Thursday, May 3, 2012

နျုဂင်းဂရစ်ခ်ျ အမေရိကန်သမ္မတလောင်းရွေးပွဲက နုတ်ထွက်

02 မေ 2012

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကင်ပါတီရဲ့ သမ္မတလောင်းဖြစ်ရေး အတွက် ပြည်နယ် အလိုက် ပဏာမ ရွေးကောက်ပွဲတွေ ယှဉ်ပြိုင်ခဲ့ တာမှာ ပြည်နယ်နှစ်ခုမှာပဲ အနိုင်ရခဲ့ပြီးတော့ ရွေးကောက်ပွဲ မဲဆွယ်စရိတ် ဒေါ်လာ ၄ သန်းနဲ့ ၃ သိန်း အကြွေးတင်သွားတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နျုဂင်းဂရစ် ခ်ျ (Newt Gingrich) ဟာ ရီပတ်ဘလီကင်ပါတီသမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေမှုကို ရပ်ဆိုင်းလိုက်ပြီ လို့ မေလနှစ် ရက်နေ့က ၀ါရှင်တန်ဒီစီ မြို့တော်ရဲ့ ပြင်ပကနေ ကြေညာခဲ့ပါတယ်။

သူ့ရဲ့မဲဆွယ်ကာလတလျှောက်လုံး အလှူငွေထည့်ဝင်ခဲ့ကြသူ ၁၇၉,၀၀၀ ကျော်နဲ့ သူ့ကို ထောက်ခံခဲ့ကြ သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ်မှာ စတင်အနိုင်ရရှိခဲ့ တဲ့ နျုတ်ဂင်း ဂရစ်ခ်ျဟာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတ လောင်းဖြစ်ရေး ပြိုင်ပွဲမှာ ထိပ်ဆုံးကို ရောက်လာခဲ့ပေမယ့် ဖလော် ရီဒါ (Florida) ပြည်နယ်မှာ သူ ရှုံးနိမ့်ခဲ့ချိန်ကစလို့ မက်ဆာချူး ဆက် (Massachusetts) ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်(တ်)ရော်မနီ (Mit Romney) ကို နျုတ်ဂင်းဂရစ်ခ်ျ က မနိုင်နိုင်တော့ဘူး ဖြစ်ခဲ့ ရပြီးတော့ အခုအခါ မစ်(တ်)ရော်မနီဟာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သေချာသွားပြီး လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ (Democratic Party) ရဲ့ သမ္မတလောင်း လက်ရှိသမ္မတ ဘရက် အိုဘားမားနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Ref: ဗွီအိုအေ

0 comments:

အပေါ်သို့