August 1, 2011
အေးနိုင်
မကွေးတိုင်း ကံမမြို့နယ်က စစ္စရံကျေးရွာမှာ လယ်သမားတွေရဲ့မြေပေါ် ဦးပိုင်ကုမ္ပဏီက ကော့စတစ်ဆိုဒါစက်ရုံတည်ဖို့ မြေသိမ်းတဲ့အမှုကို လယ်သမား ကိုသန်းဦးပါ လေးဦးက စွဲဆိုတဲ့အမှုကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က ဒီကနေ့ ပယ်ချ လိုက်တယ်လို့ တရားလိုဘက်က အကြံပေးတဲ့ အဖွဲ့ချုပ်ဥပဒေအကြံပေး ဦးအောင်သိန်းက ပြောပါတယ်။
ဘာကြောင့် ပယ်တယ်ဆိုတာကိုတော့ နောက်ရက်ပိုင်းကျမှ သိနိုင်မယ်လို့ သူက ပြောပါတယ်။
ကိုသန်းဦးပါ ငါးဦးဟာ သူတို့မြေတွေပေါ်မှာ ဦးပိုင်ကုမ္ပဏီက မြေသိမ်းပြီး ကော့စတစ်စက်ရုံ စီမံကိန်းအကောင်အထည်ဖော်တာကို ကံမမြို့နယ်တရားရုံးမှာ တရားစွဲရာမှာ ရဲရဲ့အစီရင်ခံစာပါ ပြစ်မှုမမြောက်ဘူးဆိုတဲ့ တင်ပြချက်အပေါ် မူတည်ပြီး ကံမမြို့နယ်တရားရုံးက အမှုကိုပယ်ချခဲ့ပါတယ်။
ဒီနောက် သရက်ခရိုင်တရားရုံးကို ထပ်တင်ရာမှာ အကျဉ်းနည်းနဲ့ ပယ်ချခံရပြန်တာကြောင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ကို ထပ်မံတင်ခဲ့တာပါ။
တိုင်း ဒေသကြီး တရားလွှတ်တော်က အမှုကိုလက်ခံပြီး နှစ်ဘက်လျှောက်လဲချက်တွေကို ကြားနာခဲ့ပြီး အမှုတွေကို အောက်ရုံးအတိုင်းပဲ ပယ်ချခဲ့တာဖြစ်ပြီး စီရင်ချက်မှာ ဘာကြောင့် ပယ်တယ်ဆိုတာကို မဖော်ပြသေးဘူးလို့ ဆိုပါတယ်။
ဒီအမှုသုံးခုက တော့ ဦးပိုင်ကုမ္ပဏီကတာဝန်ရှိသူ ဗိုလ်မှူးဟောင်း ဦးဝင်းမြင့်နဲ့နှစ်ဦးကို စွဲဆိုထားတဲ့ ပိုင်နက်ကျူးလွန်မှု၊ အကျိုးပျက်စီးမှု၊ ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်။ ဒီသုံးမှုစလုံးကို တိုင်းဒေသကြီး တရားလွှတ်တော်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။
အခုပယ်ချခံရတဲ့ အမှုတွေမှာ တရားလိုဖြစ်တဲ့ လယ်သမားဦးသန်းဦးပါ လေးဦးနဲ့ ကျန်တဦးဟာ အဲဒီဦးပိုင်ကုမ္ပဏီဝန်ထန်းတွေက ရိုက်နှက်မှုကျူးလွန်ပြီး ပိုက်နက်ကျူးလွန်မှု၊ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းမှု စတဲ့အမှု စွဲချက်တွေကို ခံရပြီး တရားရုံးက ထောင်ဒဏ်ချ မှတ်ပြီးကာမှ အပြစ်မှလျှော့ပေါ့ပေးသည်ဆိုပြီး အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြန်လည်လွတ် မြောက်တဲ့ လယ်သမားတွေဟာ သူတို့မှာအပြစ်မရှိတဲ့အတွက် လျှော့ပေါ့ပြစ်ဒဏ်ချမှတ်တာကို လက်မခံနိုင်ဘဲ အပြစ်မရှိကြောင်း တရားရုံးမှာ ဦးတိုက်လျှောက်ဖို့ ပြင်ဆင်နေကြပါတယ်။
Ref: ဒီဗွီဘီ
Tuesday, August 2, 2011
ကံမလယ်သမားများ စွဲဆိုသည့်အမှု ပယ်ချခံရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment