နအဖ ရှေ့တန်းနောက်တန်း တပ်ရင်းတပ်ဖွဲ့တွေမှာ အစုလိုက်အပြုံလိုက် တပ်ပြေးမှုတွေ ဆက်တိုက် ဖြစ်ပွားလာနေတဲ့ အတွက် တပ်ရင်းတပ်ဖွဲ့ အသီးသီးမှာ ဇာတိတူ၊ လူမျိုးစုတူ၊ အပါတ်စဉ်တူ၊ ဆွေမျိုးတော်စပ်သူ၊ ပြဿနာရှာတတ်သူ၊ အရက်သေစာ သောက်စားတတ်သူတွေကို တနေရာတည်းမှာ စုမထားဘဲ ဖြန့်ခွဲတာဝန်ပေးကြဖို့၊ တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေ၊ ဒေသခံအပစ်ရပ် အဖွဲ့တွေနဲ့ အရောတဝင် ဆက်ဆံခြင်း မပြုစေဖို့၊ တပ်ဖွဲ့ဝင် အချင်းချင်း စောင့်ကြည့်ခိုင်းတဲ့ စနစ်ကို လိမ်မာပါးနပ်စွာနဲ့ ကျင့်သုံးကြဖို့၊ ကက/ကြည်းက နိုဝင်ဘာ(၁၄)ရက်နေ့မှာ တိုင်း၊ တပ်မ၊ တပ်ရင်း တပ်ဖွဲ့တွေ ကို ညွှန်ကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းတွေအရ သိရှိရပါတယ်။
အခုလအတွင်း ထိုင်းမြန်မာ နယ်စပ်တလျှောက်မှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေကြရတဲ့ တပ်ရင်း တပ်ဖွဲ့တွေမှာ အစုလိုက် အပြုံလိုက် တပ်ပြေးမှုတွေ ဖြစ်ပွားနေတဲ့အတွက် ကက/ကြည်း က ဒီအမိန့်ကို ထုတ်ပြန် ရတာ ဖြစ်ကြောင်း သိရှိရပါတယ်။
နိုဝင်ဘာ(၆)ရက်နေ့က တနင်္သာရီတိုင်း ထိုင်းမြန်မာ နယ်စပ်အနီးရှိ (မယ်ဖျာ) တပ်စခန်းမှာ တာဝန်ကျနေတဲ့ ရှေ့တန်း ခလရ(၁ဝ၄) စစ်ကြောင်း(၂)၊ တပ်ခွဲ(၄)မှ တပ်သား စိုင်းမျိုးမင်းဦး၊ တပ်သား ရဲမင်းထွန်းနဲ့ တပ်သား အောင်ဌေး တို့ဟာ ထိုင်းနိုင်ငံထဲကို လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြသလို၊ မွန်ပြည်နယ် ဘုရားသုံးဆူ နယ်စပ်ကို စစ်ဆင်ရေး တာဝန်တွေနဲ့ မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ ရှေ့တန်း ခမရ(၅၃၈) မှ စစ်သည်(၅)ဦးဟာလည်း နိုဝင်ဘာ (၁၅)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ အတွင်းကို လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။ ။
Source: ၀ိမုတ္တိ
















































0 comments:
Post a Comment