Tuesday, April 24, 2012

အနုပညာလောကပိုမိုပွင့်လင်းလာကြောင်း ဇီးသီးပြောဆို

မင်းမင်းလတ်
23 Apr, 2012

မြန်မာ့အနုပညာလောကသည် ယခင်နှင့်မတူပဲ ပိုမိုပွင့်လင်းလွတ်လပ်လာပြီဖြစ်ကြောင်း ယခုသီးလေးသီးအဖွဲ့လူရွှင်တော်ဇီးသီးက ယနေ့ ပြောကြားခဲ့သည်။

မန္တလေးတိုင်း တံတားဦးမြို့တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ရွေးကောက်ပွဲအောင်ပွဲ တွင်လာရောက်ဖျော်ဖြေကပြရင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်းပြီး အဆိုပါအောင်ပွဲအား သီးလေးသီးအဖွဲ့ အနေဖြင့် မေတ္တာတစ်ဝက် အနုပညာကြေး တစ်ဝက်ဖြင့် လာရောက်ဖျော်ဖြေပေးခဲ့သလို ၊ အခြားပါတီများမှ ဖိတ်ခေါ်လျှင်လည်းသွားရောက်ဖျော်ဖြေပေးမည်ဟု ဆိုသည်။

``ပြက်လုံးနဲ့ပတ်သတ်ပြီး တားမြစ်တာ ပိတ်ပင်တာတွေ လုံးဝမရှိပါဘူး၊ ခုချိန်ထိကို အပြည့်ပေးထားတယ် ၊ အရင်ကထက်စာရင် ကျနော်တို့လွတ်လွတ် လပ်လပ်ပြောလို့ရလာတာကျိန်းသေးတယ်၊အဲဒါငြင်းလို့မရဘူးဟု´´လူရွှင်တော် ဇီးသီးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်တက်ရေးကိစ္စနှင့် ပတ်သက်၍ အချိန် တန်လာရင်ဖြစ်လာမည်ဟုသာ ပြောကြား ခဲ့သည်။

``ကျနော်ကအနုပညာပဲကျွမ်းကျင်တာပါ၊ ကျနော့်အနေနဲ့စဉ်းစားပြီးပြောရမယ်ဆိုရင် သူတို့က ကျနော်တို့ ထက် အများကြီးကို ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်ပါတယ်ဗျ၊ အဲဒါတွေက အချိန်တန်လာလို့ရှိရင် သူတို့မှာ ပရိယာယ်ဆိုတာ ရှိကောင်းရှိပါလိမ့်မယ် ၊ ဖြစ်ချင်တာကို ထဖြစ်လိုက်လို့ မရဘူးလေ ´´ ဟု ပြောကြား ခဲ့သည်။

သီးလေးသီးအဖွဲ့ ပြီးခဲ့သည့်သင်္ကြန်အတွင်းသံချပ်မထိုးဖြစ်ရခြင်းမှာ ၎င်းတို့ဘက်မှ ပါမစ်ကြိုတင်ရာတွင် နောက်ကျခဲ့ရခြင်းကြောင့်ဟု ရှင်းပြသည်။

`` ကျနော်တို့ ပါမစ်တင် တဲ့အခါမှာ ရက်က အရမ်းကပ်သွားတယ် ၊ ကျနော်တို့ ပါမစ်မရလိုက်ဘူး၊ ကျနော်တို့ကို ပြောထားတာ တစ်လကြိုတင်ပါလို့ ပြောထားတာ ကျနော်တို့နောက်ကျသွားတယ်´´ ဟု ၎င်းက ပြောသည်။

သီးလေးသီးအဖွဲ့သည် သမ္မတဦးသိန်းစိန်က ပြည်တော်ပြန်ခွင့်ပေးသည့်အချိန်က ပထမဆုံးပြန်လာသည့်အဖွဲ့ ဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့