Monday, September 24, 2012

အငြင်းပွားဖွယ်ရာ ရိုက်ကူးသူအားသတ်ဖြတ်နိုင်ပါက ဆုငွေချီးမြှင့်မည်ဟု ပါကစ္စတန်ဝန်ကြီးကြေညာ

September 24, 2012
အောင်ပန်

ပါကစ္စတန်ပြည်ထောင်မီးရထားဝန်ကြီး Ghulam Ahmed Bilour က အစ္စလာမ်ဘာသာကိုစော်ကားသော ရုပ်ရှင် ရိုက်ကူးသူ ကယ်လီဖိုးနီးယားအခြေစိုက် အီဂျစ်လူမျိုး အသက်(၅၅)နှစ်အရွယ်ရှိ Nakoula Basseley Nakoula အား သတ်ဖြတ် နိုင် သူအား ဆုငွေဒေါ်လာတသိန်းချီးမြှင့်ဟု သတင်းစာရှင်းလင်းပွဲတွင်ကြေငြာခဲ့သည်။

Bilour မှ အယ်ကိုင်ဒါအဖွဲ့နှင့်တာလီဘန်အဖွဲ့တို့အားလည်းမိမိ၏ကြေညာညာချက်အပေါ်အမျိုး ဘာသာအတွက် ဆောင်ရွက် ကြ ရန်ကိုလည်းဖိတ်ခေါ်လိုက်သည်။ မြင့်မြတ်သည့်ပရော့ဖိတ်ကို စော်ကားသူအား သတ်ဖြတ်နိုင်သူ ကိုပေးအပ်မည့် ဆုငွေဒေါ်လာ တသိန်း သည် မိမိ၏ကိုယ်ပိုင် ငွေဖြင့်ပေးအပ်ဂုဏ်ပြုမည်ကြောင်း ပြောဆိုခဲ့သည်။

မီးရထားဝန်ကြီးရဲ့ပြောဆိုချက်သည် သူ၏ကိုယ်ပိုင်သဘောထားအမြင်ဖြစ်ပြီး ပါကစ္စတန်အစိုးရရဲ့သ ဘောထားမ ဟုတ်သည့်အပြင် ထောက်ခံမှုမရှိကြောင်းကို ပါကစ္စတန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Raja Pervez Ashraf မှ အေအက်ပီ သတင်းဌာန သို့တရားဝင်ပြောကြားခဲ့သည်။

ပါကစ္စတန်ပြည်သူပါတီမှ ဆီးနိတ်အမတ် Rubina Khalid က ” ကျမတို့အနေနဲ့ မည်သည့်ပါတီကမှ ဘာသာရေး လှုပ်ရှား ရေး ဖေါ်ဆောင်တာကိုမတွေ့မြင်ရပါဘူး” လို့ မီးရထားဝန်ကြီး Bilour အားမေးခွန်းထုတ်လိုက်ပြီး Bilour ၏ ကြေညာချက် မထောက်ခံသည့် အပြင် ကန့်ကွက်ဆန့်ကျင်ကြောင်း အယ်ဂျာဇီးယားသတင်းဌာန ရဲ့ဆက်သွယ်မေးမြန်းချက်ကိုဖြေကြားခဲ့သည်။

မီးရထားဝန်ကြီး Bilou က ပါကစ္စတန်ပြည်သူများအား မြင့်မြတ်သောပရောဖိတ်အားချစ်ကြ၊ ပရောဖိတ်အားစော်ကား သူကို အပစ်ပေးကြဖို့ ပြည်သူတွေ အစ္စလာမ်မာဘတ်ရှိပါလီမန်အဆောက် အဦးကိုချီတက်ကြဖို့ မနေ့က လှုံဆော် တိုက်တွန်းလိုက်သည်။

Ref: အဖ်အဲန်ဂျီ

0 comments:

အပေါ်သို့