December 5, 2011
နော်နိုရင်း
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို ရန်ကုန်နဲ့မန္တလေးက လူမှုရေး အဖွဲ့တွေ သွားရောက်လှူဒါန်းကြပါတယ်။
ရန်ကုန်အ ခြေစိုက် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်း၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ မန္တလေးက ဘဝအလင်း ပရဟိတ အသင်း၊ ကလေးချစ်သူများ ကွန်ရက်တို့စုစည်းပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ပေါ်က ဒုက္ခသည်တွေကို သွားရောက်ကူညီလှူဒါန်းတာ ဖြစ်ပါတယ်။
ခရီးစဉ်ကို သုံးရက်သတ်မှတ်ထားပြီး ဒီနေ့မှာတော့ မြစ်ကြီးနားမြို့ပေါ်က စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမြတ်သူက ပြောပါတယ်။
“ဒီခရီးစဉ်က မြစ်ကြီးနားနဲ့ ဝိုင်းမော်တဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်း တွေကို လာရောက်ကူညီတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဒီနေ့ကတော့ မြစ်ကြီးနားမှာပဲ လိုက်လှူနေတယ်။ နာရေးကူညီမှုအသင်းကလည်း သူတို့အစီအစဉ်နဲ့သူတို့ လှူတယ်။ ၈၈ ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေါ့။ သွားတာတော့ အတူသွားကြတယ်။ ပိုက်ဆံပဲအဆင်ပြေတော့ ပိုက်ဆံပဲလှူကြတယ်။ ရန်ကုန်ကသွားတာ ပစ္စည်းသယ်တာနဲ့ အဲလောက်အဆင်မပြေဘူး။ ကျနော်တို့က ခွဲပြီးတော့လှူကြတယ်။ ပစ္စည်းတွေ မတိုက်အောင်လို့၊ ဒုက္ခသည်တယောက်ကို ကျပ် ၃၅၀၀ နှုန်းနဲ့ စခန်းတခုမှာရှိတဲ့ အရေအတွက်နဲ့ မြှောက်ပြီးတော့ လှူသွားတာပေါ့။ အားလုံးလည်း တန်းတူညီ တူ ရကြပါတယ်။”
မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့မှာတင် စစ်ပြေးဒုက္ခသည်ပေါင်း ရထောင်ကျော် ရှိနေပြီး သူတို့က ၃ ရက်အတွင်း ကူညီဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေ ကြောင့် ပြီးခဲ့သုံးလလောက်ကတည်းက ဒီမြစ်ကြီးနားမြို့ပေါ် ရောက်နေကြသူတွေရှိသလို တချို့ကလည်း ပြီးရက်တဲ့ ရက်ပိုင်းတွေကမှ ရောက်လာတဲ့ သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေကို မြစ်ကြီးနားမြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်းတွေမှာ လက်ခံထားပြီး အစားသောက်အတွက် အသင်းသူအသင်းသားနဲ့ အန်ဂျီအိုတချို့က ကူညီတာရှိတယ်လို့ ဒုက္ခသည်၅ဝဝနီးပါးကို လက်ခံထားတဲ့ စတာပွန် နှစ်ခြင်းဘုရားကျောင်းက ဆရာဇော်ဖောင်က ပြောပါတယ်။
တိုက်ပွဲတွေ ကြောင့် မြစ်ကြီးနားမြို့ပေါ် သုံးလလောက် တိမ်းရှောင်လာတဲ့ အမျိုးသမီးကတော့ သူကြုံတွေရတဲ့ အခက်အခဲနဲ့ ပတ်သက် ပြီး အခုလို ပြောပါတယ်။
“ကျမတို့ မြို့ပေါ်မှာ အိမ်မရှိဘူး။ အစားအသောက် အခက်အခဲ ရှိတယ်။ နေတဲ့နေရာတွေ အခက်အခဲရှိတယ်။ ဒီမှာလာလိုက်တော့ ကလေးတယောက် မုန့်ဖိုးသုံးတယ်။ မုန့်ဖိုးကလည်း မရှိဘူး။ ဘာအလုပ်အကိုင်မှ မရှိတော့ဘူး။ ကျမ ခံစားမိတာကတော့ ဘယ်နေရာမှာပဲနေနေ ဒီလိုမျိုး ဖြစ်ဖြစ်နေတာကတော့ ကောင်းတယ်လို့တော့မဟုတ်ဘူး။ တရားကျတဲ့ အစိုးရကို လိုလားတယ်။ ပြီးတော့ ပြည်သူပြည်သားတွေ ခိုင်မာတဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေရမယ်ဆိုရင် ကောင်းမွန်မယ်။”
မြန်မာအစိုး ရနဲ့ ၁ရနှစ်ကြာ အပစ်ခတ်ရပ်စဲရေးယူခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော်ကို ပြီးခဲ့တဲ့ ၂၀၁၀ ကစပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းရာကနေ လက်မခံခဲ့အတွက် အခုနှစ် ဇွန်လဆန်းပိုင်းကစပြီး အစိုးရတပ်က ကချင်တပ်ဖွဲ့တွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် ဒေသခံ ၅သောင်းခန့် ထွက်ပြေးတိမ်းရှောင် နေကြရပြီး သူတို့ရဲ့ ရွာတွေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရသလို အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ကချင်ပြည်သူတွေကို ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်မှုတွေ စတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ကချင်လူမှုအဖွဲ့တွေက ဆိုပါတယ်။
Ref: ဒီဗွီဘီ
Tuesday, December 6, 2011
ကချင်စစ်ဘေးဒုက္ခသည်ထံ လူမှုရေးအဖွဲ့များ သွားရောက်ကူညီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment