October 5, 2011
သင့် ဘဝမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာဦးတင်မောင်သန်းဟာ မြန်မာပြည်ကနေ နှစ်ပေါင်းများစွာ ထွက်ခွာခဲ့ရာက မြန်မာနိုင်ငံကို ဒီမနက် ပြန်ရောက်လာပါတယ်။
“အခုပြောင်း လဲနေတဲ့ မြန်မာပြည်မှာ ဘာတွေလုပ်နိုင်မလဲဆိုတာ လာကြည့်တာပါ” လို့ ‘ဗဟု’ ဖွံ့ဖြိုးမှုအဖွဲ့မှာ အကြီးတန်း သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးတင်မောင်သန်းက မြန်မာပြည်ကို ဝင်ခါနီးမှာ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။
အခု မြန်မာပြည်ကို ပြန်လာတာဟာ ခေတ္တပြန်လာတာဖြစ်ကြောင်းလည်း အမေရိကန်မှာ အခြေချနေတဲ့ ဦးတင်မောင်သန်းက ပြောပါတယ်။
ဦးတင် မောင်သန်းက ရန်ကုန် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ လုပ်မယ့် Asia Economic Cooperation 2015 စာတမ်းဖမ်းပွဲကိုလည်း ဗဟုအဖွဲ့ဝင် စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးနဲ့အတူ တက်ရောက်မယ်လို့လည်း သိရပါတယ်။
ဦးတင် မောင်သန်းဟာ ပြည်ပကို ထွက်ခွာခဲ့ပြီး ဗွီအိုအေ ရေဒီယိုသတင်းဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ‘ဗဟု’ ဖွံ့ဖြိုးမှုအဖွဲ့မှာ အကြီးတန်းသုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။
Ref: ဒီဗွီဘီ
Wednesday, October 5, 2011
သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာဟောင်း တင်မောင်သန်း မြန်မာပြည်သို့ ခေတ္တပြန်ရောက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment