31 July 2011
အာဖရိက ဦးချိုဒေသတွင် လူထု ၁၂ သန်းမှာ အငတ်ဘေးဒဏ်ကို ဆိုးဝါးစွာ ခံစားနေပြီဖြစ်ရာ ငွေကြေး အကူအညီဖြင့် အဖြေ ရှာနိုင်ပါမည်လော။ အနှစ် ၆၀ ကာလအတွင်း အဆိုးဝါးဆုံးသော မိုးခေါင်ရေရှားမှုဒဏ်နှင့် စားနပ်ရိက္ခာ မလုံလောက်မှုတို့ကို ခံစား နေကြခြင်းဖြစ်သည်။
ဆိုမားလီယား၊ အီသီယိုးပီးယားနှင့် ကင်ညာနိုင်ငံများတွင် ဖြစ်ပါ၏။ ဆိုမားလီယား ပြည်သူ ၃ သန်းမှာ အငတ်ဘေးဒဏ်ကို ကြုံတွေ့ရတော့မည်။ နေအိမ်များကို စွန့်ခွါကြပြီး မိုဂါဒစ်ရှုး၊ အီသီယိုးပီးယားနှ့င် ကင်ညာနိုင်ငံများသို့ တဖွဲဖွဲ ၀င်ရောက် လာနေကြသည်။
၁ ဒသမ ၆ ဘီလီယံဒေါ်လာ လိုအပ်သည်ဟု ကုလသမဂ္ဂက ဆိုပါသည်။ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၅၀၀ ကို စားနပ်ရိကာ အကူအညီ အတွက် ပံ့ပိုး ပေးထားပြီးဖြစ်သည်။ အမေရိကန် အစိုးရက ဒေါ်လာ သန်း ၄၃၁ သန်းကို အရေးပေါ် စားနပ်ရိက္ခာ အကူအညီအတွက် ပံ့ပိုးရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
အရေးပေါ် အကူအညီများမှာ ရေတိုမျှသာဖြစ်နေသည်။ အငတ်ဘေးကို ကြုံတွေ့နေရသည့် အာဖရိကဦးချို တိုင်းပြည်များအနေဖြင့် ရေရှည် အဖြေ ရှာနိုင်ပါမည်လော။
ကြွေးမြီကလည်း တင်ရှိနေပြန်ပါသည်။
Ref: မောက္ခ
Monday, August 1, 2011
အငတ်ဘေးကို ငွေကြေးဖြင့် ဖြေရှင်းနိုင်ပါမည်လား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment