Monday, October 8, 2012

၁၉၆၁ ခုနှစ်က နောက်ဆုံး နောက်ဆုံး ယှဉ်ပြိုင်ခဲ့ သည် မယ် နိုင်ငံ တကာ ကို မြန်မာ တကျော့ပြန် ယှဉ်ပြိုင်

October 5, 2012

ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်း ဘူဒိုကန် အားကစားခန်းမ၌ အောက်တိုဘာလ ၁ ရက်နေ့ မှအောက်တိုဘာလ ၂၁ ရက်နေ့ အထိ ကျင်းပနေသည့် မယ်နိုင်ငံတကာ (Miss International)ကို မြန်မာနိုင်ငံ ကိုယ်စားပြုကာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှ မနန်းခင်ဇေယျာ သည် ၀င်ရောက်ယှဉ်ပြိုင် နေသည် ဟု ၅၂ ကြိမ်မြောက် မယ် နိုင်ငံ တကာ (Miss International) ကျင်းပရေး ကော်မတီသတင်း နှင့် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့မှ မတ်လတွင် ကျင်းပခဲ့သည့် Miss Myanmar Internationa ပြိုင်ပွဲ၌ Miss Myanmar International Crown ဆုကို ရရှိခဲ့ သည်။

မယ်နိုင်ငံတကာ ပြိုင်ပွဲကို နိုင်ငံပေါင်း ၆၇ နိုင်ငံမှ ၀င်ရောက်ယှဉ် ပြိုင်သည်။ ယခုနှစ် Miss International ဆုရရှိသူ အား ယခင်နှစ်က ဆုရှိခဲ့သည့် အီကွေဒေါမှာ ဖာနန်ဒါကော်နီဂျို မှ လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။

နန်းခင်ဇေယျာသည် အသက် ၂၃ နှစ်ရှိပြီ ဖြစ်ပြီး အရပ်အမြင့် ငါးပေ ခြောက်လက်မခွဲ ဖြစ်သည်။

နောက်ဆုံးရ သတင်းများ အရ နန်းခင်ဇေယျာသည် ပရိသတ် စိတ်ဝင်စား မှု ရှိသည့် ဆု စသည်ဖြင့် အနည်းဆုံး တစ်ခုရ နိုင်မည်ဟု ပြိုင်ဘက် အလှမယ်များက ၎င်းတို့၏ FB စာမျက်နှာများတွင် သုံးသပ်ထားသည် ယမန်နှစ်က ဆုရရှိခဲ့ သူအီကွေ ဒေါ မှ ဖာနန်ဒါကော်နီဂျိုက မြန်မာတို့၏ အလှကို ယခုမှသူတွေ့ဖူးသည် ဟု အိုကီနာဝါ ရုပ်သံ အစီအစဉ်တွင် ပြောကြားခဲ့သည်။

ယနေ့ ကျင်းပသည့် Miss Parade ဟု ခေါ်သည့် အလှမယ်များ ရိုးရာ ယဉ်ကျေးမှုဟန်ပန် များဖြင့် အလှပြလမ်းလျှောက် ချီတက်မှုကို ကိုကူဆိုင်းကျွန်းတွင် ကျင်းပခဲ့ရဲ့  မြန်မာ ဆွမ်းတော်အုပ်အုပ်၊ ပုလဲပုတီး၊ စစ်ကြိုခောတ် ပညာတတ်မြန်မာများ ၏ ဖက်ရှင်တို့ဖြင့် အလှပြခဲ့သည်။

နန်း ခင်ဇေယျာ အား မဲပေး ရန်

Ref: အဖ်အဲန်ဂျီ

0 comments:

အပေါ်သို့