Tuesday, December 6, 2011

ကေအိုင်အိုက ​ဖောက်ခွဲဖျက်ဆီး​မှုလုပ်​နေ​ကြောင်း​ အစိုး​ရသတင်း​စာတွင်​ဖော်ပြ

December 5, 2011

ကချင်လွတ်လပ်​ ရေး​တပ်မ​တော် (​ကေအိုင်​အေ) တပ်ဖွဲ့​ဝင်​တွေက ​ဖောက်ခွဲမှု၊​ မီး​ရှို့​ဖျက်ဆီး​မှုနဲ့​ ပစ်ခတ်သတ်ဖြတ်မှု​တွေ လုပ်​နေတယ်လို့​ ဒီက​နေ့​ထုတ် အစိုး​ရသတင်း​စာမှာ ​ဖော်ပြထား​ပါတယ်။

ကချင်ပြည်နယ် မိုး​ကောင်း​မြို့​နယ် နမ္မတီး​ရွာအနီး​က ယုဇနကုမ္ပဏီပိုင် ဘက်ဟိုး​ယာနှစ်စီး​နဲ့​ ​မြေထိုး​စက်တစီး​ကို ​ကေအိုင်​အေ တပ်ဖွဲ့​က မီး​ရှို့​ဖျက်ဆီး​ခဲ့​တဲ့​အတွက် ယာဉ်၃စီး​စလုံး​ မီး​လောင်ပျက်စီး​ခဲ့​ပြီး​ ကျပ်သိန်း​ပေါင်း​ ၃၆၀၀ ဆုံး​ရှုံး​ခဲ့​ကြောင်း​ ​ဖော်ပြထား​ပါတယ်။


ဒါ့​အပြင် ဖား​ကန့်​က​နေ မိုး​ကောင်း​ကိုသွား​တဲ့​ ခရီး​သည်တင် ကား​တစီး​ဟာ ကာမိုင်း​-မအူပင်လမ်း​ရှိ ဟိုအင်ဝမ်း​တံတား​မှာ ရပ်နား​နေတုန်း​ ​ကေအိုင်အို ​ထောင်ထား​တဲ့​ မိုင်း​ကို ခရီး​သည်တဦး​က တိုက်မိလို့​ ထိခိုက်ဒဏ်ရာ ရခဲ့​ကြောင်း​နဲ့​ ပြည်သူ​တွေကို အထိတ် တလန့်​ဖြစ်​အောင်လုပ်​နေကြာင်း​ ​ရေး​သား​ ​ဖော်ပြထား​ပါတယ်။

ဒီ​ ဖော်ပြချက်နဲ့​ ပတ်သက်ပြီး​ ​ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က ကချင်လွတ်လပ်​ရေး​ တပ်မ​တော်အ​နေနဲ့​ ပြည်သူ​တွေ ထိခိုက် နစ်နာမယ့်​ အလုပ်ကို မလုပ်​ကြောင်း​ အခုလို ငြင်း​ဆိုထား​ပါတယ်။

“ကျ​နော်တို့​ ​ကေအိုင်အိုက​တော့​ ပြည်သူလူထု​တွေ ထိခိုက်နစ်နာမယ့်​ လုပ်ရပ်​တွေကို ဘယ်​တော့​မှမလုပ်ဘူး​။ မြို့​ပေါ်မှာ တိုက်ခိုက်​ဖောက်ခွဲတာ​တွေ ဘယ်​တော့​မှမလုပ်ဘူး​။ ​နောက်လည်း​ အဲ့​လိုဆက်လုပ်ဖို့​ ဘာမှအ​ကြောင်း​မရှိဘူး​။ ​ပေါက်ကွဲမှုဖြစ်တိုင်း​ ပစ်ခတ် မှုဖြစ်တိုင်း​ သူတို့​က​တော့​ ကျ​နော်တို့​ ​ကေအိုင်အိုကိုပဲ အပြစ်ဖို့​တာမျိုး​လုပ်တယ်။ ဒါက သူတို့​ဝါဒဖြန့်​သက်သက်ပါ။ ကား​မိုင်း​လမ်း​မှာ လွန်ခဲ့​တဲ့​ ၂ ရက်​နေ့​ကထင်တယ်။ တိုက်ခိုက်မှုတခု ဖြစ်တယ်။ အဲဒီတိုက်ခိုက်မှုမှာ သူတို့​ ယာဉ်သုံး​စီး​နဲ့​ ဆင်း​လာတယ်။ ကျ​နော်တို့​ အတိုက်အခိုက် လုပ်တဲ့​အခါမှာ သူတို့​ ၅​ယောက်၊​ ၆​ယောက်​လောက် ထိခိုက်တာရှိတယ်။ ဒဏ်ရာရတာ​တွေလည်း​ ပါ တယ်။ လက်နက်​တွေ​တောင်မှ ၅ လက်​လောက် သိမ်း​ဆည်း​ရမိတယ်။ အဲဒီမှာ ဒဏ်ရာရတဲ့​ သူတို့​ ရဲ​ဘော်​တွေကို သူတို့​က အရပ် ဝတ်လဲပြီး​တော့​ ​ဆေး​ရုံပို့​တာ​တွေ သတင်း​ကကြား​တယ်။ အဲဒါ​ကြောင့်​မို့​ သူတို့​ တကယ်လို့​များ​ သတင်း​စာမှာပါတဲ့​ အရပ် သား​တွေ ဒဏ်ရာရပြီး​ ကား​မိုင်း​ဆေး​ရုံမှာ ပို့​ထား​တဲ့​ကိစ္စက အမှန်တကယ်​တော့​ အရပ်သား​တွေ​တော့​ မဖြစ်နိုင်ဘူး​။ စစ်သား​တွေပဲ ဖြစ်ပါ လိမ့်​မယ်။”

ပြီး​ခဲ့​တဲ့​ အပတ်တုန်း​က ​ကေအိုင်အို ဥက္ကဋ္ဌ အပါအဝင်အဖွဲ့​တွေက အစိုး​ရကိုယ်စား​လှယ်အဖွဲ့​နဲ့​ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ လုပ်ခဲ့​ပေမယ့်​ ကချင်ပြည်နယ်အတွင်း​မှာ​တော့​ တိုက်ပွဲ​တွေ ဆက်လက် ဖြစ်ပွား​နေဆဲ ဖြစ်ပါတယ်။

ဒါ့​အပြင် မြန်မာပြည် ​အောက်ဘက်က တပ်​တွေကိုလည်း​ ကချင်ပြည်နယ်ဘက် ထပ်မံပို့​ဆောင်​နေတယ်လို့​ ဦး​လနန်း​က ​ပြောပါ တယ်။

ကေအိုင်အို​ ခေါင်း​ဆောင်နဲ့​ လာ​ရောက်​တွေ့​ဆုံတဲ့​ အစိုး​ရကိုယ်စား​လှယ်အဖွဲ့​ဟာ စစ်ကိုရပ်စဲနိုင်တဲ့​ ပုဂ္ဂိုလ်မပါဝင်တဲ့​အတွက် ဒီ​တွေ့​ဆုံမှုဟာ ဖြစ်ပွား​နေတဲ့​ စစ်ပွဲ​တွေနဲ့​ ဆက်စပ်မှုမရှိ ဖြစ်​နေတယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့