Wednesday, September 26, 2012

ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် ကားပါကင်အတွက် လမ်းချဲ့သင့်ဟု မထသ အကြံပြု

ကောင်းမြတ်ဖြိုး ( မြစ်မခ )
25 Sep, 2012

ရန်ကုန်မြို့အား ယာဉ်ကြောပိတ်ဆို့မှုမှကာကွယ်ရန် လက်ရှိ လမ်းမများပေါ်တွင် ကားရပ်နားထားမှု များကြောင့် ကားလမ်းကျဉ်း မြောင်းလာသဖြင့် ကားပါကင်အတွက် လမ်းများအား တိုးချဲ့သင့်ကြောင့် မထသ(ဗဟို)က အကြံပြုပြောကြားသည်။

(၄)လမ်းသွား၊(၆)လမ်းသွား ကားလမ်းမများတွင် ကားရပ်နားခြင်းကြောင့်(၂)လမ်းသွား၊(၃)လမ်းသွား အဖြစ်သို့ ပြောင်းလဲ နေကြောင်း ကိုလည်း သိရှိရသည်။

“ရန်ကုန်မြို့ကို အရင်က အင်္ဂလိပ်တွေက ပုံစံချပြီးဆောက်သွားခဲ့တာ၊ သူတို့တုန်းက ကားအရေအတွက်၊ လူအရေအတွက်လည်း အဲ့လောက်မများသေးတော့ အဆင်ပြေတယ်၊ အခုဖြစ်နေတဲ့ ယာဉ်ကြော ပိတ်တဲ့ပြဿနာတွေအတွက် ပလက်ဖောင်းကို နောက် ဆုတ်မယ်၊ ဘတ်စ်ကားရပ်ရမဲ့နေရာတွေမှာအတွင်းကို တိုးချဲ့ထားမယ်ဆိုရင် အဆင်ပြေနိုင်တယ်။”ဟု မထသ(ဗဟို)မှ လုပ်ငန်းစစ် ဆေးရေး ဌာနခွဲမှူး ဦးသိန်းဝင်းက ပြောသည်။

လမ်းများတွင် လမ်းဘေးတစ်လျှောက်တိုးချဲ့သွားလျှင် ဓါတ်တိုင်များ၊ ဆက်သွယ်ရေးတိုင်များအတွက် ငွေကုန်ကြေးကျ များနိုင်ခြင်း ကြောင့် လမ်းများအား ချဲ့ထွင်သင့်သည်နေရာတွင်သာ ချဲ့သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများမှာ ယခင်ထက် ပိုမို များပြားလာခြင်းတွေ့နေရပြီး ၀န်ထမ်းများအနေဖြင့် အလုပ်နောက်ကျ ခြင်း၊ အိမ်ပြန်နောက်ကျခြင်းတို့ ဖြစ်ပေါ်နေသည်။

“ကားတွေကျပ်တာကတော့ အရမ်းဆိုးတယ်ဗျ၊ ကားကြပ်လို့လမ်းပြောင်းပြန် မောင်လာတဲ့ ကားတွေနဲ့တွေ့ရင် အဲ့နားမှာ ကားတွေ ပိတ်နေရော၊ ညနေဆို ကျွန်တော်လှည်းတန်းမှာပိုဆိုးတယ်၊ လမ်းဘေးဈေးသည်တွေကော စားနေတဲ့လူတွေကော၊ လမ်းသွားသွား နေတဲ့လူတွေကောနဲ့ ကားတွေ တော်တော်လေးကို ပိတ်နေတယ်” ဟု လှည်းတန်းဈေးအနီးတွင်နေထိုင်သော အသက်၂၀ ကျော် အရွယ် လူငယ်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ၀န်ထမ်းမျာအလုပ်နောက်ကျခြင်း ယာဉ်ကြောပိတ်နေခြင်းများအတွက် မြို့ပတ်ရထားများအား အချိန်တိတိကျကျခြင့် ပြေး ဆွဲစေခြင်ကြောင်းကိုလည်း ဦးသိန်းဝင်းက အကြံပြုပြောထားသည်။

ယခုလက်ရှိ ရန်ကုန်မြို့၏ မြို့ပတ်ရထားများမှာ မိုးရွာလျှင် မိုးယိုခြင်း၊ အချိန်မတိကျမှုများဖြစ်ပေါ်နေကြောင်းကိုလည်း ရထားစီးခရီး သည် များထံက သိရသည်။

“ကျွန်တော် ကားတွေကျပ်လို့ဆိုပြီး မြို့ပတ်ရထားနဲ့မြို့ထဲကိုတစ်ခေါက်သွားတယ်၊ ရထားလည်းစောင့်လိုက်ရတယ်၊ ရထားပေါ် ရောက် တော့လည်း ညစ်ပတ်နေတာပဲ၊ မိုးကလည်းရွာနေတော့ မိုးလည်းယိုသေးတယ် နောက်တစ်ခေါက်ရထား စီးဖို့ဆိုရင် တော်တော်လေးစဉ်းစားရမယ်” ဟု ရန်ကုန်မြို့နေ ကိုဖိုးသားကပြောသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့