Wednesday, May 2, 2012

လူငယ်များ သွေးလှူနိုင်ရန် အနေအထိုင်ဆင်ခြင်သင့်ကြောင်း နေဘုန်းလတ်ဆို

ရှုမ၀အောင်(မြစ်မခ)
1 May, 2012

လူငယ်များအနေဖြင့် သွေးအမြဲလှူဒါန်းနိုင်ရန် မိမိကိုယ်ကို ပြုမူနေထိုင်သင့်ကြောင်း ဘလော့ဂ်ဂါ နေဘုန်းလတ်က မေလ(၁)ရက် စံပြဆေးရုံ၌ သွေးလှူဒါန်းရင်း ပြောကြားခဲ့သည်။

ဘလော့ဂ်ဂါ ဦးနေဘုန်းလတ် ဦးဆောင်သော သင်္ဃန်းကျွန်းလူငယ်အဖွဲ့က ယနေ့(မေလ-၁ရက်)မနက် ၁၁ နာရီတွင် သင်္ဃန်းကျွန်း စံပြဆေးရုံ၌ သွေးလှူဒါန်း ခဲ့ခြင်းဖြစ်သည်။

သွေးလှူဒါန်းခြင်းသည် ပြည်သူလူထုအကျိုးအတွက် တစ်ခန်းတစ်ကဏ္ဍပါဝင်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ သွေးအမြဲ လှူဒါန်းနိုင်ရန် ပြုမူနေ ထိုင် သင့်ကြောင်း ဘလော့ဂ်ဂါ နေဘုန်းလတ်က ပြောသည်။

“ဒီအယောက် ၃၀ လုံးက အစ်ကိုထောင်ထဲမှာရှိနေကတည်းက လှူဒါန်းနေတာပါ။ ဒီတစ်ခါဆိုရင် ၅ ကြိမ်ရှိပါပြီ။ လေးလတစ်ကြိမ် လှူဖြစ်ပါတယ်။ လှူချင် တဲ့သူတွေရှိရင်လဲ ဆက်သွယ်လှူဒါန်းလို့ရပါတယ်။” ဟု ဘလော့ဂ်ဂါ ဦးနေဘုန်းလတ်က ပြောသည်။

ဘလောဂ့်ဂါ ဦးနေဘုန်းလတ်သည် ယခုတစ်ကြိမ် သွေးလှူဒါန်းခြင်းမှာ တတိယအကြိမ်မြောက် ဖြစ်သည်။

ကူးစက်ရောဂါရှိသူများ၊ ကင်ဆာဖြစ်နေသူများနှင့် ဆေးမင်ကြောင်ထိုးသူများကို သွေးလှူဒါန်းသူအဖြစ် လက်မခံကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံ ရောဂါ
ဗေဒဆရာဝန်မကြီး ဒေါ်အေးအေးဝင်းက ပြောသည်။

“မှဲ့ကင်ဆာရှိရင်တောင် သွေးလှူလို့မရပါဘူး။ လူငယ်တွေ မူးယစ်ထုံထိုင်းစေတဲ့ ပစ္စည်းတွေကို သုံးဖူးတဲ့ သူတွေကိုလဲ သွေးလှူဒါန်းခွင့်မပြုပါဘူး။” ဟု ဒေါ်အေးအေးဝင်းက ဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့