October 6, 2011
နော်နိုရင်း
ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ညောင်လိန်ကျေးရွာမှာ ဆင်းရဲနွမ်းပန်းမှုလျှော့ချ ရေးအတွက် ရွာသားတွေကို ငွေထုတ်ပေးရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက နီးစပ်တဲ့ သူ့ရွာသားတွေနဲ့ ဆွေမျိုးတွေကိုသာ ထုတ်ပေးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ညောင်လိန်ကျေးရွာက ရပ်ကွက်တွေကို တအိမ်တယောက် အစည်းအဝေးခေါ်ယူပြီး မြို့နယ်အမျိုးသမီးရေးရာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကနေပြီး တီဘီ တိုက် ဖျက်ရေးဆိုပြီး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ဟော ပြောပွဲပြီး ကျန်တဲ့ရွာသားတွေကို ပြန်လွှတ်ပေမယ့် ကညင်ကုန်း ရပ်ကွက်သားတွေကို ဆက်နေခိုင်းပြီး ညောင်လိန်ကျေး အုပ်စုအုပ်ချုပ်ရေးမှုးက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်ဆိုပြီး ငွေထုတ်ပေးခဲ့တာလို့ ညောင်လိန်ရွာသား ကိုလင်းလင်းက ပြောပါတယ်။
“ဆင်းရဲ့မှု လျှော့ချရေးနဲ့ မွေးမြူရေး ဆိုပြီးတော့ မြို့နယ်က တိရစ္ဆာန် ဆရာဝန် နဲ့ ကျေးရွာ ဥက္ကဋ္ဌ ပေါင်းပြီး ကညင်ကုန်းသားကို သာလျှင် အကုန်လုံးထုတ်တယ်။ အမျိုးမတော်တဲ့ အိမ်ကို ၃ သောင်းထုတ်ပေးတယ်။ အမျိုးတော်တဲ့ အိမ် ၃၀ ကိုကျတော့ ၁ သိန်း ၃ သောင်း ထုတ်ပေးတယ်။ အဲဒါ တညင်ကုန်း တကုန်းတည်း ကွင်းပြီး ထုတ်သွားတာ။ တကယ် ဆင်းရဲနေတဲ့လူတွေ လက်လုပ်လက်စားတွေကျတော့ ထုတ်မပေးဘဲနဲ့ ချမ်းသာတဲ့လူတွေကို ထုတ်ပေးတယ်ဆိုတော့ နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ တခြားစီပဲလို့။ နာဂစ်တုန်းကလည်း အဆက်ဆက် ဒီလိုဖြစ်လာတော့ မခံနိုင်တော့ဘူး ညောင်လယ်သားတွေက။ ဒါကြောင့် ကျနော်က တင်ပြတာပါ။”
အဲဒီချေးငွေဟာ ဧရာဝတီတိုင်းမွေးမြူရေးဌာနက အတိုး ၂ ကျပ်နှုန်းနဲ့ ထုတ်ချေးတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ညောင်လိန်ကျေး ရွအုပ်ချုပ်ရေးမှူး ဦးနေဝင်းမြင့်ကိုဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
ဒါပေမယ့် သူ့ဆွေးမျိုးနီးစပ်သူတဦးကတော့ မွေးမြူရေးလုပ်နိုင်တဲ့ အရည်အချင်းရှိသူနဲ့ ချေးငွေပြန်ဆပ်နိုင်မယ့်သူကိုသာ ချေးပေးတာလို့ ပြောပါတယ်။
“သူပြောတာက တော့ အထက်က လမ်းညွှန်မှုနဲ့ သူလည်း လုပ်တယ် ပြောတာပဲ။ မယကတို့ ခယကတို့က လှမ်းညွှန်တာတဲ့။ ဒီ ကညင်ကုန်းရွာကို ပေါ့နော်။ အဲဒါကြောင့် သူတို့ ဆင်းလာတာပါတဲ့ အဲဒီလို ပြောတာ ကြားတာပဲ။”
စုစုပေါင်း ငွေကြေး သိန်း ၅၀ ကျော်ကို ကညင်ကုန်းရွာ အိမ်ခြေ ၉၀ ကျော်အတွက် ထုတ်ချေးပေးခဲ့တာလို့ ဆိုပါတယ်။
၃ သောင်းနဲ့ ၁ သိန်းတို့ ခွဲပေးတာနဲ့ပတ်သက်လို့လည်း အခုလို ပြောပါတယ်။
“ဝက်မွေး မယ့်လူက ၁ သိန်းပေါ့နော်။ ကြက်မွေးမယ့်လူက ၃ သောင်းပေါ့။ ဝက်က အရင်းအနှီးကြီးတယ် ဆိုပြီးတော့ ဝက်သမားကို ၁ သိန်းပေးတာလေ။ ငွေက ၂ ကျပ် တိုးနဲ့ ချေးတာ။ ချေးပြီးတော့ သူတို့ အဲဒီဟာ ဝယ်ရမယ်ပေါ့။ ဘယ်နေ့ လာစစ်မယ်ပေါ့ အဲဒါပြောတယ်။”
ငွေထုတ်ချေး ပေးပြီး ပြန်မဆပ်နိုင်မှာကို စိုးရိမ်တဲ့အတွက် အခုလို သူနဲ့နီးစပ်တဲ့ ရွာသားတွေနဲ့ သူ့ဆွေမျိုးတွေကို ထုတ်ချေးတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
မွေးမြူရေးဌာနက ဆင်းရဲနွမ်းပါမှုလျှော့ချရေးအတွက်ဆိုပြီး ပထမဆုံးအကြိမ် ငွေထုတ်ချေးပေးတာလို့ ပြောပါတယ်။
တကယ့် ဆင်းရဲသူတွေက မရဘဲ ချမ်းသာတဲ့သူတွေ၊ ကျေးရွာ အုပ်ချုပ် ရေးမှူးနဲ့နီးစပ်တဲ့သူတွေသာ ရရှိနေတာကြောင့် နိုင်ငံတော် သမ္မတညွှန်ကြားချက် နဲ့ လွဲနေတဲ့အတွက် လာရောက်စစ်ဆေးပေးဖို့လည်း ညောင်လိန်ကျေးရွာသားတွေက တောင်းဆိုကြပါ တယ်။
Ref: ဒီဗွီဘီ
Friday, October 7, 2011
ဆင်းရဲနွမ်းပါးမှုပပျောက်ရေးချေးငွေကို အာဏာပိုင်နှင့်နီးစပ်သူများသာရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment