Tuesday, December 6, 2011

မဲ​ဆောက်-မြဝတီတံတား​ ပြန်ဖွင့်​၊​ တနှစ်​ကျော် တံတား​ပိတ်မှု​ကြောင့်​ ဘတ်သန်း​ ​သောင်း​ချီဆုံး​ရှုံး

December 5, 2011
မန်းစိုင်းမွန်

မဲ​ ဆောက်-မြဝတီတံတား​ကို တနှစ်​ကျော်ကြာ ပိတ်ထား​ခဲ့​တဲ့​အတွက် ထိုင်း​ဘတ်​ငွေ သန်း​ပေါင်း​ ​သောင်း​နဲ့​ချီ ဆုံး​ရှုံး​ခဲ့​တယ်လို့​ ထိုင်း​နိုင်ငံ၊​ တပ်ခရိုင် စီး​ပွား​ရေး​အသင်း​ ဒု-ဥက္ကဋ္ဌ မစ္စတာ အဖိစစ်က ​ပြောပါတယ်။

ဒီ​နေ့​ ပြန်လည်ဖွင့်​လှစ်လိုက်တဲ့​ မဲ​ဆောက်-မြဝတီတံတား​ဖွင့်​ပွဲမှာ မစ္စတာ အဖိစစ်က ခုလို ​ပြောလိုက်တာပါ။

“ထိုင်း​ -မြန်မာနယ်စပ်က အကြီး​ဆုံး​ဂိတ်​ပေါက်ဖြစ်တဲ့​ မဲ​ဆောက်မြဝတီ တံတား​ တနှစ်ကြာ ပိတ်ထား​ခဲ့​ချိန်မှာ နယ်စပ်​ရောင်း​ဝယ်​ရေး​တန်ဖိုး​ ဘတ်​ငွေသန်း​ပေါင်း​ ​လေး​သောင်း​လောက် ကျဆင်း​သွား​ခဲ့​တယ်။ ကျ​နော်တို့​ထိုင်း​ဘက်က ဘတ်သန်း​ပေါင်း​ ​သောင်း​နဲ့​ချီ ဆုံး​ရှုံး​ခဲ့​တယ်လို့​ဆိုနိုင်တယ်။


ပြီး​တော့​ အပြန်အလှန် ဆက်သွယ်မှု​တွေ နီး​စပ်မှု​တွေ ဆက်တိုက် လုပ်​ဆောင်ရမယ့်​ ပူး​တွဲစီမံကိန်း​တွေ အား​လုံး​ရပ်တန့်​နေခဲ့​ရတဲ့​ အပြင် ပြည်သူလူထု​တွေရဲ့​အပြန်အလှန် ကူး​လူး​သွား​လာ ဆက်ဆံ​ရေး​တွေဟာလည်း​ အကုန်ပြတ်​တောက်ခဲ့​တယ်။ ဒါ​တွေဟာ ​ငွေနဲ့​ တန်ဖိုး​မဖြတ်နိုင်တဲ့​ ဆုံး​ရှုံး​မှု​တွေပါ။ အခုလို တံတား​ပြန်ဖွင့်​လာ​တော့​ မြန်မာပြည်ရဲ့​အုပ်ချုပ်​ရေး​စနစ် ​ခေတ်သစ်​တွေ။ ဒါကို​ရွေး​ကောက်ပွဲကလာတဲ့​ ဝန်ကြီး​အဖွဲ့​က ဘယ်လိုစီမံကြမယ်။ တိုင်း​ရင်း​သား​လူမျိုး​စု​တွေနဲ့​ပြေလည်​အောင် ဘာ​တွေလုပ်လာကြမလဲ စတာ​တွေကို မြင်ရဖို့​ကျ​နော်တို့​မျှော်လင့်​ထား​ပါတယ်။”

တံတား​ဖွင့်​ ပွဲတက်​ရောက်ခဲ့​တဲ့​ မြန်မာဘက်က စီး​ပွား​ကူး​သန်း​ဝန်ကြီး​ ဦး​ဝင်း​မြင့်​ကလည်း​ ထိုင်း​-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်​ရေး​အတွက် မဲ​ဆောက် မြဝတီတံတား​ကို ပြန်ဖွင့်​ရတာဖြစ်ပြီး​ တံတား​ပိတ်ကတည်း​က ရပ်ထား​ခဲ့​တဲ့​ အာရှလမ်း​မ ချဲ့​ထွင်​ရေး​ စီမံကိန်း​ကိုလည်း​ ပြန်စလုပ်​တော့​မယ်လို့​ ​ပြောပါတယ်။

