Tuesday, January 29, 2013

တိုင်းရင်းသားပေါင်းစုံပါဝင်သီဆိုမည့် ဂီတဖျော်ဖြေပွဲကြီးနှင့် ပတ်သက်သောသတင်းစာရှင်းလင်းပွဲ ပြုလုပ်

ခိုင်ခိုင်
28 January 2013

ယနေ့ ဇန်နဝါရီ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် တိုင်းရင်းသားပေါင်းစုံပါဝင်မည့် ဂီတဖျော်ဖြေပွဲကြီးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းရှိ ရခိုင်အမျိုးသား ကွန်ယက်ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသတင်းစာ ရှင်းလင်းပွဲသည် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကျင်းပပြုလုပ်မည့် " ငြိမ်းချမ်းရေး တေးသံ ပြည့်အားမာန် " ဂီတဖျော်ဖြေပွဲအတွက် ပြုလုပ်ခြင်း ဖြစ်ပြီး ရခိုင်အမျိုးသားကွန်ယက်မှ ဦးဆောင်ကျင်းပကာ အဆိုတော်များ၊ မီဒီယာများ၊ ရခိုင်အမျိုးသား ကွန်ယက်မှ အဖွဲ့ဝင်များ လူဦးရေ ၅၀ ခန့် တက် ရောက်ခဲ့ကြောင်း အာရ်ကန်တိုင်းမ်သို့ ပြောကြား သည်။

သတင်းစာ ရှင်းလင်းပွဲလုပ်ရသည့် ရည်ရွယ်ချက်အား ရခိုင်အမျိုးသားကွန်ယက် ဥက္ကဌ ကိုတင်ထူးအောင်အား မေးမြန်းရာ " ငြိမ်းချမ်းရေးတေးသံ ပြည့်အား မာန်ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းဖို့၊ ဒီတေးသံတွေကို ပြည်ထောင်စုတစ်ခုလုံးကို လွှမ်းခြုံနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ လုပ်ရ တဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲကနေ ရလာတဲ့ အကျိုးအမြတ်တွေကို ပြည်ထောင်စု မြန်မာနိုင်ငံတစ်ခုလုံးမှာ ရှိနေကြတဲ့ တိုင်းရင်းသားတွေအားလုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့်အထွေထွေ လိုအပ်ချက်တွေကို အဓိကဖြည့်ဆည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီပွဲကရလာတဲ့ အကျိုးအမြတ်တွေကို ကချင်ဒေသနှင့်ရခိုင်ဒေသ ၊ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ တိုင်းရင်းသားဒေသတွေကို အဓိကပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ရခိုင်အမျိုးသား ကွန်ယက်ရဲ့ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များမှာလည်း အသုံးပြုသွားမှာဖြစ်ပါတယ်။ " ဟုပြောသည်။

ဂီတဖျော်ဖြေပွဲတွင် ဇော်ပိုင်၊ နေတိုး၊ ထူးအယ်လင်း၊ ဝင်းကိုခိုင်၊ ဟက်ကက်၊ ရိန်မိုး အစရှိသည့် အဆိုတော်၂၀ ကျော်ခန့် ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။

ဂီတ ဖြေဖျော်ပွဲ ဖြစ်မြောက်ရေး စီစဉ်နေသူတစ်ဦးဖြစ်သူ အဆိုတော်ညီသူဟန် က " ဒီနေရာမှာ ကျွန်တော် ကူညီပေးခွင့်ရတာ အတိုင်းမသိဝမ်းသာANN copy မိပါတယ်။ ကျွန်တော်တို့ လူမျိုးတစ်မျိုး မဟုတ်ပဲနဲ့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကိုလည်း မျှဝေခွင့်ရပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာအက၊ ရိုးရာ ဝတ်စုံတွေလည်းပါတယ်။ တိုင်းရင်းသားတွေအားလုံး အပြန်အလှန်နားလည်မှု၊ စည်းလုံးမှုတွေရရှိပြီး အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာသာယာယာ မြင်ချင်ပါတယ်။ " ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက် ပြုလုပ်မည့် " ငြိမ်းချမ်းရေး တေးသံပြည့်အားမာန် " ဂီတဖျော်ဖြေပွဲကြီးသည် တိုင်းရင်းသားပေါင်းစုံ ပါဝင်သီဆိုမှာဖြစ်ပြီး ဆင်းရဲချို့ တဲ့၍ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော တိုင်းရင်းသားဒေသတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပြုလုပ်သောပွဲဖြစ်သည်။ ထိုဂီတပွဲတွင် တိုင်းရင်းသားများအချင်းချင်း အပြန်အလှန် နားလည်မှုကိုရရှိစေပြီး စည်းလုံးညီညွှတ်မှုကို ဖြစ်စေမည့် ပွဲတစ်ခုလည်းဖြစ်သည်။

Ref: အာရ်ကန်တိုင်းမ်

0 comments:

အပေါ်သို့