၂၀ ဖေဖော်ဝါရီ ၂၀၀၉
UWSA “၀” တွေဟာ ဗကပကို တော်လှန်ခဲ့ပြီးတဲ့နောက် န၀တနဲ့ စတင်ဆွေးနွေးလာပါတယ်။ ထိုစဉ်က ထောက်လှမ်းရေး အကူတပ် တပ်မှူးဖြစ်သူ ဒုဗိုလ်မှူးကြီး တင်ဝင်းဟာ “၀” ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ခဲ့ပါတယ်။ ကက (ကြည်း) က ကျိုင်းတုံရှိ တပ်မ (၈၈) တပ်မမှူးဖြစ်နေတဲ့ ဗိုလ်သိန်းဟန်ကို စေ့စပ် ငြိမ်းချမ်းရေး လုပ်လိုတဲ့ “၀” တိုင်းရင်းသား ခေါင်းဆောင်များအား လက်ခံတွေ့ဆုံ ဆွေးနွေးဖို့နဲ့ အထူးသဖြင့် သဘောတူညီချက်တွေထဲမှာ ပါဝင်ရမဲ့ နယ်နိမိတ်၊ ဧရိယာကိစ္စ ပိုင်းခြားရာမှာ ရှေ့တန်း နယ်မြေကို ကိုင်တွယ်ထားတဲ့ တပ်မမှူးတဦးရဲ့  အခန်းကဏ္ဍ အရေးပါလှတာမို့ လိုအပ်တာ လုပ်ပေးရန်ကိုပါ ညွှန်ကြားခဲ့ပါတယ်။
ဒုဗိုလ်မှူးကြီး တင်ဝင်းနဲ့ “၀” အဖွဲ့တွေဟာ ကျိုင်းတုံရှိ တပ်မဌာနချုပ်ထံ သွားရောက်ကာ တပ်မမှူး ဗိုလ်သိန်းဟန်ကို တွေ့ခွင့်တောင်းပါတယ်။ ဒါပေမဲ့ ဗိုလ်သိန်းဟန်ဟာ မူလကတည်း က ကွန်မြူနစ် ဗကပဖြစ်တဲ့ “၀” များကို တိုက်ခိုက်နေခဲ့သူပီပီ မုန်းတီးမှုကြောင့် အတွေ့မခံဘဲ “ငါးကန်” စစ်ဆေးရန် ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်ထွက်သွားခဲ့ပါတယ်။ အဲဒီ ထောက်လှမ်းရေးအဖွဲ့ စစ်ရုံးကိုပြန်ရောက်ပြီး ကက (ကြည်း) ထံ ကကလှမ်းရဲ့ အစီရင်ခံစာ အဖြစ် ဒီဖြစ်စဉ်ကို တင်ပြလိုက်တဲ့အခါ တပ်ချုပ် ဗိုလ်စောမောင်က ဒေါသတကြီး ပစ်တင်ပြော ဆိုခဲ့ပါတယ်။ အထက်က မူဝါဒနဲ့ လုပ်နေတာကို ဒီကောင်က ပမာမခန့် လုပ်ရသလားဆိုပြီး တပ်မမှူးအား ရာထူးဖြုတ်ပစ်ကာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ချောင်ထိုးရွှေ့ပြောင်းလိုက်ပါတယ်။ ဗိုလ်မောင်အေး စိတ်နာတဲ့နောက် အပစ်ရပ် တိုင်းရင်းသားအဖွဲ့ကတော့ ကယားတိုင်းရင်းသား အပစ်ရပ် KNPP အဖွဲ့ပဲ ဖြစ်ပါတယ်။ ကယားပြည်နယ်ဟာ ချောင်းရှိသော်လည်း ရေမရှိဘဲ ရေရှားသလို တောင်တွေကလည်း ကျောက်တောင်များ ဖြစ်လို့ မတ်စောက်လွန်းတာရယ်၊ မိုင်းပေါတာရယ်၊ ရိက္ခာ စပါး အသီးအနှံများ ရှားပါးတာရယ်ကြောင့် တစ်ရွာနှင့် တစ်ရွာ ဘာသာစကားမတူတဲ့ အခက်အခဲများနှင့်အတူ ကယားပြည်နယ်ကို စစ်ဆင်ရေး ၀င်ရတဲ့ တပ်တွေအတွက် အင်မတန်ခေါင်းခဲရပါတယ်။ ကယားပြည်နယ် စစ်ဆင်ရေး ၀င်ခဲ့တဲ့ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးကအစ ဗိုလ်မောင်အေး အဆုံး ခေါင်းတွင်တွင်ခါရတဲ့ အထိ လန်ပြန်ထွက်အောင် တပ်များ အထိနာခဲ့လို့ KNPP ကို အငြိုးထား မုန်းတီးခဲ့ပါတယ်။ KNPP အပြင် တာကလယ် ဦးစီးတဲ့ ပအိုဝ်နီ ရလလဖ အဖွဲ့ကလည်း လက်သံပြောင်ပြောင်နဲ့ “ဆော်” လေရာ ကက (ကြည်း) ဟာ ရပခကို ထုတော့တာမို့ ရပခ တိုင်းမှူးဘ၀က ရခဲ့တဲ့ ဒဏ်ရာကို ဗိုလ်မောင်အေး အနေနဲ့ ဒုချုပ် ဖြစ်နေချိန်အထိ မေ့ပျောက်ရန် ကြိုးစားဖို့ ခက်ခဲ ခဲ့ပါတယ်။ အဲဒီနောက် KNPP နှင့် ကကလှမ်းတို့ ညှိနှိုင်းသဘောတူညီချက်အရ ငြိမ်းချမ်းရေး စတင် ယူနေပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ကယားပြည်နယ်အတွင်း ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်းရဲ့ ကုမ္ပဏီနဲ့ ဦးကျော်ဝင်းရဲ့  ရွှေသံလွင် ကုမ္ပဏီတွေကို သစ်ခုတ်လှဲခွင့် ပါမစ်အား စစ်အစိုးရက ပေးခဲ့ပေမယ့် ရှေ့ တန်းအနက်ရောင် နယ်မြေမို့ KNPP ကို အခွန်ပေး လာဘ်ထိုးကာ နားလည်မှုယူ ခုတ်လှဲနေခဲ့ရပါတယ်။ KNPP ကလည်း ငြိမ်းချမ်းရေး ၀င်ရောက် ရမှာဖြစ်လို့ ယခင်လို ကုမ္ပဏီတွေထံမှ ပိုက်ဆံတောင်းဖို့ အခွင့်အရေး မရတော့မှာ စိုးရိမ်နေတဲ့ အတွက် ကုမ္ပဏီများနဲ့ အပြိုင်အဆိုင် သစ်တွေကို ခုတ်လှဲပါတော့တယ်။ ဒါကြောင့် ကုမ္ပဏီတွေက ကကကြည်းကို တိုင်တန်းခဲ့ရာမှာ အခဲမကျေ ဖြစ်နေတဲ့ ဗိုလ်မောင်အေးက ကယားပြည်နယ်အတွင်းသို့ စကခ (၇) တပ်မ တစ်ခုလုံးအား ဖယ်ခုံတွင် အခြေစိုက် ဖွင့်လှစ်စေပြီး ကယားပြည်နယ်ကို မွှေနှောက်ခိုင်း ပါတော့တယ်။ အဲဒီ အခြေအနေ ကို ထိန်းသိမ်းဖို့ လွိုင်ကော်မြို့ က ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးဇော်သက်နိုင်ကို ကကလှမ်း မှ ညွှန်ကြားပြောဆိုခဲ့ပါတယ်။ သို့သော် KNPP က မလုပ်တော့ကြောင်း ပြန်ကြားပေမဲ့ အခြေအနေ တင်းမာနေပြီး စစ်တပ်နဲ့ KNPP တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ပထမ စောစောပိုင်းကာလ စစ်ဆင်ရေး စတင်ရာမှာ နအဖ တပ်မှရှုံးနိမ့်ခဲ့လို့ စကခ (၇) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကိုကိုကျော် အဖြုတ်ခံရပြီး စစ်သံမှူးအဖြစ် လွင့်ထွက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့  ပါဝါကုန်သုံးပြီး စစ်တပ် အလုံးအရင်းနဲ့ တပ်မ (၅၅) ကိုပါ ထည့်သွင်းချေမှုန်းတာမို့ အင်အားမမျှလို့ KNPP လည်း တောထဲသို့ ပြန်ဝင် သွားခဲ့ရပါတယ်။ ကကလှမ်းအနေနဲ့ KNPP ကို တွေ့ဆုံ ဆွေးနွေးရေးအတွက် ပြန်လည် ကြိုးစား ကြည့်ခဲ့ပါသေးတယ်။ KNPP ရဲ့  ကိုယ်စားလှယ် ခူအူးရယ် အဖွဲ့ဝင် (၅) ယောက်အား ရန်ကုန်သို့ ခေါ်ယူညှိနှိုင်းရာ KNPP က အရင်သဘောတူညီချက်များအတိုင်း နေထိုင် လုပ်ဆောင်ခွင့်ရရင် ပြန်လည်ဝင်ရောက်မယ်လို့ပြောရာ ကက(ကြည်း) ထံ ကကလှမ်းမှ အကျိုးအကြောင်းပြန်လည် တင်ပြခဲ့ပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကကကြည်းဟာ “အင်း မလုပ်၊ အဲ မလှုပ်” ဆိုင်းငံ့ ထားပြန်ပါတယ်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ခရစ်ယာန်သာသနာပြု ဂိုဏ်းချုပ်ဆရာတော် ဆိုတေးရို ဖာရိုမို ဆိုရင် ကယားပြည်နယ် ငြိမ်းချမ်းရေးကို လိုချင်လွန်းတာကြောင့် အခေါက်ခေါက် အခါခါ လွန်းပျံသွားရောက်ညှိနှိုင်းရာ ဒုက္ခကြီးလှတာမို့ ငဲ့ညှာဖို့ ကောင်းလှပါတယ်။ ဒီနေရာမှာ သုံးသပ်ချင်တာက ဗိုလ်သန်းရွှေဟာ ငြိမ်းချမ်းရေးကိစ္စအား ယခင်မူဝါဒအတိုင်း မပြင်ရဲဘဲ ဗိုလ်ခင်ညွန့်ရဲ့  အပစ်ရပ် အဖွဲ့တွေအပေါ် ညှိနှိုင်းတဲ့ အစီအစဉ်တွေကို မဖျောက်ချင် ပေမဲ့ ကကကြည်းအား ကိုင်တွယ်ထားတဲ့ ဗိုလ်မောင်အေးရဲ့  တင်းမာတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် အပေါ် ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်မောင်အေးတို့အကြား မှန်မှန်ကန်ကန် အလယ်အလတ် ရပ်တည် ပေးခဲ့မှုမရှိတာ တွေ့ရပါတယ်။ ဗိုလ်သန်းရွှေကိုယ်တိုင် အပစ်ရပ် အဖွဲ့တွေအပေါ် မူလကတည်း က နှိမ့်ချဆက်ဆံလိုပြီး ယုံကြည်မှုမရှိတဲ့ အတွက်ကြောင့် “ကြားနေ” ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ တိုင်းရင်းသားတွေရဲ့  အရေးဟာပိုပြီးတောင် အလှမ်းဝေးခဲ့ပြီဖြစ်ပါတယ်။ လေးလပတ် အစည်းအဝေးတွေမှာ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးရဲ့  မကြာခဏ လက်သုံး စကားကတော့ “သူပုန်တွေ တို့တပ်ကို လာစော်ကားရင်တော့ ချမယ်ကွာ၊ အတင်အစီးမခံဘူး၊ ဒီကောင်တွေ လူပါးဝတယ်” စသဖြင့် အမြဲပြောနေတာကြောင့် ဗိုလ်ခင်ညွန့် အနေနဲ့ ဟိုစဉ်ကတည်းက ဘေးကျပ်နံကျပ် မျက်နှာပျက်ရတဲ့ကိန်း အမြဲဆိုက်ရောက်ခဲ့ရပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေက ငါးတစ်ကောင်ကို ၀မ်းပျဉ်းသားအဆီဖြိုးဖြိုးကို ယူထားပြီး ခေါင်းပိုင်းကို ဆွေမျိုးပေါက်ဖော် တရုတ်ကိုကျွေးသလို အမြီးပိုင်းကိုတော့ သူ့လက်အောက် ငယ်သား ဗိုလ်ချုပ်အပေါင်းနဲ့ အပေါင်းအပါတွေကို ကျွေးထားတာမို့ အရိုးအရင်း အကျတွေ ကြားက အသားစရှာစားနေရတဲ့ အဖြစ်ကို အပစ်ရပ် တိုင်းရင်းသားတွေ အနေနဲ့ သိမြင်ဖို့ လိုပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးဟာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို နှိမ့်ချ ဆက်ဆံသလို တိုင်းရင်းသားတွေ အပေါ်မှာတော့ အမြတ်ထုတ် အခွင့်အရေးယူ “ဖျံ” ကျတတ်ပုံတွေ၊ နိုင်ထက်စီးနင်းရယူ အမြတ်ထုတ်ခဲ့ပုံတွေကို ဆက်လက် တင်ပြပါဦးမယ်။
အဲဒီအချိန်မှာ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတဲ့ ဗိုလ်သန်းရွှေက လက်တို့ပြီး ဂျပန် သံအမတ်ကြီးအဖြစ် စောင့်ရှောက်ရန် ပြောဆိုစီမံကာ ဗိုလ်သိန်းဟန်ကို နှစ်သိမ့်ဆု ပေးလိုက်ပါတယ်။ အဲဒီအချိန်တုန်းက ရပခ တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်မောင်အေးကလည်း တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထား ဟန့်တားမှုတွေနဲ့ တုန့်ပြန်ခဲ့မှုတွေ ရှိခဲ့တာကြောင့် အဆင်မသင့်ရင် သူ့ကိုပါဆက်ပြီး “ဆော်” မယ့် အနေအထား ရှိခဲ့ပါတယ်။ ကံကောင်းချင်တော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကိစ္စနဲ့ ဗိုလ်စောမောင် နပန်းလုံးနေရာက စိတ်ဂယောင်ချောက်ချား ဖြစ်ခဲ့တာမို့ ဗိုလ်မောင်အေး သက်သာရာ ရောက်သွားခဲ့ပါတယ်။
ဗိုလ်ထက်မင်း
REF: ခေတ်ပြိုင်
0 comments:
Post a Comment