Monday, July 2, 2012

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်မယ့်ရက် ရွှေ့ဆိုင်း

2012-06-30

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ငါးနိုင်ငံ ခရီးစဉ်က ပြန်လာအပြီး ခရီးပန်းတာကြောင့် လာမယ့် ရက်ပိုင်းအတွင်း ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်သေးကြောင်း ခွင့်တောင်းခံထားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ပထမပတ်မှာ ပြန်လည် စတင်မယ့် လွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်သေးပေမယ့် နောက်တပတ် မှာတော့ တက်ဖြစ်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"သူက ၄ ရက် ၅ ရက် ၆ ရက် ဇူလိုင်၊ ဒီ ၃ ရက်အတွက်ပဲ ခွင့်ယူထားတာပါ။ အဲဒီခွင်ြ့ပီးရင် သူတက်မှာပါ။"

ခရီးပန်းနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း သိရပါတယ်။ မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မင်္ဂလာဒုံ လေဆိပ် နဲ့ လမ်းတလျှောက်မှာ ပြည်သူလူထု သောင်းနဲ့ ချီပြီး ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခွင့်တောင်းခံထားပေမယ့် ကျန်တဲ့ အန်အယ်လ်ဒီ လွှတ်တော် အမတ် အားလုံး ဒီ သတင်းပတ် အတွင်း ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လစ်လပ်နေရာ ၄၄ နေရာမှာ ၄၃ နေရာ အနိုင်ရခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့