“ကျ​နော်တို့​ အာရှလမ်း​မ ချဲ့​ထွင်​ရေး​ စီမံကိန်း​ကိုလည်း​ ပြန်စမယ်။ ဒီနှစ်ထဲမှာ။ အစက စ​နေပြီ။ ၂ နှစ်ခွဲအပြီး​လုပ်မယ်။”

တံတား​ဖွင့်​ ပွဲကို ထိုင်း​ဘက်က ထိုင်း​အစိုး​ရ အာဏာရ ​ဖေ့​ထိုင်း​ပါတီ ပြန်ကြား​ရေး​မှူး​နဲ့​ ထိုင်း​မြန်မာ နယ်စပ်​ကော်မတီ ဥက္ကဋ္ဌတို့​ကိုယ်စား​လှယ်အဖြစ် တက်​ရောက်ပါတယ်။ မြန်မာဘက်က စီး​ပွား​ကူး​သန်း​ဝန်ကြီး​ ဦး​ဝင်း​မြင့်​နဲ့​ ထိုင်း​-မြန်မာ နယ်စပ်​ကော်မတီ ဥက္ကဌ ဗိုလ်မှူး​ထက်ခိုင်တို့​တက်​ရောက်ပါတယ်။ ဒီပွဲကို ထိုင်း​-မြန်မာလူထု ၃၀၀ ​ကျော် လာ​ရောက်ခဲ့​ကြပါတယ်။

တံတား​စဖွင့်​ တဲ့​နေ့​မှာပဲ မြဝတီဘက်က မြန်မာ ၃၀၀ ခန့်​မဲ​ဆောက်ဘက်ကို ကူး​သွား​ကြပါတယ်။ သူတို့​ဟာ ယခင် တံတား​အောက်က​နေ ​လှေ​တွေနဲ့​ထိုင်း​ဘက်ကို​နေ့​စဉ်ကူး​သွား​ပြီး​ ​ဈေး​ရောင်း​ဈေး​ဝယ် လုပ်ကိုင်​နေကြသူ​တွေ ဖြစ်ကြပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်​ရေး​တံတား​ကို ပြီး​ခဲ့​တဲ့​နှစ် ဇူလိုင်လ ၁၈ ရက်က မြန်မာဘက်က ပိတ်ထား​ခဲ့​တာပါ။ ပြီး​ခဲ့​တဲ့​လပိုင်း​တွေက​တော့​ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​နဲ့​ဝန်း​ကျင်မှာ ​ရေ​ဘေး​ကြုံ​တွေ့​နေရစဉ် ​နေရပ်ပြန်တဲ့​ မြန်မာအလုပ်သမား​တွေအတွက် မြန်မာဘက်က တံတား​ကို ​ခေတ္တ ဖွင့်​လှစ်​ပေး​ခဲ့​ဖူး​ပါတယ်။

လက်ရှိ ထိုင်း​ဝန်ကြီး​ချုပ် ယင်လပ်ရှင်နာဝပ်​ရော၊​ ဝန်ကြီး​ချုပ်​ဟောင်း​ အဘိဆစ် ဝိချာချီဝတို့​ပါ ထိုင်း​-မြန်မာ ချစ်ကြည်​ရေး​တံတား​ကို ပြန်ဖွင့်​ပေး​ဖို့​ မြန်မာနိုင်ငံအစိုး​ရထံ ​မေတ္တာရပ်ခံခဲ့​ဖူး​ပါတယ်။ ​သောင်ရင်း​မြစ်ကိုဖြတ်ပြီး​ မြဝတီနှင့်​ မဲ​ဆောက်မြို့​ကို ဆက်သွယ်​ဖောက်လုပ်ထား​တဲ့​ ဒီတံတား​ကို ၁၉၉၇ ခုနှစ်မှာ ဖွင့်​လှစ်ခဲ့​တာဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့