Monday, January 28, 2013

သင်္ဃန်းကျွန်းမြို့နယ်က ဒေသခံတွေ ဆန္ဒပြ

2013-01-27

ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊ဝေဇယန္တာလမ်းမရဲ့ ဘေးဖက်မှာရှိတဲ့ မိချောင်းကန် စိုက်ပျိုးရေး မြေကွက် အပိုင်း(၁)၊ (၂)၊ (၃)ကို ၁၉၉၂ခုနှစ်တုန်းက စစ်တပ်ကနေ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး မြေသိမ်းခံထားရတဲ့ ဒေသခံ(၅၀၀)ကျော်ဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ "ငါတို့မြေ ငါတို့ကို ပြန်ပေး၊ လူ့အခွင့်ရေး တန်းတူပေး၊ ပြည်သူရဲ့အသံ အမှန်နားထောင်ပေး"ဆိုတဲ့ စာတန်း တွေပါတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဝေဇယန္တာလမ်းနဲ့ ပြည်သာယာလမ်းဆုံမှာ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

ဒီကနေ့ ဆန္ဒပြပွဲကို အာဏာပိုင်တွေဆီမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ဆန္ဒပြမယ့် ဝေဇယန္တာလမ်းမကို ပြုပြင်နေတဲ့အတွက် လမ်းပိတ်ဆို့မှုတွေ မဖြစ်ပွားအောင် ပြုလုပ်ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့