Wednesday, September 26, 2012

FMI ကုမ္ပဏီ၏ တစ်ဘက်သက်လုပ်ရပ်များအပေါ်တွင် အိမ်ရှင်များအသင်းက မကျေနပ်

ထက်အောင်ခန့် (မြစ်မခ)
25 Sep, 2012

FMI မြို့တော်အတွင်းရှိ မြေလွတ်မြေလပ်များအား အိမ်ရာမြေဖော်ထုတ်ခြင်းအပါအ၀င် တစ်ဘက်သက်လုပ်ရပ်များနှင့်ပတ်သက်၍ ပဒေသာပင်မြို့တော်တွင်နေထိုင်သူများက ဆောက်လုပ်သည့် FMI ကုမ္ပဏီအား ကျေနပ်မှုမရှိကြောင်း သိရှိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပဒေသာပင်မြို့တော်အိမ်ရှင်များအသင်းက ရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာလ(၂၅)ရက်နေ့က ပြု လုပ်ခဲ့သည်။

မြို့တော်အတွင်းရှိ မြေလွတ်မြေလပ် (Green Area )များအား အိမ်ရာမြေဖော်ထုတ်ရာတွင် မြန်မာ့ရင်းနှီး မြှုပ်နှံမှုကော်မတီ MIC ထံ တင်ပြထားသောမြေပုံတွင် မပါရှိပဲ အမှတ် (၂) ဂိတ်ဝင်ပေါက် အတွင်းရှိ မြေလပ်ဧရိယာတွင် ကြီးမားသည့် အ ဆောက်အအုံတစ်ခု ဆောက်လုပ်လျှက်ရှိခြင်း၊ ဈေးဧရိယာအားလျော့ချ၍ အိမ်ကွက်ဖော်ထုတ်ခြင်းများပါဝင်ကြောင်းကိုလည်း သိရသည်။

FMI ဆောက်လုပ်သည့် ကုမ္ပဏီအနေဖြင့် ယခင်မြေပုံပါ မီးသတ်အဆောက်အဦး မဆောက်လုပ်ပဲ ကုမ္ပဏီ၏ ဥယျာဉ်ပြုလုပ်ထား ခြင်းများကို ကုမ္ပဏီအကျိုးအတွက် ဖော်ထုတ်ဆောက်လုပ် နေခြင်းဖြစ်ကြောင်း မြို့တော်အိမ်ရှင်များအသင်းက သိရသည်။

‘’အခုအသစ်ဆောက်တဲ့ အိမ်ယာတွေမှာဆိုရင် ပြည်သူလူထုအပန်းဖြေဖို့အတွက် ပန်းခြံဆိုတာရှိရ တယ်လေ။ တကယ်တော့ ရန်ကုန်မြို့တွင်းမှာတိုက်တွေဘာတွေနဲ့မနေချင်လို့ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့်နေချင်လို့ ဒီမှာလာဝယ်နေတာလေ။ အခုမြေဈေးတွေကောင်းလာတော့ မြေလွတ် တွေကို အိမ်တွေဆောက်လာလို့ အန်ကယ်တို့က ကန့်ကွက်တာပါ” ဟု HOA အသင်း နာယက ဦးတင်ဝင်းမှ ပြောသည်။

ယခုလက်ရှိဆောက်လုပ်နေခြင်းများကို ၀န်ကြီးဌာနထံကန့်ကွက်စာပို့ထားပြီး အိုးအိမ်ဦးစီးဌာနအနေနဲ့ ဖြေရှင်းပေးနိုင်ခြင်းမရှိပါက လွှတ်တော်အထိစာတင်ပြီး ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“သစ်ခွဥယျာဉ်မှာ သူတို့က မြေကွက်တွေကို တူးတယ်။ အန်ကယ်တို့က ဘာလုပ်မလို့လဲ၊ မလုပ်ပါနဲ့ဆိုပြီး တားတယ်။ မရဘူး။ သူတို့ကမြေကွက် (၂)ကွက် ဖော်လိုက်တယ်။ တစ်ကွက်ကို သိန်း (၁၈၀၀) နဲ့ ရောင်းလိုက်တယ်။ ကန့်ကွက်လို့မရတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို စာတင်တယ်။ ၀န်ကြီး ဌာနက ဖျက်ခိုင်းတော့ ဖျက်လိုက်ရတယ်။ ၀ယ်တဲ့သူနာတာပေါ့။ ဘယ်သူ ၀ယ်လိုက်လဲတော့ မသိဘူး။’’ ဟု HOA အဖွဲ့ဝင်တစ်ဦးက ပြောသည်။

၂၀၀၁ ခုနှစ်အတွင်းက FMI အိမ်ယာရှိ မြေကွက်နှင့်အိမ်အပါ ပေ ၆၀ ပေ ၄၀ အိမ်တစ်လုံးလျှင် ကျပ်(၃၄)သိန်းခန့်ရှိရာမှ ယခု၂၀၁၂ ခုနှစ်တွင် ပေ ၆၀ ပေ ၄၀ ကို နောက်ဆုံးရောင်းချသည့်ဈေးမှာ ကျပ်သိန်း(၁၂၅၀) ၀န်းကျင်ဖြင့် အရောင်းအ၀ယ် ဖြစ်လျက်ရှိကြောင်းကိုလည်း သိရသည်။

First Myanmar Investment Co အား (၁၉၉၂)ခုနှစ်တွင်းစတင်တည်ထောင်ခဲ့ပြီး FMI City အိမ်ယာစီမံကိန်းကို (၁၉၉၅)ခုနှစ်တွင် ပေ-၄၀+၆၀ အကျယ် မြေစုစုပေါင်း (၆၄၂)ကွက်နှင့် ပေ-၆၀×၈၀အကျယ်ရှိ မြေကွက် (၂၆၈)ကွက်တွင် နှစ်ထပ်အိမ်ယာများအဖြစ် စတင်အကောင်အထည် ဖော်ခဲ့ကြောင်း FMI ကုမ္ပဏီက သိရသည်။

တရားစွဲဆို၍နေရာရွှေ့ပြောင်းခိုင်းနှင့်ပတ်သက်၍FMI အလုပ်သမားစံပြနေအိမ်များမှ ၀န်ထမ်းများက စက်တင်ဘာ(၁၁)ရက်နေ့တွင် FMIကုမ္ပဏီအား ဆန္ဒထုတ်ဖော်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့