
VZCZCXYZ0001
OO RUEHWEB
DE RUEHGO #0732 3140935
ZNY SSSSS ZZH
O 100935Z NOV 09
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC IMMEDIATE 9588
INFO RUEHBK/AMEMBASSY BANGKOK 3096
RUEHBJ/AMEMBASSY BEIJING 2410
RUEHBY/AMEMBASSY CANBERRA 2328
RUEHLO/AMEMBASSY LONDON 2246
RUEHMO/AMEMBASSY MOSCOW 0128
RUEHFR/AMEMBASSY PARIS 0616
RUEHUL/AMEMBASSY SEOUL 9386
RUEAIIA/CIA WASHDC
RUEKJCS/DIA WASHDC
RHEHNSC/NSC WASHDC
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 2757
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
Tuesday, 10 November 2009, 09:35
S E C R E T RANGOON 000732
SIPDIS
DEPT FOR EAP/MLS, INR/EAP
PACOM FOR FPA
EO 12958 DECL: 11/10/2019
TAGS KNNP, PARM, PREL, NPT, PGOV, PINR, KN, BM
SUBJECT: BURMA: ANOTHER CONVERSATION ABOUT BURMA-DPRK
NUCLEAR ISSUE
REF: RANGOON 502
Classified By: CDA Larry Dinger for Reasons 1.4 (b) & (d)
အကြောင်းအရာ။ ။မြန်မာနိုင်ငံ- မြန်မာ-မြောက်ကိုရီးယား ညူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ နောက်ထပ် ဆွေးနွေး ပြောဆိုချက်
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ CDA လာရီ ဒင်းဂါး (Larry Dinger) အကြောင်းပြချက် 1.4 (b) & (d)
၁။ (S) မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုသည် " ငြိမ်းချမ်းသော ညူကလီးယား ပူပေါင်းဆောင်ရွက်မှု" သာ ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် သြစတေးလျ သံအမတ်ကြီး ချန်သို့ သတင်းပေးပို့ခဲ့သူ [အမည်ဖယ်ထား] က အဖြစ်အပျက်ကို [အသေးစိတ်ဖယ်ရှားထား] ပြောကြားလာခဲ့ရာ ဇာတ်လမ်းတခုလုံး [အသေးစိတ်ဖယ်ရှားထား] ပြောင်းလဲသွားခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့ သံအမတ်ကြီး ချန်နှင့် စကားပြောဆို ရာတွင် "နားလည်မှုလွဲသွားခြင်း" ဟု [အမည်ဖယ်ရှားထား] က ပြောဆိုခဲ့သည်။ သြဂုတ်လ သတင်း ထွက်ပေါ်မှု အပေါ် သံအမတ်ချန်က ဗြောင်ကျကျ တုံ့ပြန် ပြောဆိုခဲ့သည့်နောက်ပိုင်းတွင် [အမည်ဖယ်ရှားထား] က နေပြည်တော် ဝန်းကျင်တွင် ဆက်လက်စုံစမ်းခဲ့သည်။ (မြန်မာအစိုးရသည် မြောက်ကိုရီးယားနှင့် ညူကလီးယားပူးပေါင်း ဆောင်ရွက် ခြင်းအား လက်ခံနိုင်သော လုပ်ရပ်တခုအဖြစ် စဉ်းစားချက်အပေါ် ချန်က အံ့သြတကြီး တုံ့ပြန်ခဲ့သည်။) [အသေးစိတ် ဖယ်ရှားထား] ယခု ပြောဆိုနေသည်မှာ မြန်မာအစိုးရနှင့် မြောက်ကိုရီးယားအစိုးရ ပြောဆိုမှုများသည် "အချက် အလက် ရှာဖွေလေ့လာရေး အဆင့်" မျှသာ ရှိသေးကြောင်း သိရသည်။ [အမည်ဖယ်ရှားထား] က တိုက်ရိုက် ညူကလီးယား ပူးပေါင်းဆောင်ရွက်မှု တစုံတရာ ရှိနေပြီဟု အတည်ပြုနိုင်ခြင်း မရှိပေ။ [အသေးစိတ်များဖယ်ထား] တွင် သာဓကအားဖြင့် ကန်နမ် ၁ ကိစ္စနှင့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဇူလိုင်လ၊ ဖူးကက်မြို့၌ မှတ်ချက်ပေးခဲ့ သည့်အတိုင်း " ကိစ္စအားလုံးကိုယာယီ ရွှေ့ဆိုင်းထားသည်" ဟူ၍ ဖြည့်စွက်ပြောသည်။
၂။ (S) [အမည်ဖယ်ရှားထား] က ညူကလီးယားဓါတ်ပေါင်းးဖိုတည်ဆောက်ရန်အတွက် ရုရှနိုင်ငံသည် မြန်မာအစိုးရ အတွက် အဓိက လက်တွဲလုပ်ကိုင်ဖက်တဦးဖြစ်နေကြောင်း၊ သို့သော် [အသေးစိတ်များဖယ်ထား] က တိုးတက်မှု တစုံတရာ မရှိသေးဟု ပြောဆိုခဲ့သည်။ ရုရှက စီးပွားရေးအပေးအယူကိစ္စတခု ကမ်းလှမ်းခဲ့သော်လည်း မြန်မာ အစိုးရ တွင် ဝယ်နိုင်အား မရှိခဲ့ပေ။ သြစတေးလျနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများက မြောက်ကိုရီးယားနှင့် ဆက်ဆံမှု ရှိကြသည်။ ထို့အတွက် "ဘာကြောင့် အထူးတလည် စိုးရိမ်နေရသနည်း။" ဟု [အမည်ဖယ်ရှားထား] က ဖြည့်စွက် ပြောဆိုခဲ့သည်။
မှတ်ချက်
-----------
၃။ (S) မြန်မာနိုင်ငံတွင် ပြဿနာ များစွာရှိနေသည်နှင့်အမျှ ပထမပြောဆိုချက်နှင့် လတ်တလော ပြောဆိုချက်များ သည် [အမည်ဖယ်ရှားထား] အတွက် နောက်ကွယ်မှ အမှန်တရားနှင့် ဖြစ်နိုင်ခြေ ရည်ရွယ်ချက်များကို သိရှိနိုင်ရန် ခက်ခဲသည်။ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော အကြောင်းအရာများ [အသေးစိတ်များဖယ်ထား] သည် ခန့်မှန်း ပြောဆိုချက်များသာ ဟု သံအမတ်ကြီး ချန်က ယခုအချိန်တွင် ယုံကြည်ထားပြီး မှတ်တမ်းကိုလည်း ပြန်လည် ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ မိမိတို့အကြား တေ့တေ့ဆိုင်ဆိုင် ပြောဆိုဆွေးနွေးခြင်းမျိုး မရှိခဲ့ပေ။ သို့သော် [အသေးစိတ် များဖယ်ထား] ပြန်လည် ပြင်ဆင်ပြောဆိုခြင်းများသည် လူသိထင်ရှားဖြစ်ပြီးသော ဇာတ်လမ်းတပုဒ်ကို ငြင်းပယ်နေ ခြင်းထက် သတိလက်လွတ် သုံးသပ်ချက်တခုအပေါ် ပြန်၍ ဖုံးဖိနေသည့်ပုံ ပေါ်နေသည်။ "အားလုံးကိုယာယီ ရွှေ့ဆိုင်းထားရန်"ဟူသော ကန်နမ် ၁ ကိစ္စနှင့် နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်များကြောင့် စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နိုင်သည်။ [အမည်ဖယ်ရှားထား] ၏ တခြားမှတ်ချက်များကြောင့် [အမည် ဖယ်ရှားထား] သည် "၎င်းညူကလီး ယား" ကိစ္စရပ်အပေါ် မည်မျှ အကျွမ်းတဝင် သိရှိထားသည်ဟူသော မေးခွန်းထုတ်ဖွယ် ရှိလာသည်။ နောက်ဆုံး ခန့်မှန်းနိုင်ခြေ - မြန်မာအစိုးရနှင့် မြောက်ကိုရီးယားအစိုးရအကြား ပူးပေါင်းဆောင်ရွက် ရှင်းရှင်းလင်းလင်း မရှိသေး ပေ။ တစုံတခုဖြစ်နေသည်ကတော့ အသေအချာပင်။ ၎င်းတစုံတရာတွင် ညူကလီးယား ကိစ္စ ပါဝင်ခြင်း ရှိ-မရှိ ဟူသော မေးခွန်းက သံရုံး အစီရင်ခံမှုများတွင် ထိပ်တန်းဦးစားပေးရမည့် မေးခွန်းဖြစ်နေဆဲပင် ဖြစ်သည်။
DINGER
Ref: မဇ္ဈိမ
Tuesday, December 14, 2010
ဒုံးပျံများ တပ်ဆင်ရာနှင့် မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရာ
| Reference ID | Created | Released | Classification | Origin |
| 04RANGOON1100 | 2004-08-27 08:08 | 2010-12-09 21:09 | SECRET | Embassy Rangoon |
This record is a partial extract of the original cable. The full text of the original cable is not available.
Friday, 27 August 2004, 08:08
S E C R E T SECTION 01 OF 02 RANGOON 001100
SIPDIS
EO 12958 DECL: 08/26/2014
TAGS PARM, PINR, PREL, KNNP, BM, KN
SUBJECT: ALLEGED NORTH KOREAN INVOLVEMENT IN MISSILE ASSEMBLY AND UNDERGROUND FACILITY CONSTRUCTION IN BURMA
Classified By: CDA, A.I. RON MCMULLEN FOR REASON 1.5 (A/C).
အကြောင်းအရာ။ ။ ဒုံးပျံများ တပ်ဆင်ရာနှင့် မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရာတွင် မြောက်ကိုရီးယားများ ပါဝင်နေသည်ဟု စွပ်စွဲမှုများ ထွက်နေခြင်း။ လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ CDA, A.I. ရွန် မက်မူလန် (RON MCMULLEN) အကြောင်းပြချက် 1.5 (A/C).
