Monday, February 16, 2009

အန်အလ်ဒီ ဒုဥက္ကဌ ဦးတင်ဦး အပါအ၀င် ဒီမိုကရေစီ ခေါင်းဆောင်များကို ထောင်ဒဏ် သက်တမ်းထပ်တိုး

2/14/2009

အန်အလ်ဒီ ဒုတိယဥက္ကဌ ဦးတင်ဦးအပါအ၀င် ဒီမိုကရေစီလှုပ်ရှားသူ ခေါင်းဆောင်များကို မြန်မာစစ်အစိုးရက ထောင်ဒဏ်သက်တမ်း နောက်ထပ်တိုးမြှင့်လိုက်ကြောင်း သိရှိရသည်။

ဦးတင်ဦးကို ၂၀၀၃ ခုနှစ် မေလအတွင်းက ဖြစ်ပွားခဲ့သည့် ဒီပဲယင်းအရေးအခင်းတွင် မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးပြီး တနှစ်ပြီးတနှစ်နေအိမ် အကျယ်ချုပ် ချထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဦးတင်ဦးမှာ အသက် ၈၂ နှစ်ရှိပြီး အသက်အရွယ်အားဖြင့် ကြီးရင့်နေသူတဦး လည်းဖြစ်သည်။

မြန်မာစစ်စအစိုးရကို နိုင်ငံတကာနှင့် ကုလသမဂ္ဂမှ ဒီမိုကရေစီလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နေခြင်းကြောင်း ပြစ်တင်ရှုပ်ချနေသည့်အပြင် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ လွတ်ပေးရန် တောင်းဆိုနေသည့် ကြားမှ ယခုကဲ့သို့ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ် သက်တမ်းနောက်ထပ် တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

အလားတူ ဒေါက်တာ တင်မင်းထွန်းကိုလည်း အင်းစိန်အထူး တရားရုံးမှာ ယမန်နေ့ည ၄ နာရ်ီခန့် မှာ ပုဒ်မ (၃၃)(က)အီလက်တရွတ်နစ်ပုဒ်မ၊ ပုဒ်မ(၄) အမျိုး သားညီလာခံ ပျက်စီးစေမှု၊ ပုဒ်မ(၅၀၅)နိုင်ငံတော်အကြည်ညိုပျက်စေမှုစသည့် အမှုသုံးခုကို ပေါင်းပြီး ထောင်ဒါဏ် ၁၅ နှစ် ချမှတ်လိုက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကိုလည်း ထောင်ဒဏ်တိုးမြှင့် လိုက်သည်။

ဒီမိုကရေစီလှုပ်ရှားသူများအပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှား သူများကို ၂၀၀၇ ခုနှစ် စက်တင်္ဘာရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း နအဖ စစ်အစိုးရမှ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည့်မှာ စုစုပေါင်း ၄၃၀ ဦးရှိပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီမှတ်တမ်းများအရ သိရှိရသည်။

REF: နိရဉ္စရာ

0 comments:

အပေါ်သို့