အာရကန်ကိုကို-မောင်တော(မြစ်မခ)
1 Sep, 2012
ခရီးသွားအင်အားနည်းပါးနေခြင်းနှင့်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ နှေးကွေးလာခြင်းကြောင့် မောင်တော-ဘူးသီးတောင် ပြေးဆွဲ နေသော ကုန်တင်ကားများနှင့် ခရီးသည်သွားလာမှုမှာ ထက်ဝက်နီးပါး လျော့ကျသွားကြောင်း မောင်တောမြို့ခံ ယာဉ်မောင်း များ က ပြောသည်။
မောင်တောဒေသအပါအဝင် ရခိုင်ပြည်နယ်အတွင်း ဇွန်လအတွင်းကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ် များကြောင့် မောင်တော နယ် စပ်ကုန်သွယ်ရေးလည်ပတ်မှုလုပ်ငန်းများ ယာယီပိတ်ထားခြင်းကြောင့် ကုန်စည်လည်ပတ်စီးဆင်းမှုလုပ်ငန်းများ ကျဆင်းလာခြင်း ဖြစ်သည်။
အရှည် (၁၆)မိုင်သာရှိသော်လည်း မြန်မာ-ဘင်္ဂဒေ့ရှ်နယ်စပ်က့န်သွယ်ရေး လုပ်ငန်းများ အတွက် အဓိကအရေးပါနေသော မောင်တော-ဘူးသီးတောင် ကားလမ်းတွင် ယခင်က ခရီးသည် တင်ကား(၁၄)စီးနှင့် ကုန်တင်ကားစီးရေ(၂ဝ)ဝန်းကျင်မှာ ခေါက်တုံ့ ခေါက်ပြန်စနစ်ဖြင့် နေစဉ်ပြေးဆွဲပေးလျက်ရှိရာ နေ့စဉ်ခရီးသည်(၁ဝဝဝ)ဝန်းကျင် အထိ သွားလာမှု များရှိခဲ့ကြောင်း ကိုလည်း သိရသည်။
''ဇွန်လလည်ပိုင်းမှစပြီး ဒီနေ့အချိန်ထိ ပုံမှန်ခရီးသွားအင်အားက ထက်ဝက်ကျော် အထိကျဆင်းနေပါတယ်။ အဓိကတော ဇွန်လ အတွင်းကဖြစ်စဉ်ဖြစ်ရပ်တွေရဲ့ သက်ရောက်မှုကြောင့် ကုန်စည်လည်ပတ်မှုနှေး ကွေးနေတာရယ်၊နောက်ပြီး မောင်တော နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းကို ပိတ်ထားခဲ့တာကြောင့်လည်း အများကြီး ဆိုင်တာပေါ့''ဟု ၄င်းက မောင်တောနယ်စပ်ပို့ ကုန်လုပ် ငန်းကြီးတစ်ဦးကပြောသည်။
သက်ဆိုင်ရာမှ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအား သြဂုတ်လ(၂၇)ရက် နေ့က ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ခဲ့သော်လည်း လက်ရှိကာလအထိ နှစ်နိုင်ငံပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များမှာ ကုန်ပစ္စည်းတင်ပို့နိုင်ခြင်းမရှိသေးပေ။
''အရင်ကဆို တစ်နေ့ကို ခေါက်တုံ့ခေါက်ပြန်နှစ်ခေါက် သုံးခေါက် ပုံမှန်ပြေးဆွဲ ရပါတယ်။ ကုန်စည်လည်ပတ်မှုနှေးကွေးနေတာနဲ့ ခရီးသွားအင်အားကျဆင်းနေမှု များကြောင့် တစ်နေ့ကို တစ်ခေါက်တောင်အနိုင်နိုင်ပြေးဆွဲနေရတာပါ''ဟု ဘူးသီးတောင် မြို့ခံ ယာဉ်မောင်း ဦးထွန်နိုင်က ပြောသည်။
ထိုကဲ့သို့ ကုန်စည်လည်ပတ်စီးဆင်းမှု နှေးကွေးနေခြင်းနှင့် ခရီးသွားအင်အားကျ ဆင်းနေမှုများကြောင့် စားသောက်ကုန်ပစ္စည်းများ အပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးကွက်တွင် ဈေးအနည်ငယ်မြင့်တက်မှုများ ရှိလာကြောင်း မောင်တော၊ဘူးသီး တောင် ဆန်ဈေးကွက်နှင့်စားကုန်သောက်ကုန်ဈေးကွက်အတွင်းက သတင်းရရှိသည်။
ယခင် ကုန်စည်စီးဆင်းမှု အနေအထားအရ မောင်တောဘက်မှ ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့လျက်ရှိသလို ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အထည်အလိပ် လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများ ဝင်ရောက်ခဲ့ကြောင်းကိုလည်း သိရသည်။
Ref: မြစ်မခ
Monday, September 3, 2012
မောင်တော-ဘူးသီးတောင် ကုန်စည်စီးဆင်းမှု ပုံမှန်အခြေအနေသို့ မရောက်ရှိသေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment