၁၀ ဖေဖော်ဝါရီ ၂၀၀၉
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်း ယခုလ (၁၆) ရက်နေ့မှစတင်ကာ မတ်လကုန်အထိ တရားပွဲများ မကျင်းပရန် မြို့နယ်မယကရုံးမှ အမိန့်ထုတ်ထားကြောင်း ယင်းမြို့နယ်ရှိ သံဃာတော်တပါးက မိန့်ကြား သည်။
“ဦးဇင်းတို့ကျောင်းမှာ တပေါင်းလပြည့်နေ့ တရားပွဲကျင်းပဖို့ ဆိုင်ရာတွေကို ခွင့်ပြုချက်တင်တော့ ရဲစခန်း၊ ရပ် ကွက် သံဃမဟာနာယက၊ မြို့နယ်သံဃမဟာနာယကတွေကတော့ ခွင့်ပြုလိုက်တယ်။ မြို့နယ် မယက ရုံး ကတော့ (၂) လပိုင်းကနေ (၃) လပိုင်းကုန်အထိ တရားပွဲတွေ ပိတ်ထားတယ်ဆိုပြီး အမိန့်ချ မပေးဘူး။ အထက်က စာရောက်လာလို့ ပြောတာပဲ” ဟု အထက်ပါသံဃာတော်က မိန့်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အတွက် တရားပွဲများပိတ်ကြောင်း လျှောက်ထားမေးမြန်းရန် နိုင်ငံ တော် သံဃာ့မဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော် ဦးတေဇနိယထံ ဖုန်းဆက်ခဲ့သော်လည်း ဆရာတော်က ဖုန်းချသွားသည်။ တရားပွဲများ ကျင်းပပါက မကျင်းပမီ တရားဟောဆရာတော်များအနေဖြင့် လူမျိုးအချင်းချင်း၊ ဘာသာ အချင်း ချင်း ပဋိပက္ခဖြစ်ပွားစေမည့် အပြောအဆိုများ ပြောဆိုမည်မဟုတ်ပါကြောင်း၊ သာသနာနှင့် မလျော်ညီသော စကားလုံးများ မသုံးပါကြောင်း စသည့် ၀န်ခံကတိလက်မှတ်များ ရေးထိုးကာ သက်ဆိုင်ရာ အာဏာပိုင်များသို့ တင်ပြနေရကြောင်း သိရသည်။ တရားပွဲပြီးစီးပါက (၁) နာရီအတွင်း မြို့နယ်မယကရုံးသို့ ဟောကြားထားသည့် တရားဗွီစီဒီခွေ (၈) ခွေနှင့် တရားပွဲတွင် ဟောကြားခဲ့သမျှ လိုက်မှတ်ထားရသော လက်ရေးမူတစောင် ပေးပို့ခိုင်းထားကြောင်း သိရ သည်။ “လက်ရေးမူကိုပါ ပို့ရမယ်တဲ့။ ဗွီစီဒီအခွေထဲမှာ ချောင်းဆိုးတာကအစ အကုန်ပါနေတာပဲဆိုတာလည်း မရဘူး တဲ့။ ဗွီစီဒီအခွေကိုလည်း ည (၇) နာရီတရားပွဲက ည (၁၀) နာရီမှာပြီးရင် မယကရုံးကို ည (၁၁) နာရီ အရောက် ပို့ပေးရမယ်လို့ပြောတယ်။ ဦးဇင်းတို့ကလည်း အားလုံးတိုင်ပင်ပြီး ရတယ် လုပ်မယ်ဆိုပြီးတင်တော့ မယကဥက္ကဋ္ဌက အထက်ကစာဝင်တယ်ဆိုပြီး ပိတ်လိုက်တာပဲ။ တခြားမြို့နယ်တွေ ပါမပါတော့ မသိဘူး။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ တချို့ ပြောနေကြတာကတော့ မရမ်းကုန်းမှာ ဗိုလ်ချုပ်မှူးကြီးကတော် ရောက်နေလို့။ သူက အပိတ်ခိုင်းထားတာလို့လည်း ပြောနေကြတာပဲ” ဟု သံဃာတော်က မိန့်သည်။
မင်းနိုင်သူ
REF: ခေတ်ပြိုင်
















































0 comments:
Post a Comment