Thursday, April 26, 2012

နံနက်ပိုင်း ကချင်မြို့တော် မြစ်ကြီးနားတွင် ဗုံးပေါက်

25 April 2012

မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲခန့်တွင် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ဗုံးတလုံးပေါက်ကွဲခဲ့ရာ လူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ ဆိုသည်။

ဗုံးပေါက်ကွဲမှုသည် တပ်ကုန်း ဆွမ်ပရာဘွမ်လမ်းနှင့် ဒူကထောင်လမ်းဆုံရှိ မော်တော်ပီကေ ယာဉ်ထိန်းရဲ တဲ တွင်ဖြစ်ပွားသည်ဟု မျက်မြင်များပြောသည်။

ထိခိုက်သူ နှစ်ဦးမှာ မော်တော်ဆိုင်ကယ်တစ်စင်း အတူစီးလာသူဖြစ်ကာ အမျိုးသားမှာ လက်တွင် အနည်းငယ်ဒဏ်ရာရရှိပြီး အမျိုးသမီးအား ဆေးရုံသို့ ပို့ထားသည်ဟု မျက်မြင်များထပ်ဆိုသည်။

သင်္ကြန်ကာလမှစပြီး ကချင်ပြည်နယ်မြို့တော်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က မြန်မာအစိုးရ စစ်ရေးပစ်မှတ်များမှတပါး လက်နက်မဲ့ပြည်သူများကို တိုက်ခိုက်ခြင်းမရှိကြောင်း ဆိုထားသည်။

သမ္မတဦးသိန်းစိန် အစိုးရက KIO အား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၁ လ ကျော် စစ်ဆင်ရေး (ထိုးစစ်)ပြုလုပ်လာချိန် ပြီးခဲ့သည့် မတ်လ မှစပြီး KIO ဗဟိုဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် စစ်ဆင်ရေးများ ပြုလုပ်နေပြီဖြစ်သည်။

ထို့ကြောင့် KIO မှလည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ၎င်း၏ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အားလုံးကို မြန်မာအစိုးရတပ် အား “ခံစစ်မှ ထိုး စစ်” သို့ ပြောင်းလဲစစ်ဆင်ရန် ဧပြီ၊ ယခုလ လဆန်းတွင် ညွှန်ကြားခဲ့သည်။

Ref: ကေအဲန်ဂျီ

0 comments:

အပေါ်သို့