Thursday, April 26, 2012

ရေးမြို့၌ ဓါတ်ငွေ့ပေါက်ကွဲ၍ မီးလောင်ကျွှမ်းလျက် ရှိနေ

25 April 2012

မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရထားဘူတာရုံ အနီး၌ ယနေ့ညနေ (၆) နာရီခန့်မှ စတင်၍ ဓါတ်ငွေ့ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ဓါတ်ငွေ့များ မီးလောင်ကျွှမ်းလျက် ရှိပြီး မီးညွှန့်များ အတန်ငယ် အမြင့်ခန့်အထိ တက်ခဲ့သည်။

ည (၁၁) နာရီ ဝန်းကျင်ခန့်၌ ရေးမြို့ခံ တစ်ဦးအား အတည်ပြည် မေးမြန်းချက်အရ “ညနေ (၆) နာရီလောက်က စဖြစ်တာ၊ ပေါက်ကွဲတာ အသံ တော်တော် ကျယ်တယ်၊ မီးက မနက်ဖြန် အထိ ငြိမ်းဖို့ မရှိသေးဘူးလို့ ပြောတယ်” ဟု ပြောကြား သွားပါသည်။ မည်သည့် အချက်ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ကို မနက်ဖြန် လောက်မှသာ အတည်ပြု ပြောကြားနိုင်မည်ဟု အဆိုပါ ရေးမြို့ခံမှ ဆက်လက် ပြောကြားခဲ့ပါသည်။

ပေါက်ကွဲမှုကြောင့် လူနေအိမ်ခြေများအား မီးကူးဆက် လောင်ကျွှမ်းခြင်း မရှိပဲ မီးမှာ အဆိုပါ နေရာတစ်နေတည်းနေသာ အေးဆေးစွာ လောင်ကျွှမ်းလျက် ရှိနေကြောင်းသိရှိရပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့