၁။ (S) အကျဉ်းချုပ်။ xxxxxxxx ၏ သတင်းပေးပို့ချက်အရ မြောက်ကိုရီးယားလုပ်သားများသည် မြေပြင်မှ ဝေဟင်ပစ် "SAM" ဆမ်ဒုံးကျည်များ တပ်ဆင်ပေးနေကြောင်းနှင့် ရန်ကုန်မြို့ အနောက်မြောက်ဖက် (NNW) ၃၁၅ မိုင် အကွာခန့် မကွေးတိုင်းတွင်းရှိ မြန်မာစစ်စခန်းတခုတွင် မြေအောက် အအောက်အဦး တခု တည်ဆောက်ပေးနေသည်ဟု သိရသည်။ ၎င်းစိတ်မချမ်းမြေ့ဖွယ်သတင်းပို့ချက်ကို အတိအကျမှန်ကန် သည်ဟု မယူဆသင့်ပေ။ သို့သော် ၎င်းသတင်းကို xxxxxxx မှဆင့် ပေးပို့လာသော တခြားသတင်း အချက် အလက်များမှတဆင့် မျက်ခြေမပြတ်စောင့်ကြည့်ရမည်။ (အကျဉ်းချုပ်ပြီး။)
၂။ (S) XXXXXXXXX
၃။ (S) XXXXXXXXX မြောက်ကိုရီးယား ၃ဝဝ ခန့် မကွေးတိုင်း မင်းဘူးမြို့ အနောက်ဖက် ရခိုင်ရိုးမတောင်ခြေရှိ လျှို့ဝှက်ဆောက်လုပ်ရေးစခန်းတခုတွင် အလုပ်လုပ်ကိုင်နေသည်။ (ယူဆချက်။ ၎င်းဆောက်လုပ်ရေးစခန်းတွင် မြောက်ကိုရီးယားများစွာ အလုပ်လုပ်နေသည်ဟူသော သတင်း အပေါ် မိမိတို့အနေဖြင့် အလွန်အမင်းအံ့အားသင့်ရသည်။ (ယူဆချက်ပြီး)) XXXXXXX က မြောက်ကိုရီးယားများကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြောင်း၊ ထိုသူများ ဆောက်လုပ်ရေးစခန်းပြင်ပသို့ ထွက်ခွင့်မရသကဲ့သို့ ၎င်းနှင့် တခြား"အပြင်လူများ" လည်း အတွင်းသို့ ဝင်ခွင့်မရကြောင်း အခိုင်အမာ ပြောဆိုသည်။ XXXXX က သူသည် အဆိုပါ ဒေသအတွင်း အလုပ်လုပ်နေသည့် တရုတ်လူမျိုးများနှင့် မြောက်ကိုရီးယားများကို တိတိကျကျ ခွဲခြားသိနိုင်သည်ဟု ယုံကြည်သည်။ အဆိုပါ လျှို့ဝှက်ဖုံးကွယ်ထားသော ဒေသ၏ မြေပုံညွှန်းအတိအကျကို မသိရှိရသေးသော်လည်း ယင်း နေရာသည် N 20,00, 94,25 E အကြားတည်ရှိနိုင်သည်ဟု ပြောဆိုနေကြ သည်။
၎။ (S) မည်သည့်နိုင်ငံမှ ရောက်လာသည်မသိနိုင်သော "SAM ဒုံးကျည်များ" ကို မြောက်ကိုရီးယားများက တပ်ဆင် ပေးနေသည် ဆိုသည်။ XXXXXXX မြန်မာ ဝန်ထမ်းများအကူအညီဖြင့် မြောက်ကိုရီးယားများသည် "လိုဏ်ခေါင်းထိပ်မှ တောင်ကုန်းထိပ်ထိ ပေ ၅ဝဝ" အမြင့်ရှိသော အင်္ဂတေမြေအောက် အဆောက်အဦး တခု တည်ဆောက်နေသည်။ မြောက်ကိုရီးယားများသည် မြေတူးထားသော မြေအောက် အဆောက်အဦး အတွင်းသို့ "အင်္ဂတေများမှုတ်သွင်း" နေသည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
၅။ (S) XXXXXXXXX သည် အဆိုပါ ဆောက်လုပ်ရေးစခန်းအနီးစခန်းချမည့် မြန်မာစစ်တပ်တပ်ရင်း အရင်း ၂ဝ အတွက် အဆောက်အဦးများဆောက်လုပ်ရာတွင် ပါဝင်နေသည်။ ၎င်းတပ်ရင်းများအနက် တပ်ရင်း၂ ရင်း သည် ခြေလျင်တပ်များဖြစ်ပြီး တခြား ၁၈ ရင်းက အမြောက်တပ်များဖြစ်ကြောင်း အဆိုပါ သတင်းက ပြောဆိုသည်။
၆။ XXXXXXXXX
၇။ (S) ယူဆက်ချက်။ မကွေးတိုင်းအတွင်း စစ်ဘက်ဆိုင်ရာတည်ဆောက်မှုများနှင့် ဒုံးကျည်တပ်ဆင်မှု များတွင် မြောက် ကိုရီးယားများ ပါဝင် နေသည်ဟူသော XXXXXX ၏ ထပ်ဆင့် ပြောဆိုချက်ကို ရန်ကုန် သံရုံးနှင့် တခြား သတင်း အရင်းအမြစ်များက နည်းလမ်း မျိုးစုံဖြင့် ပေးပို့သော သတင်းအချက်အလက်များနှင့် တိုက်ဆိုင်ကြည့်သည်။ တဖန် ၃ဝဝ ဟူသော ကိန်းဂဏန်းသည် မိမိတို့ ခန့်မှန်းထားသည့် မြန်မာ နိုင်ငံတွင် ရှိနိုင်သော မြောက်ကိုရီးယားဦးရေထက် လွန်စွာမြင့်မားနေသည်။ XXXXXX က ၎င်းကိုယ်တိုင် မြောက်ကိုရီးယား တချို့ကို မည်သို့မည်ပုံ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပါသည်ဟူသော အချက်ကလည်း ရှင်းရှင်း လင်းလင်း မရှိသေးပေ။ XXXXXX ထံသို့ပေးပို့လာသော အသေးစိတ်အများစုသည် တခြားသီးခြား သတင်းရင်းမြစ်များမှ ပေးပို့လာသော အချက်အလက်များနှင့် တူညီသည်။
၈။ (S) ယူဆချက် ဆက်လက် တင်ပြခြင်း။ မိမိတို့ အနေဖြင့် သော်လည်းကောင်း ကြေးနန်းစာ ဖတ်သူ အနေဖြင့် သော်လည်းကောင်း ယခု တင်ပြချက် တခုတည်းဖြင့် မြန်မာနိုင်ငံ အတွင်း မြောက်ကိုရီးယား စစ်ဘက်၏ ပါဝင် ပတ်သက်မှု ပမာဏကို အတိအကျ (ဝါ) တထစ်ချ ကောက်ချက်ချ မယုံကြည်သင့်ပေ။ XXXXXX ၏ ပြောဆိုချက်တွင် အနုမြူလက်နက် (ဝါ) ယင်းနှင့်ပတ်သက်သော နည်းပညာ သို့မဟုတ် မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်၊ ပဲ့ထိန်းဒုံးကျည်များ သို့မဟုတ် အလားတူ လက်နက်များ ရှိသည်ဟူ၍ မပါရှိပေ။ XXXXXXX သို့သော် မြန်မာနှင့် မြောက်ကိုရီးယားများ တစုံတခုခု (လျှို့ဝှက်စစ်ရေး (သို့မဟုတ်) စစ် လက်နက်ပစ္စည်းထုတ်လုပ်မှု တခုခု) လုပ်နေသည်ဟူ၍ ပေးပို့လာသော တခြားသတင်းအရင်း အမြစ်များအနက် ယခုသတင်းပေးပို့ချက်ကို အကောင်းဆုံး အချက်အလက်တခုဟု သတ်မှတ်ကောင်း သတ်မှတ်နိုင်သည်။ မည်သည့်အရာဆိုသည်နှင့် မည်မျှအတိုင်းအတာ ရှိသည်ဆိုသည်ကိုတော့ ဆုံးဖြတ်ရန် ကျန်သေးသည်။ ၎င်းဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ မျက်ခြေမပြတ် ဆက်လက် စောင့်ကြည့်နေမည်ဖြစ်ပြီး လိုအပ်ချက်နှင့်အညီ အစီရင်ခံစာများ ပေးပို့သွားမည်ဖြစ်သည်။
မက်မူလန်
Ref: မဇ္ဈိမ
တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း
| Reference ID | Created | Released | Classification | Origin |
| 08RANGOON44 | 2008-01-18 10:10 | 2010-12-09 21:09 | CONFIDENTIAL | Embassy Rangoon |
VZCZCXRO5943
PP RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0044/01 0181034
ZNY CCCCC ZZH
P 181034Z JAN 08
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC PRIORITY 7059
INFO RUCNASE/ASEAN MEMBER COLLECTIVE
RUEHGG/UN SECURITY COUNCIL COLLECTIVE
RUEHBY/AMEMBASSY CANBERRA 0842
RUEHNE/AMEMBASSY NEW DELHI 4402
RUEHUL/AMEMBASSY SEOUL 7933
RUEHKO/AMEMBASSY TOKYO 5494
RHEHNSC/NSC WASHDC
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 1282
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
Friday, 18 January 2008, 10:34
C O N F I D E N T I A L SECTION 01 OF 03 RANGOON 000044
SIPDIS
SIPDIS
DEPT FOR P, EAP/MLS AND IO
PACOM FOR FPA
EO 12958 DECL: 01/16/2018
TAGS PGOV, PREL, BM
SUBJECT: CHINESE LOSING PATIENCE WITH BURMA
Classified By: CDA Shari Villarosa for Reasons 1.4 (b) & (d)
အကြောင်းအရာ။ ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း။
လျှို့ဝှက် မှတ်တမ်းဖြည့်သွင်းသူ။ ။ ယာယီသံရုံး တာဝန်ခံ ရှီလာ ဗယ်လာရိုဆာ၊ အကြောင်းပြချက် 1.4 (b) & (d)
၁။ (ဂ) အနှစ်ချုပ်။
သံရုံး ယာယီတာဝန်ခံက တရုတ်နိုင်ငံ သံအမတ်ကြီးကို ဇန်နဝါရီ ၁၇ ရက်က နေ့လယ်စာ ဖိတ်ပါသည်။ (မြန်မာနိုင်ငံတွင်) နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများ ကင်းမဲ့နေခြင်းနှင့် စစ်ဗိုလ်ချုပ်များကို နိုင်ငံအားလုံးက တသံတည်းဖြင့် စတင် စကားပြော လာစေရန် တိုက်တွန်းရန်၊ လေးဖင့်နေမှုများ အဆုံးသတ်ရန် ကိစ္စ ဆွေးနွေးခဲ့ပါသည်။ တရုတ် သံအမတ်က မြန်မာ စစ်အစိုးရကို ကာကွယ် ပြောဆိုရန် မကြိုးပမ်းတော့ပါ။ စစ်ဗိုလ်ချုပ်များက ဆိုးနေသည့် အခြေအနေကို ပိုဆိုးစေရန် လုပ်ဆောင်နေကြောင်း အသိအမှတ်ပြု ပြောသည်။ တရုတ်နိုင်ငံ၏ အခွင့် အလမ်းများကိုသုံး၍ အပြောင်းအလဲများ ဖြစ်ပေါ်လာရန် တိုက်တွန်းခဲ့သော်လည်း မြင်သာသည့် ရလဒ်များစွာ မရခဲ့ပါ။ သို့သော်လည်း မိမိတို့နှင့်အတူ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေး လုပ်ဆောင်ရန် စိတ်ဝင်စားမှု ရှိပါသေးသည်။ သံအမတ်ကြီးက အာဏာနှင့် စီးပွားရေး အကျိုးအမြတ်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေမှုက စစ်ဗိုလ်ချုပ်များကို တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းနှင့် ဝေးနေစေသည်ဟု ဆိုသည်။ အကျဉ်းချုပ်-ဆုံး။
တရုတ်က စိတ်ပျက်နေခြင်း
--------------
၂။ (ဂ) သံအမတ်ကြီး ဂွမ် မူ (Guan Mu) က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ တိုးတက်မှု မရှိခြင်းအပေါ် စစ်အစိုးရကို ကာကွယ်ရန် မကြိုးပမ်းတော့ပါ။ ပြီးခဲ့သည့် နိုဝင်ဘာက တွေ့ဆုံဆွေးနွေးမှုများ မည်သည့် အတွက်ကြောင့် ရပ်ဆိုင်း သွားရသည်ကို မသိကြောင်း သူ ဝန်ခံပါသည်။ ထိပ်တန်း ခေါင်းဆောင်ပိုင်းက ပြင်ပကမ္ဘာသို့ သူတို့ တံခါးဖွင့်ရမည်ကို နားလည်သည်ဟု သူက ဖြည့်စွက်ပြောသည်။ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ သတင်းများ အထက်သို့ မရောက်ကြောင်း လည်းဆိုသည်။ သံဃာများ နိုင်ငံရေးတွင် ပါဝင် ပတ်သက်သည်မှာ ဗုဒ္ဓဘာသာ မဆန်လှကြောင်း ပြောသော်လည်း ဂွမ်က သံဃာများ ပါဝင်လာရခြင်းမှာ မြန်မာနိုင်ငံ အခြေအနေ ဆိုးနေ၍ ဖြစ်ကြောင်း သဘောတူညီသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တာဝန်ပေး ခန့်ထားသည့် ဆက်သွယ်ရေး အရာရှိက ၂-လ ကြာပြီးမှ လွန်ခဲ့သည့် အပတ်က တွေ့ဆုံကြောင်း ထောက်ပြပြောဆိုပြီး ကွာဟမှု "သိပ်ကြာနေကြောင်း" ဝန်ခံပြောဆိုသည်။ တာဝန်ခံက ထောက်ပြရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရှေ့ဆက်ရမည့် ခရီးတွင် တကယ့် အဟန့်အတား ဖြစ်နေကြောင်း ပြောသည်။ သံအမတ်ကြီးက ဗိုလ်ချုပ်သန်းရွှေ အနေဖြင့် လာမည့်နှစ်များတွင် ပို၍ တံခါးဖွင့်ရန် ရှိသည်ဟု ယုံကြည်ကြောင်း တုံ့ပြန် ပြောဆိုသည်။ မြန်မာပြည်သူများ အနေဖြင့် ဤမျှကြာမြင့်စွာ မစောင့်နိုင်ပါဟု တာဝန်ခံက သတိပေး ပြောဆိုပြီး နောက်ထပ် အချိန်ဆွဲမှုများ ဖြစ်နေပါက မငြိမ်မသက် ဆူပူမှုများ ပို၍ ဖြစ်စေရန်သာ ရှိသည်ဟု ထောက်ပြသည်။
၃။ (ဂ) သံအမတ်ကြီး ဂွမ်က ပြောရာတွင် မြန်မာနိုင်ငံသို့လာရောက်ကြသည့် တရုတ် အရာရှိများက ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများကို တွေ့ဆုံ ဆွေးနွေးမှု အရှိန်မြှင့်ရန် တိုက်တွန်း ကြကြောင်းနှင့် နောက်ပြန်ဆုတ် မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ခံမည် မဟုတ်ကြောင်း သတိပေးခဲ့ကြသည်။ သူက သဘောတူညီ သည်မှာ အင်အားစုအသီးသီးက စ၍ စကား ပြောဆိုသင့်ပြီး မိမိတို့ အနေဖြင့် အပြုသဘောဆောင်သည့် ဝေဖန်ချက်များ လုပ်ရန် တိုက်တွန်းသည်။ တာဝန်ခံက ပြောရာတွင် "စတင်စကားပြောရန်" ဆိုသည်မှာ အလွန် အပြုသဘောဆောင်သည့် အကြံပြုချက်ဖြစ်ပြီး အမှန်တကယ် ပြောဆိုဆွေးနွေးနိုင်ပါက ကမ္ဘာက ကြို ဆိုကြမည်သာ ဖြစ်သည်။ အကယ်၍ စစ်ဗိုလ်ချုပ်များအနေဖြင့် တွေ့ဆုံဆွေးနွေးမှုအပေါ် လေးနက်ပါက နေ့စဉ်တွေ့ဆုံ စကား ပြောနေသင့်သည်။ ဒေါ်အောင်ဆန်းစုကြည် သာမက တိုင်းရင်းသား ခေါင်းဆောင်များ၊ အခြား စိတ်ပါဝင်စားသူ နိုင်ငံသား များနှင့်လည်း ပြောဆို ဆွေးနွေး နေသင့်သည်ဟု ပြောသည်။ လူတဦးနှင့် ၂-လကြာပြီးမှ တနာရီကြာ တခါ ဆွေးနွေးသည်မှာ ဟန်ပြသာ ဖြစ်ကြောင်း၊ မလေးနက်ကြောင်း တာဝန်ခံက ပြောသည်။ ထို့ပြင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အခြားမည်သူနှင့်မျှ တွေ့ခွင့် မပေးကြောင်း၊ စစ်အစိုးရ သူ့အပေါ် သက်ညှာ လွတ်လပ်ခွင့်ပေးပါက လူအမျိုးမျိုးထံမှ အကြံဉာဏ်များ တိုင်ပင်ရယူနိုင်မည် ဟု သူကဆိုသည်။
ထိန်းချုပ်မှုနှင့် ဆူပူမငြိမ်သက်မှုများ
-------------------
၎။ (ဂ) ဂွမ်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ မစတင်နိုင်ရခြင်း ကြောင့်ကြမှု ၂-ခုအဖြစ် အာဏာ လက်လွတ်မည်နှင့် စီးပွားရေး အကျိုးစီးပွားများ လက်လွှတ်ရမည်ကို ရွံ့စိတ်ကို ရည်ညွှန်း ပြောကြားသည်။ ဂွမ်က အကြံပေးရာ၌ ထိပ်တန်း ခေါင်းဆောင်များကို "သူတို့ အသက် ဆုံးရှုံးရမည် မဟုတ်ကြောင်း" အာမခံ ပေးနိုင်ပါက၊ စီးပွားရေး အကျိုးစီးပွားများ ဆက်ရှိမည်ဆိုပါက တဖြည်းဖြည်းချင်း အာဏာ လက်လွှတ်ရန် စိတ်ဝင်စားဖွယ် ရှိသည်ဟု ဆိုသည်။ စီးပွားရေး အကျိုးအမြတ်များက စစ်ဗိုလ်ချုပ်များနှင့် သူတို့ မိသားစုဝင် များအတွက် ပို၍ အရေးပါပုံ ရသည်ဟု သူက ပြောသည်။ ဤအချက်များကို ညှိနှိုင်းဆွေးနွေး၍ ရနိုင်ကြောင်း တာဝန်ခံက တုံ့ပြန်ပြီး ယခုပင် စဖို့ လိုသည်ဟု ထပ်ပြောသည်။ အကယ်၍ လူထု မကျေနပ်မှုကြီးလာပြီး ဆူပူ မငြိမ်သက်မှုများ ဖြစ်ပွားလာပါက ညှိနှိုင်း ဆွေးနွေးစရာ ကျန်တော့မည် မဟုတ်ဟု သူက ဖြည့်စွက်ပြောသည်။
၅။ (ဂ) စစ်ဗိုလ်ချုပ်များက သူတို့လမ်းပြမြေပုံအတိုင်း ဆက်သွားလိုကြောင်း ဂွမ်က ပြောသည်။ တာဝန် ခံက အကြံပြုရာတွင် ကျန်ရှိသည့် အဆင့်တိုင်း၌ လူအများကို ပို၍ ပူးပေါင်း ပါဝင်ခွင့်ပေးပြီး သူတို့လမ်းပြ မြေပုံအတိုင်း ဆက်သွားနိုင်ကြောင်း၊ ယခု လက်ရှိဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲရေး အဆင့်၌ပင် ဆောင်ရွက်နိုင် ကြောင်း ပြောသည်။ ဤအတွက်ကြောင့် လမ်းပြမြေပုံ လုပ်ငန်းစဉ်ကို အချိန်ပို ယူရနိုင်သော်လည်း နောက်ဆုံး လူအများ လက်ခံနိုင်သည့် ရလဒ် ထွက်ပေါ်လာဖွယ် ရှိကြောင်း၊ အားလုံးအတွက် ကောင်းကြောင်း ပြောသည်။ လမ်းပြမြေပုံ လုပ်ငန်းစဉ်သည် လူအများ မြင်တွေ့လိုသော တည်ငြိမ်မှု ပေးနိုင်ဖွယ် မရှိကြောင်း တာဝန်ခံက ပြောသည်။ အကြောင်းမှာ ဒီမိုကရေစီရေး ထောက်ခံသူများနှင့် တိုင်းရင်းသား လူနည်းစုများ၏ လိုလားချက်များကို ထည့်သွင်း မထားသောကြောင့် ဖြစ်သည်။ ယခင် အစည်းအဝေးတွင် သူဆွေးနွေးခဲ့သလို လမ်းပြ မြေပုံလျင်မြန်အောင် ဆောင်ရွက်မှုဖြင့် နာမည်ယူမည့် အစား ဤသို့ ဆောင်ရွက်သင့်သည်ဟု ပြောရာ ဂွမ်က သဘောတူကြောင်း ခေါင်းငြိမ့်သည်။ တရုတ်နိုင်ငံက တည်ငြိမ်မှုကို မြင်တွေ့လိုကြောင်း ထပ်၍ ပြောကြားသည်။ တာဝန်ခံက ပြောရာတွင် လာမည့်လများတွင် ဆန္ဒပြပွဲများ ထပ်၍ တွေ့ရဖွယ်ရှိကြောင်း၊ အမှန်တကယ် တွေ့ဆုံ ဆွေးနွေးမှုများကို လူအများ မမြင်ရပါက ဖြစ်ဖွယ်ရှိကြောင်း ပြောသည်။ သူက ပြဿနာအများစုကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပြောသည်။ အင်အားစု အများနှင့် စကားပြောရန်၊ ဆက်၍ ပြောရန်သာ လိုကြောင်း ပြောသည်။
၆။ (ဂ) သဘာဝဓာတ်ငွေ့နှင့် ရေနံ ရောင်းရငွေမှ ဘဏ္ဍာငွေ တိုးတက်ရရှိလာသော်လည်း မြန်မာ ပြည်သူများ ကောင်းကျိုး အတွက် စစ်အစိုးရက မည်သို့မျှ ဆောင်ရွက်မပေးခဲ့ကြောင်း ဂွမ်က အသိအမှတ်ပြုသည်။ ဂြိုဟ်တု စလောင်းများအပေါ် အခကြေးငွေ များစွာ မြှင့်တင်လိုက်သည့် အတွက် စစ်အစိုးရကို လူထုက နောက်ထပ် ပြဿနာရှာ နိုင်ကြောင်းလည်း အသိအမှတ်ပြုသည်။ ဤဆောင်ရွက်ချက်သည် လူများကို သတင်း ဖြတ်တောက်ရန် ဖြစ်သော်လည်း သူတို့ ထွက်ပေါက်ကလေး ဖြစ်နေသည့် ဘောလုံးပွဲနှင့် ကိုရီးယား ဇာတ်လမ်းတွဲများနှင့်ပါ မထိတွေ့ရအောင် ပိတ်ပင်ရာ ကျကြောင်း တာဝန်ခံက ပြောသည်။ အစိုးရက အလွန်ဖိနှိပ်ရာ ကြိုးပမ်းလျှင် ပေါက်ကွဲတတ်ကြောင်း တရုတ်နိုင်ငံ အနေနှင့် သင်ခန်းစာ ယူမိသည်။ မြန်မာနိုင်ငံတွင် ဆူပူ မငြိမ်သက်မှု အန္တရာယ်ရှိနေကြောင်း သူနားလည်သည်ဟု ဂွမ်ကဆိုသည်။
၇။ (ဂ) ဂွမ်က လွတ်လပ်ရေးရပြီး ပထမ ၁ဝ-နှစ်နှင့် ဦးနေဝင်း၏ ၁၉၈၈ က ဒီမိုကရေစီ ပြောင်းလဲရေး ကြိုးပမ်းခဲ့ပုံကို ကိုးကား၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အလုပ်ဖြစ်နိုင်မည်-မဖြစ်နိုင်မည်ကို မေးခွန်း ထုတ်သည်။ တာဝန်ခံက ရှင်းပြရာ၌ နိုင်ငံ အများစုမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အလားတူ လှုပ်ရှား ရုန်းကန် ခဲ့ရကြောင်း၊ ယခုလက်ရှိ ဗိုလ်ချုပ်များသည်ပင် ၁၉၈၈ မှစ၍ ယခုတိုင် ပိတ်ဆို့ ထားခဲ့သူများ ဖြစ် ကြောင်း သတိပေးပြောကြားသည်။ မြန်မာ လူထုများအနေဖြင့် အတိတ်က သင်ခန်းစာယူပြီး သူတို့အနာ ဂတ်တွက် ပြောရေးဆိုခွင့် ရှိပါက တည်ငြိမ်မှုကို ထိန်းသိမ်း လိုလိမ့်မည်ဟု တာဝန်ခံက ပြောကြားသည်။ ဂွမ် က အချို့သော ပြဿနာများတွင် အပြင်က ဝင်ဆုံးဖြတ်ရန် မသင့်ဟု ပြောသည်။ ဥပမာ-မိသားစုတွင်းက လိင်ကိစ္စ ပြဿနာမျိုး ဖြစ်သည်။ တာဝန်ခံက သဘောတူပြီး ပြင်ပပုဂ္ဂိုလ်များ၏ တာဝန်မှာ အင်အားစုများကို စကားပြောဆိုရန် တိုက်တွန်းရန်သာ ဖြစ်သည်။ မည်သည့်ကိစ္စများ ဆွေးနွေးသည်၊ သဘောတူသည်မှာ သူတို့ကိစ္စသာ ဖြစ်သည်။ တာဝန်ခံက တရုတ်နိုင်ငံအနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်း၍ အမှန်တကယ် တွေ့ဆုံဆွေးနွေးမှုများ ယခုပင် ဖြစ်မြောက်ရန်၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ပါတီ အဖွဲ့အစည်းများမှ လူများ လက်ခံသည့် ရှေ့ဆက်သွားနိုင်သည့်လမ်း ထွက်ပေါ်လာသည့်တိုင် တိုက်တွန်းပေးဖို့ ပြောသည်။
ကြံ့ဖွံ့နှင့် တွေ့ပါ။ NLD နှင့် မတွေ့ပါနှင့်
--------------------------
၈။ (ဂ) တာဝန်ခံက မှတ်ချက်ပေးရာတွင် မကြာမီကလာသော တရုတ်ဧည့်သည်များ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (စစ်အစိုးရ၏ လူထုအဖွဲ့အစည်း- USDA) နှင့်သာ များစွာ အချိန်ပေးသည်ဟု ပြောသည်။ တရုတ်နိုင်ငံ၏ ပင်မ နိုင်ငံရေးပါတီ ၈-ခုအနက်မှ အဆင့်မြင့် အရာရှိနှင့် ပြည်သူ့ ကွန်ဂရက်မှ ဟီ လူလီ (He Luli) ကို ဂွမ်က ဖော်ပြ ပြောဆိုသည်။ ဂွမ်က USDA အနေဖြင့် နိုင်ငံရေးပါတီ တခုအဖြစ် ပြင်ဆင်နေသည်ဟု မယုံကြည်ကြောင်း ပြောသည်။ သူက မှတ်ချက်ပြုရာ၌ USDA တွင် အဖွဲ့ဝင် ၂၄ သန်းရှိပြီး ၆ဝ% မှာ အသက် ၁၈-နှစ်အောက် ဖြစ်သည်။ သို့အတွက်ကြောင့် မဲမပေးနိုင်ကြပါ။ တာဝန်ခံက ဂွမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တွေ့နိုင်သလောဟု မေးသည်။ ဂွမ်က "အစိုးရက ခွင့်ပြုမည် မထင်ကြောင်း" မြန်မာအစိုးရကို ရည်ညွန်း၍ အမြန် ပြန်ဖြေသည်။
