August 2, 2011
နေသွင်
နယ်ဝေးထောင် တွေမှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ၉ ဦး လွတ်မြောက်ရေးအတွက် ဥပဒေကြောင်းအရ စီစဉ်နေပါတယ်။
၂၀၀၈ ခုနှစ်တုန်းက ထောင်ဒဏ် ၆၅ နှစ်ခွဲစီ ချမှတ်ခံထားရတဲ့ ကိုမင်းကိုနိုင်နဲ့ ၉ ဦးဟာ အမှုရင်ဆိုင်နေတဲ့ကာလမှာ သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့တဲ့အတွက် အခုလို စီစဉ် ရတာလို့ ဦးအောင်သိန်းက ပြောပါတယ်။
“ရပိုင်ခွင့် ကတော့ သူတို့ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုက အစဖြစ်ပြီး ပြစ်ဒဏ်တွေ စီရင်လိုက်တာပေါ့။ အဲဒါတွေအပေါ်မှာ သူတို့ပြန်လည်သုံးသပ်ပြီး စစ်ဆေးချင်စစ်ဆေးပေါ့။ ဒါမှ မဟုတ်လည်း အပြီးအပြတ်လွှတ်ပေါ့။ ကျနော်တို့ ဒါအကြောင်းပြချက်တွေနဲ့ သွားမှာပေါ့။”
ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲက လုပ်ဆောင် တာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားတွေနဲ့ပတ်သက်လို့ အစိုးရ သစ်လက်ထက်မှာ ဥပဒေကြောင်းအရ ပထမဆုံး ကြိုးပမ်းမှုလို့ ဦးအောင်သိန်းက ဆိုပါတယ်။
“ဒီအုပ်စုက နဂိုကတည်းကိုက ရှေ့နေလည်း မပါဘူး။ သူတို့ကလည်း ဘာမှမမေးဘူး။ ဘယ်အယူခံမှလည်း မတက်ဘူး။ အဲဒါကြောင့် ကျနော်တို့က သူတို့ရဲ့ အခွင့်အရေး ဆုံးရှုံးနေတယ်။ သူတို့ဟာ မတရားဖမ်းဆီး ချုပ်နှောင်ခြင်း ခံနေရတာတွေ ပေါ်ပေါက်နေတယ်။ အဲဒီကနေ ပြစ်ဒဏ်ကျသွားတယ်။ နောက်ပြီးတော့ သူတို့မိသားစုတွေနဲ့ အဆက်အသွယ်မရခဲ့ဘူး။ ရှေ့နေရှေ့ရပ် ငှားရမ်းခွင့်တွေ မရခဲ့ဘူး။ အဲဒါကြောင့် ဒီအမှုတွေကို Extract လုပ်ပြီးတော့ ဦးစွာတင်လျှောက်ကြည့်မယ်။”
၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မအူပင်ထောင်တွင်း တံခါးပိတ်ခုံရုံးကနေ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံလိုက်သည့် ၉ ဦးအမှုတွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဉာဏ်လင်း၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုမျိုးအောင်နိုင် တို့ ပါဝင်ပါတယ်။
ဦးသိန်း စိန်အစိုးရက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေမရှိပါဘူးလို့ ငြင်းဆန် နေပေမယ့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ဝန်းကျင်ကို အစောဆုံး ပြန်လွှတ်ပေးဖို့ အစဉ်တစိုက် တောင်းဆိုနေကြ ပါ တယ်။
Ref: ဒီဗွီဘီ
Wednesday, August 3, 2011
၈၈ မျိုးဆက်ကျောင်းသားများအမှု အစိုးရသစ်ကို တင်ပြမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment