၁၃ ဇန်န၀ါရီ ၂၀၀၉
အန်အယ်လ်ဒီနှင့် ဦးဝင်းတင်အား သိက္ခာကျစေမည့် သတင်းရေးသားခဲ့သည့် ရန်ကုန် ဒီပီအေ သတင်း ထောက် ကိုကို (စက်မှုတက္ကသိုလ်) အား အရေးယူပေးရန် နိုင်ငံတကာအတိုက်အခံများက ဒီပီအေသတင်း ဌာနအား ဖိအားပေးခဲ့ပြီး မကြာခင် ထိုအမှု စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ဒီပီအေဦးဆောင်အယ်ဒီတာချုပ် က မြန်မာအတိုက်အခံများအား အကြောင်းပြန်ထားသည်ဟု စုံစမ်းသိရသည်။
ရန်ကုန် နိုင်ငံခြားသတင်းထောက်များအသင်းသို့ တိုင်ကြားခဲ့သည့် ဦးဝင်းတင်၏ အင်္ဂလိပ်ဘာသာပြန်စာကို လည်း လက်ခံရရှိကြောင်း၊ ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် ဒီပီအေသတင်းဌာနရုံးချုပ်မှ ဒီပီအေ ဦးဆောင် အယ်ဒီတာချုပ် Eva-Maria McCormack က အတည်ပြု အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဦးဝင်းတင်၏ တိုင်ကြားစာပါ ဒီပီအေသတင်းနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင် လုပ်နေကြောင်း၊ ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) ရေးသားခဲ့သည့်သတင်းပါ ပုဂ္ဂိုလ် အားလုံးကို မေးမြန်းစုံစမ်းသွားမည်ဖြစ်ကြောင်းနှင့် မမှန်မကန် သတင်းပို့ခဲ့ကြောင်း ထင်ရှားပါက အရေးယူ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား အရေးယူနိုင်ခဲ့ပါက နိုင်ငံခြားသတင်းထောက်များကို မိမိတို့ဝါဒဖြန့်ကိစ္စအတွက် အသုံးချသည့် မြန်မာစစ်အစိုးရအတွက် သင်ခန်းစာကောင်း တခုဖြစ်လာနိုင်သည် ဟု ရန်ကုန် စာနယ်ဇင်းအသိုင်းအ၀န်းက မျှော်လင့်နေသည်။ အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် ဒီပီအေ (Deutsche Presse-Agentur ) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။ နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေသတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ် လည်လုပ်ကြံရေးသားသည့် သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြား သတင်း ထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် က ရေးသားပေးပို့ထားခြင်းဖြစ်သည်။
REF: ခေတ်ပြိုင်
















































0 comments:
Post a Comment