မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
8 Oct, 2012
နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF အနေဖြင့် ပြည်သူများ၏သဘောဆန္ဒအရ စစ်တွေမြို့ မိဇံရပ်တွင် ကျန်းမာ ရေးစောင့်ရှောက် မှုနှင့် ဆေးဝါးကုသမှုလုပ်ငန်းများ ပြည်လည်စတင်တော့မည်ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုများဖြစ်ခဲ့သည့်ကာလအတွင်း ရပ်ဆိုင်းခဲ့ရသည့် နယ်စည်းမထားဆရာဝန်များ အသင်း MSFမှာ လက်ရှိအချိန်တွင် စစ်တွေ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပြည်လည် စတင်ခြင်း ဖြစ်သည်။
“MSF အနေနဲ့ ယာယီရပ်ဆိုင်းခဲ့ရတဲ့ ဆေးပေးခန်းနဲ့ ဆေးဝါးကုသမှုလုပ်ငန်းတွေကို စစ်တွေမိဇံရပ်မှာ ပြန်လည် ဖွင့် လှစ်သွားမှာ ပါ” ဟု MSF နှင့်နီးစပ်သူတစ်ဦးကဆိုသည်။
ထိုကဲ့သို့ ဆေးဝါးကုသမှုနှင့်ဆေးခန်းဖွင့်လှစ်မှုအတွက် ပြည်သူ့များထံမှဆန္ဒသဘောထားများ ကောက်ခံထားကြောင်း ကိုလည်း ၄င်းက ဆိုသည်။
နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF အနေဖြင့် ယခင် စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ဆေးခန်းအား အသုံးမပြုတော့ပဲ မိဇံရပ်ကွက်တွင် ပြောင်းလဲဖွင့်လှစ်ခြင်းဖြစ်သည်။
MSFသည် ရခိုင်ပြည်နယ်တွင် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊ AIDS၊ တီဘီရောဂါ စသည့် ရောဂါများအားကာကွယ်ကုသပေးရန်အတွက် နှစ်ပေါင်း(၂၀)၀န်းကျင် ဆေးဝါးကုသမှုပေးနေသည့် အဖွဲ့ဖြစ်သည်။
ဇွန်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် MSFလုပ်ငန်းများ ယာယီအားဖြင့် ရပ်ဆိုင်းခဲ့သည့်အပြင် HIV/AIDS လူနာများ အတွက် ဆေးဝါးကုသမှုအနေအထားမှာ လုံလောက်သော အခြေအနေ၌ မရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် နယ်စည်းမထားဆရာဝန်များအသင်း MSFမှ ART ဆေးဝါးကုသမှုဖြင့် ကျန်းမာရေး စောင့်ရှောက် ပေးနေသည့် ဝေဒနာရှင်ပေါင်း (၆၀၀)ကျော်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင် နယ်စည်းမခြားဆရာဝန်များအသင်းမှ ART ဆေးဝါးသုံးစွဲနေရသူစုစုပေါင်း(၃၃၃)ဦး၊ ဆေးပုံ မှန် မရသူ(၂၈၀) ဦးရှိကြောင်း MSF မှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။
Ref: မြစ်မခ
Monday, October 8, 2012
ပြည်သူ့သဘောဆန္ဒအရ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်စတင်မည့် MSF(စစ်တွေ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment