October 4, 2011
ရွှေအောင်
အောက်တိုဘာ ၁ ရက်ကစပြီး ရန်ကုန်၊ ဘုရင့်နောင် ကုန်ကားအသင်းက ကုန်တန်ဆာခတွေ တိုးမြှင့်လိုက်ပါတယ်။
ကုန်ကားတွေ တန်ပိုတင်ခွင့် မပြုတော့တာနဲ့ လမ်းတံတားကြေးတွေ တိုးကောက်ခံလာတာကြောင့် အခုလို ကုန်တန်ဆာခတွေ တိုးကောက်လာတာလို့ ဆန်ကုန်သည်တဦးက ပြောပါတယ်။
“ကျနော်တို့ လိုင်းက ကုန်ကားတွေက ၈ လပိုင်းကဆိုရင် ရန်ကုန်တောင်ကြီးကို ဆန်တအိတ်ကို ၉၀၀ ပေးရတယ်။ ၉ လပိုင်းက ရန်ကုန်-တောင်ကြီးကို ဆန်တအိတ်ကို ၁၅၀၀ ပေးရတယ်။ အခု၁၀ လပိုင်း တရက်နေ့ကနေစပြီးတော့ ဆန်တအိတ်ကို ၂၂၀၀ ပေးရတယ်။ ခြောက်ဘီးကားကို တန်ပိုမတင်ရတဲ့အခါ ခြောက်ဘီးကို ၁၆ တန်ပဲ သတ်မှတ်လိုက်တယ်။ လေးတန်လျော့သွားတယ်။ ဆယ်ဘီးကို ၂၁ တန်၊ လေးတန်လျော့သွားတယ်။ ၁၂ ဘီးကို ၂၅ တန်ပဲ တင်ခွင့်ပြုလိုက်တယ်။ အဲတော့ တန်ပိုမတင်ရတော့ဘူးဆိုပြီး သတ်မှတ်လိုက်တော့ တန်ဆာခဈေးတော့ တက်သွားတယ်။”
ကုန်ကား ပိုင်ရှင်တဦးကလည်း “လမ်းတံတားကြေးပါတိုးတယ်။ ဘယ်လောက်တိုးလဲဆိုရင် သံလွင်တံတားက အရင်ဆိုရင် ၂၀၀၀၊ ၃၀၀၀ ပေါ့။ အခု ၇၀၀၀ ဖြစ်သွားပြီ။ တန်ပိုကို ပြန်လျှော့တဲ့အပြင်ကို လမ်းတံတားကြေးပါ ပြန်တက်လိုက်တော့ ကုန်ဈေးနှုန်းတွေ က မနေ့ကစပြီး ၆၀ ဖြစ်သွားပြီ။ တပိဿာကို ၆၀ နှုန်းပေါ့။ အရင်က ၄၀- ၄၅ ကျပ်ပဲ။ အရင်က ဆန်တအိတ်ဆိုရင် ၈၀၀၊ အခု ၁၃၀၀၊ ၁၅၀၀ ဖြစ်သွားပြီ။ ဘုရင့်နောင်၊ ရန်ကုန်ကနေ ဘားအံကို။”
အခုအချိန်က ကုန်ရှားတဲ့အချိန်ဖြစ်ပြီး ရှေ့လ ကုန်တင်များတဲ့ အချိန်ဆို ကုန်တန်ဆာခတွေ ပိုတက်လာဖို့ ရှိတယ်လို့လည်း ပြောပါ တယ်။
စက်တင်ဘာလအထိ တင်ဆောင်ခွင့်ပြုထားတဲ့ ကုန်တန်ချိန်တွေကို အာဆီယံ စံချိန်စံညွှန်းအတိုင်းဆိုပြီး ထပ်လျှော့ချလိုက်သလို လမ်းတံတားကြေးတွေကိုလည်း တပြိုင်နက်တည်း တိုးကောက်လိုက်တာပါ။
အကျိုးဆက်အ နေနဲ့ ကုန်ဈေးနှုန်းတွေ တက်လာဖို့ရှိပြီး စားသုံးတဲ့ အများပြည်သူတွေပဲ ကုန်ဈေးနှုန်းတက်တဲ့ဒဏ် ခံရဖို့ရှိတယ် လို့ ကုန်သည်တွေနဲ့ ကုန်ကားပိုင်ရှင်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။
Ref: ဒီဗွီဘီ
Wednesday, October 5, 2011
တန်ပိုကန့်သတ်ချက်နှင့်လမ်းတံတားကြေး တိုးကောက်မှုကြောင့် ကုန်တန်ဆာခ မြင့်တက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment