Sunday, July 31, 2011

အစိုးရ စစ်တပ်ယာဉ်တန်းကို SSA တပ်ဖွဲ့ ခြုံခိုတိုက်ခိုက်

2011-07-31

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်နဲ့ နမ့်စမ်မြို့ အကြား ဝမ်ပုံရွာအနီးမှာ မြန်မာအစိုးရတပ်နဲ့ SSA တပ်တို့ စနေနေ့ မွန်းလွဲ ၄ နာရီခန့်မှာ တိုက်ပွဲ အတန်ကြာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒေသခံတွေ အဆိုအရ အစိုးရတပ် ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က ကားသုံးစီးပါ ယာဉ်တန်းကို လွိုင်လင်မြို့ကနေ ၇ မိုင်အကွာ ဝမ်ပုံရွာ အနီးမှာ SSA တပ်တွေက ခြုံခိုတိုက်ခိုက်ရာက စတင်လို့ တိုက်ပွဲ ဖြစ်ပွားတာလို့ သိရပါတယ်။ အထိအခိုက် အကျအဆုံး ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ လေးရက်လောက်ကလည်း နမ့်စမ်မြို့ နယ် ဟိုနမ်းရွာ ဂွတ်ချိုးကွေ့အနီးမှာ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ပအို့တပ်နဲ့ SSA တပ်ဖွဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သေးတယ်လို့ သိရှိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့