Wednesday, May 2, 2012

ယာဉ်အမှတ်လျောက်ထားလိုသူများ မေ(၂)မှစတင်လျောက်ထားနိုင်။

ဥာဏ်ဥာဏ် (မြစ်မခ)
1 May, 2012

မေလ (၂)ရက်နေ့က စတင်၍ မော်တော်ယာဉ်မှတ်ပုံတင်အမှတ်များအား နံပါတ်အလိုက် ကြိုတင်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနက သိရှိရသည်။

“လျှောက်ထားရာမှာ ယာဉ်အမှတ်တွေကို (၁၀၀၁) က စတင် သတ်မှတ်ပေးမှာဖြစ်ပြီး ပေါင်းခြင်း (၁၀) နဲ့ (၁၃) ကိုတော့ ချန်ထားမှာ ” ဟု ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

စိတ်ကြိုက်ယာဉ်နံပါတ်ရွေးချယ် ကြိုတင်လျှောက်ထားမှုအတွက် နိုင်ငံတော်သို့ ဘဏ္ဍာငွေပေးသွင်း၍ လျောက် ထားနိုင်ကြောင်း သိရသည်။

ဘဏ္ဍာငွေပေးသွင်းရာတွင် လက်ရှိရောက်ရှိနေသည့် နံပါတ်မှ ၁၀၀၀ အတွင်း နံပါတ်အတွက် ကျပ် (၅)သိန်း ၊ ရောက်ရှိ နံပါတ်မှ ၂၀၀၀ အတွင်း နံပါတ်အတွက် ကျပ် (၆)သိန်း ၊ နံပါတ် ၃၀၀၀ အတွင်း ကျပ် (၇)သိန်း ၊ နံပါတ် ၄၀၀၀ အတွင်း အတွက် ကျပ် (၈)သိန်း ပေးသွင်းနိုင်ကြောင်း သိရသည်။

ထို့အပြင် ရောက်ရှိ နံပါတ်မှ နံပါတ် ၅၀၀၀ အတွင်း ကျပ် (၉)သိန်း ၊ နံပါတ် ၆၀၀၀ အတွင်း ကျပ် (၁၀)သိန်း၊ နံပါတ် ၇၀၀၀ အတွင်း ကျပ် (၁၁)သိန်း၊ နံပါတ် ၈၀၀၀ အတွင်း ကျပ်(၁၂)သိန်းနှင့် နံပါတ် ၉၀၀၀ အတွင်း ကျပ် (၁၃) သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

“ ဒီလို ကြိုတင်လျှောက်ထား သူဟာ အခုလို ဘဏ္ဍာငွေ ပေးသွင်းထားမှု မရှိရင်တော့ အခြား ယာဉ်အမှတ် တွေလိုပဲ ဆက်လက်ထုတ်ပေး သွားမှာ” ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု မှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ယာဉ်အမှတ်ရွေးချယ်ရန်အတွက် မော်တော်ယာဉ်သွင်းကုန်လိုင်စင် မိတ္တူပူးတွဲ၍ လျှောက်ထားသူ၏ မှတ်ပုံ တင်(သို့) စိစစ်ရေးကတ် မိတ္တူနှင့် လျှောက် ထားနိုင်ကြောင်း သိရသည်။

ယာဉ်အမှတ် ၄ လုံးပူး ဂဏန်းရယူ လိုသူများအတွက် အဆိုပါ သတ်မှတ်ချက် တန်ဖိုး နှစ်ဆ ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့