Monday, July 23, 2012

ကချင်နှင့်ရှမ်းမြောက်ရှိ ဒုက္ခသည်များအတွက် USAIDက ကန်ဒေါ်လာ(၃)သန်း ထောက်ပံ့

ယမင်း(မြစ်မခ)
20 Jul, 2012

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများရှိဒုက္ခသည်များ၏စားနပ်ရိက္ခာလိုအပ်ချက်အား ကူညီထောက်ပံ့နိုင်ရန် အတွက် USAID(US Agency for International Development) အဖွဲ့က အမေရိကန်ဒေါ်လာ(၃)သန်း ကူညီထောက်ပံ့ ပေး မည်ဖြစ်ကြောင်း သိရသည်။

USAID ၏ ကူညီထောက်ပံ့ငွေအား ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ WFP (WorldFood Program)မှ ဆန်မက်ထရစ်တန် ချိန် ပေါင်း(၃၄၀၀) ၀ယ်ယူ၍ ဒုက္ခသည်လူပေါင်း(၅၅၀၀၀) ခန့်အား (၆)လ ကျော် ကူညီကျွေးမွေးနိုင်ရန် စီစဉ်ခြင်းဖြစ်သည်။

“အကူအညီလိုအပ်နေတဲ့ ဒေသတွေကို ကူညီထောက်ပံ့ရမယ်ဆိုတဲ့ကျွန်တော်တို့ရဲ့မူဝါဒအရ မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်တိုင်း ရင်းသား ဘယ်ဘာသာဝင်ကိုမဆို ကူညီပေးခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချဲလ်က ပြောသည်။

အစိုးရလက်အောက်ခံနယ်မြေများသာမကအစိုးရမဟုတ်သောအဖွဲ့အစည်းအုပ်ချုပ်ခံနယ်မြေများကိုပါ ထောက်ပံ့ကူညီသွားရန် ရည်ရွယ် ကြောင်း ဇူလိုင်လ (၂၀)ရက်နေ့တွင် တက္ကသိုလ် ရိပ်သာလမ်းရှိ အမေရိကန်သံရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒဲရက် မစ်ချဲလ်ကပြောကြားခဲ့သည်။

“USAID အနေနဲ့ အရေးပေါ်ကူညီထောက်ပံ့မှုတွေ သာမကလူမှုစီးပွားဖွံ့ဖြိုးရေးတွေ၊ ဒီမိုကရေစီစနစ်ဖွံ့ဖြိုး တိုးတက်မှုတွေ အပြင် ကျန်းမာရေး လို အပ်ချက်တွေပါ နှစ်ရှည်စီမံကိန်းအနေနဲ့ လိုအပ်တဲ့ အကူအညီတွေပေးသွားမှာပါ” ဟု ဒဲရက်မစ်ချဲလ်က ပြောသည်။

မြန်မာနိုင်ငံတွင် အမေရိကန်လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမူများလုပ်ကိုင်လာနိုင်ခြင်းကြောင့် နှစ်နိုင်ငံ အကြား ကာလရှည်အကျိုး အမြတ်ရရှိလာနိုင်ကြောင်း၊ နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးကဏ္ဍတိုးတက်လာနိုင်ကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းနှင့်လူနေမှုဘ၀မြင့်မားလာရေးအတွက် များစွာ အထောက်အကူပြုနိုင်ကြောင်း၎င်းကနှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတတ်ဖွယ်ရှိကြောင်း သုံးသပ်ခဲ့သည်။

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့LeMeridien Angkor Hotel တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကိုလည်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့