October 6, 2011
နော်နိုရင်း
ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆိုင်ငံ့ထားပြီးနောက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ် နိုင်ငံကို သွယ်တန်းမယ့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းကိုလည်း ရပ်ဆိုင်းသင့်ကြောင်း ရွှေဂက်စ် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့က တောင်းဆို လိုက်ပါတယ်။
ဒီကနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့အား ဖြတ်သန်းသွားမည့် ဓာတ်ငွေ့ပိုက်လိုင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ၊ ဒေသခံ ပြည်သူတွေရဲ့ လူမှုစီးပွားရေးပျက်စီးတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေတာကြောင့် ရပ်တန့်ရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံပြည်သူ တွေရဲ့ စီးပျက်စီးစေတဲ့ အပြင်ပြည်သူတွေရဲ့ အကျိုးစီးပွား တစုံတရာ မရှိနိုင်တာကြောင့် ရပ်တန်ဖို့တောင်းဆိုတာ လို့ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့က ကိုဝင်းအောင်က ပြောပါတယ်။
“ဒီစီမံကိန်း ကြောင့် လူမှုရေး၊ စီးပွားရေး၊ လူထုတွေရဲ့ဘဝ စီးပွားရေးတွေကအစ အကုန်လုံး အနာဂတ်မဲ့ ဖြစ်သွားနိုင်မယ့် အနေ အထားတခုမှာ လူထုတွေရဲ့ အသံကို နားထောင်ဖို့လိုတယ်။ နောက်တခုကလည်း ဒီစီမံကိန်းက ဘယ်လိုမှ ပြည်သူလူထုတွေ အတွက် အကျိုးစီးပွားအတွက် သတ်သတ်မှတ်မှတ်ကြီး ပြဋ္ဌာန်းထားတာမျိုးလည်း မရှိဘူး။ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့ နေရာမှာလည်း အလုပ်အကိုင် အခွင့်အလမ်းကအစ ဘာမှ မရှိခဲ့ဘူးပေါ့နော်။ အဲဒါကြောင့် ဒီစီမံကိန်းက တရုတ်စီမံကိန်းဖြစ်တယ်။ တရုတ်တွေက လာလုပ်တယ်။ ဒီစီမံကိန်းပြီးသွားရင်လည်း တရုတ်နိုင်ငံကိုပဲ သူတို့ရဲ့ အရင်းအမြစ်တွေကို၊ သူတို့ရဲ့ အနာဂတ်စီးပွားရေးတွေကို ရောင်းစားမှာ ဖြစ်တဲ့အတွက် ဒီဟာကို အကုန်လုံး ဝိုင်းဝန်းပြီးတော့ ဆန့်ကျင်သင့်တယ်။ အဲဒါကြောင့် ဒီစီမံကိန်းကို ရပ်သင့်တယ်လို့ ကျနော်တို့ အနေနဲ့ တောင်းဆိုတာပါ။”
ရွှေဂက်စ်စီမံကိန်း မှာ ကီလိုမီတာ ၂၈၀၀ ရှည်လျားတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းတည်ဆောက်ရေး စီမံကိန်း တို့ပါဝင်နေပါတယ်။
ဒီပိုက်လိုင်း ကနေတဆင့် မြန်မာပြည် အနောက်ဘက်ကမ်းရိုးတန်းရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့နဲ့ အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းလာတဲ့ ရေနံတို့ကို မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းပြီး တရုတ် ပြည်အနောက်တောင်ဒေသ ကို တင်ပို့မှာ ဖြစ်ပါတယ်။ ဒီပိုက်လိုင်းဟာ ပြီးစီးသ လောက်ဖြစ်နေပြီလို့လည်း ကိုဝင်းအောင်က ပြောပါတယ်။ ဒီသဘာဝ ဓာတ်ငွေ့ ရောင်းချခြင်းဖြင့် မြန်မာအစိုးရဟာ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံလောက်ကို ရရှိမှာဖြစ်ပေမယ့် အဲဒီငွေတွေကို လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုမှာ မဟုတ်ဘူးဘဲ လူနည်းစုဖြစ်တဲ့ စီးပွားရေးသမားတွေနဲ့ တရုတ်ကပဲ အကျိုးရရှိမှာဖြစ်တာကြောင့် ဆန့်ကျင်ကြဖို့ တိုက်တွန်းတာလို့ ပြောပါတယ်။
Ref: ဒီဗွီဘီ
Friday, October 7, 2011
ရွှေဂက်စ် စီမံကိန်းကိုလည်း ရပ်တန့်ပေးရန် တောင်းဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment