Wednesday, May 2, 2012

နန်းရှေ့ ဒေါနဘွား အကွက်(၁၃)တွင် မီးလောင်၊ အိမ်ထောင်စု(၂၁)စု အိုးမဲ့အိမ်မဲ့ဖြစ်

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
1 May, 2012

ဧပြီလ(၂၉)ရက်နေ့ည(၁၀း၀၀)နာရီဝန်းကျင်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့ရှိ ဒေါနဘွားရပ်ကွက် အကွက်အမှတ်(၁၃)အုတ်စက်ရပ်ရှိ ကျော်
ကျော် ဓါတ်ပုံနှင့်ကွန်ပျူတာဆိုင်မှ စတင်ကာ မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်ရခြင်းအကြောင်းအရင်းမှာ ဖယောင်းတိုင်မီးမှတဆင့်စတင်ကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်ဟု မန္တလေးဗဟိုမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

မီးလောင်မှုကြောင့် အိမ်ခြေဆယ့်ငါးလုံး ပျက်စီးဆုံးရှုံးမှုရှိသည်ဟု မန္တလေးဗဟိုမီးသတ်မှတ်တမ်းများအရ သိရသည်။

“အိမ်တွေ အတော်ပါသွားတယ် ၊ မီးတောက်က ထန်းပင်ထိပ်ဖျားထိ တက်စွဲသွားတယ် ” ဟု မီးလွတ်ရာ တိမ်းရှောင်လာ သူတစ်ဦးကပြောပြသည်။

အဆိုပါမီးလောင်မှုကြောင့် အိမ်ထောင်စုနှစ်ဆယ့်တစ်စုနှင့်လူဦးရေတစ်ရာကျော်အား ရပ်ကွက်အတွင်းရှိ ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ကူညီမှုများ ပေးထားကြောင်းသိရသည်။

မီးလောင်ရာသို့ မီးသတ်ကား (၅၀)ကျော်နှင့် မီးသတ်သမား(၂၀၀) ခန့်ရောက်ရှိခဲ့ပြီး ည(၁၁း၃၀)အချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့