၉။ (ဂ) နိုင်ငံခြားရေးဝန်ကြီးဌာနက မိမိတို့ NLD နှင့် "များစွာ" တွေ့ဆုံခဲ့သည်ကို စောဒက တက်ကြောင်း တာဝန်ခံက ပြောသည်။ တရုတ်များကိုလည်း အလားတူ ပြောဆိုမှု ရှိ-မရှိ မေးသည်။ သူက ပြုံး၍ မရှိဟု ခေါင်းကို ယမ်းပြသည်။ NLD ထံသို့ တာဝန်ခံ သွားလည် ခဲ့သလားဟု မေးသည်။ သူက ရှိသည်ဟု ဖြေသည်။ သူက သံအမတ်ကြီးကို NLD အဖွဲ့ဝင်များနှင့် မိတ်ဆက် ပေးလိုကြောင်း ဖြည့်စွက် ပြောသည်။ သူက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေထံမှ စာတစောင် လက်ခံရရှိဖူးကြောင်း၊ တွေ့ဆုံဆွေးနွေးခွင့် တောင်းထားသော်လည်း မချိန်းဆို ရသေးကြောင်း၊ သို့သော်လည်း အမျိုးသားနေ့ အခမ်းအနားတွင် တွေ့ဆုံစဉ်က လက်ဆွဲ နှုတ်ဆက်ဖူး ကြောင်း ပြောသည်။ သူက မှတ်ချက်ပေးရာ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် NLD နှင့် တာဝန်ခံတွေ့ဆုံ မှုကို ပိတ်ပင် တားဆီးမည် မဟုတ်ကြောင်း၊ များစွာ မတွေ့ဆုံရန်သာ အကြံပေးကြောင်း ပြောသည်။ အစိုးရနှင့် မတူသည်မှာ NLD က မိမိတို့နှင့် တွေ့ဆုံ စကားပြောလို သောကြောင့် မိမိတို့ကလည်း ပုံမှန် တွေ့ဆုံနေကြောင်း တာဝန်ခံက ပြောသည်။ တရုတ်အရာရှိများက ထိပ်တန်း ခေါင်းဆောင်များ အနေဖြင့် (US) တာဝန်ခံနှင့် တွေ့ပါရန် အကြံပေးထားသည်ဟု ဂွမ်က ပြောသည်။ ဗိုလ်ချုပ် သန်းရွှေက တွေ့ပါမည်ဟု တရုတ် ဒု-နိုင်ငံခြားရေး ဝန်ကြီးကို ဖြေဆိုခဲ့သည်။
၁ဝ။ (ဂ) မှတ်ချက်။ သန်းရွှေ စစ်အစိုးရ၏ လေးဖင့်နေမှုအပေါ် တရုတ်ကလည်း စိတ်ပျက်နေ သည်မှာ အထင် အရှား ဖြစ်သည်။ ဒီမိုကရေစီ၊ ဆန္ဒပြပွဲများ၊ နိုင်ငံရေး တက်ကြွသူ သံဃာများကြောင့် သူတို့စိတ် မသက်မသာ ဖြစ်သော်လည်း စစ်ဗိုလ်ချုပ်များက ဆွေးနွေးရန် ငြင်းဆန်နေသမျှ နောက်ထပ် မတည်ငြိမ် ဆူပူမှုများအန္တရာယ် တိုးလာနေကြောင်း သူတို့ သဘောပေါက်သည်။ ဤ မတည်ငြိမ် ဆူပူမှုများသည် ဤနိုင်ငံတွင်းရှိ တရုတ် စီးပွားရေး အကျိုးစီးပွားကို မလွဲမရှောင်သာ ထိခိုက်စေမည် ဖြစ်သည်။ တည်ငြိမ်မှုကို မြှင့်တင်မည် ဆိုလျှင် မြန်မာနိုင်ငံ အရေး၌ မိမိတို့ ချဉ်းကပ်မှုဘက်သို့ ပို၍ နီးစပ်လာရန် ရှိသည်။ ဤနိုင်ငံတွင်းရှိ သူတို့ အကျိုးစီးပွားများကို ကာကွယ်ရန် စစ်ဗိုလ်ချုပ် များကိုချည်း အားထားရန် မဖြစ်နိုင်ပါ။ ဒီမိုကရေစီရေး ထောက်ခံသူများ အပါအဝင် အချို့ကြားခံ အုပ်စုများကို ငြိမ်းချမ်းရေးအတွက် အဖြေထည့် သွင်း စဉ်းစားရမည် ဖြစ်ကြောင်း သဘောပေါက်သည်။ ဤဆွေးနွေးမှု များသည် ယခုပင် စတင်ရန် လိုအပ်နေ သည်။ စစ်ဗိုလ်ချုပ်များ သူတို့အနာဂတ်အတွက် စိုးရိမ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ သို့အတွက် ကြောင့် တိတ်တဆိတ် ကာကွယ်မှုအတွက် အာမခံချက် ပေးခြင်းဖြင့် သူတို့ကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်း သို့ ခေါ်လာနိုင်ဖွယ် ရှိသည်။ တရုတ် နိုင်ငံကလည်း သူတို့ကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းသို့ ခေါ်လာနိုင်စေ ရန် ဆန္ဒတူ ရှိနေသည်။ တရုတ် သံအမတ်ကြီးက မိမိတို့နှင့် ဆက်၍ လုပ်ကိုင်ရန် စိတ်ဝင်စားမှု ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြသည်။
ဗယ်လာရိုဆာ
Ref: မဇ္ဈိမ
















































BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88