Monday, September 24, 2012

စစ်ကိုင်းတိုင်း အနီး အိန္ဒိယ နယ်စပ်တွင် ဖမ်းဆီးခံ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၂ ဦး ထောင်ချမှတ်ခံရ

September 24, 2012
ထွန်းထွန်း

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနှင့် ကပ်ရပ်တည်ရှိသော အိန္ဒိယဘက်ခြမ်း အင်ဖါးမြို့တွင် များမကြာမှီက ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား၂၂ ဦးကို ထောင်(၂) နှစ် နှင့် ရူပီငွေ ၁၀၀၀၀ စီ ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု အိန္ဒိယ ထုတ် The Hindu ဖေါ်ပြ သည်။

အိန္ဒိယသို့ အထောက်အထားမဲ့ ခိုးဝင်လာသဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၂ဦးကို စက်တင်္ဘာလ ၂၀ ရက်နေ့က ထောင်ဒဏ် ၂နှစ် နှင့်ဒဏ်ငွေရုပီ တစ်သောင်း စီချမှတ် လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သူတို့ ၂၂ ဦးအား သြဂတ်စ်လ ၃၀ရက်နေ့က အိန္ဒိယနိုင်ငံ အိုင်ဖားလ်မြို့ အရှေ့ဘက် ဟာတာ ဂိုလာဘာတီမှ အိန္ဒိယနိုင်ငံ ထဲသို့ ခိုးဝင်လာစဉ် အိန္ဒိယရဲက ဖမ်မိခြင်း ဖြစ်သည်ဟု ဆိုသည်။

သူတို့ အနေဖြင့် ဒဏ်ငွေ ရူပီ ၁၀၀၀၀ ကို မပေးဆောင်နိုင်ပါက နောက်ထပ်ထောင်(၆)လ ကျခံရမည်ဟု အင်ဖားမြို့ တရား သူကြီးက အမိန့်ချမှတ်သည်ဟု သတင်းက ရေးသား ဖေါ်သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား၂၂ ဦးမှာ အိန္ဒိယမှ တဆင့် မြန်မာကို ခိုးဝင်ရန်လာသူ ဟုတ်မဟုတ်ကိုမူ သတင်းစာတွင် တစ်စုံတစ်ရာ ရေးသား ဖေါ်ပြထားခြင်း မရှိပေ။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့