Monday, July 2, 2012

မြန်မာရွှေ့ပြောင်းလုပ်သားများလွတ်လပ်စွာခရီးသွားလာခွင့်ရရှိစေရန် ထိုင်းအစိုးရထံသို့ စာတင်

ဖောင်ဖောင်-ချင်းမိုင်(မြစ်မခ)
29 Jun, 2012

ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ လွတ်လပ်စွာခရီးသွား လာခွင့်ရရှိ နိုင်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးပံ့ပိုးရေးကွန်ယက်အဖွဲ့က ထိုင်းအစိုးရထံ အိတ်ဖွင့်ပေး စာတစ်စောင်အား ဇွန်လ(၂၉)ရက်နေ့က ပေးပို့ခဲ့သည်။

တာ့ခ် ဒုတိယခရိုင်ဝန် နိုင်းမုန်းခွန်းဆန်တိထီးထွန်းနှင့် ခရိုင်အလုပ်သမားရှာဖွေရေးဌာနမှ နန်းဆောင်ကျုန်းတိးမီးတဲ့မ် တို့က ယခုနှစ် မေလ (၃၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တရားမ၀င်ရွေ့ပြောင်းအလုပ်သမားများအား နယ်မြေပြင်ပသို့ ထွက်ခွာရာတွင် အထောက် အထားစစ်ဆေးခြင်းနှင့် မှတ်တမ်းတင်ခြင်းစသည့်အမိန့်များကြောင့် ယခုကဲ့သို့စာပေးပို့ရခြင်း ဖြစ်ကြောင်း အဆိုပါ ကွန်ယတ်အဖွဲ့ဝင် ကိုကျော်မြင့်က ပြောသည်။

“အခုသူတို့(ထိုင်းအစိုးရ) ဖမ်းနေတာက တရားမ၀င်တဲ့သူတွေ တင်မကဘူး၊ တရားဝင်ပတ်စ်ပို့ကိုင်ထားတဲ့သူတွေကိုကော ဖမ်းနေ ကြတာလေ။ ကျွန်တော်တို့ အလုပ်သမားတွေ ပတ်စ်ပို့လုပ်ထားတာ အလကားဖြစ်တာပေါ့။ ဒါကြောင့် တရားဥပဒေ နဲ့ အညီ လုပ် ဆောင်ပေးဖို့ပါ” ဟု ကိုကျော်မြင့်က ပြောသည်။

ပတ်စ်ပို့ကိုင်ဆောင်ထားသည့် အလုပ်သမားများအနေဖြင့် လစာပိုမိုရရှိသည့် ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နိုင်ရန် ဘန်ကောက် မြို့သို့အသွား မဲဆောက်မြို့အထွက် ဝွေ့ရင်ဖွန်ဂိတ်ကနေ၍ ထိုင်းအလုပ်ရှင်များနှင့် ထိုင်းရဲများက ပူးပေါင်းပြီး ပတ်စ်ပို့ကိုင် ဆောင်ထား တဲ့ အလုပ်သမားတွေအား ဖမ်းဆီးနေခြင်းကြောင့်ဟု ၄င်းကဆိုသည်။

“ အခုပတ်စ်ပို့ရှိလည်း ဘယ်မှ သွားလို့မရတော့ဘူး။ သွားတာနဲ့ အကုန်လုံးလိုက်ဖမ်းနေတယ်” ဟု မြန်မာရွေ့ပြောင်းအလုပ် သမား တစ်ဦးက ပြောသည်။

ထိုကဲ့သို့ လိုက်လံဖမ်းဆီးနေမှုများနှင့် ပက်သက်၍ ယာယီပတ်စ်ပို့လုပ်ရာတွင် အာမခံဖြင့်လိုက်လံလုပ်ဆောင်ပေးနေသော ပွဲစား တစ်ဦးကလည်း ယခုလိုပြောသည်။

“ သူဌေးက ပတ်စ်ပို့လုပ်ဖို့ဆိုပြီး အလုပ်သမားတွေကို ငွေတစ်ဝက်စိုက်ထုတ်ပေးတယ်လေ။ အဲ့ဒါကိုအလုပ်သမားတွေက ပတ်စ်ပို့ ရတာနဲ့ ဒီမဲဆောက် အလုပ်မလုပ်တော့ပဲ အကုန်ဘန်ကောက်တက်ကုန်တယ်လေ။ အခုဆိုရင် မဲဆောက်မှာ အလုပ်သမား သိပ်မ ရှိတော့လို့ သူဌေးတွေက ဖမ်းခိုင်းတာ” ဟု အဆိုပါ ပတ်စ်ပို့ကယ်ရီက ပြောသည်။

သို့ရာတွင် တရားဝင်အလုပ်သမားတစ်ဦးအနေဖြင့် အလုပ်တစ်ခုမှ တခုသို့ ပြောင်းခြင်း(သို့) နေရာပြောင်းရွှေ့ခြင်းသည် အလုပ် ရှင်/အလုပ်သမားများနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်၍ အလုပ်သမားနေရာချထားရေး ဥပဒေ ဘီအီး(၂၅၅၁) ပြဌာန်းချက်အရ လွတ်လပ်စွာခရီးသွားလာခွင့်အား ကန့်သတ်ထားခြင်း မရှိကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် ယခုကဲ့သို့ တရားဝင်အလုပ်သမားများအပေါ် အရေးယူဖမ်းဆီးမှုများသည် အလုပ်သမားများအတွက် ထိခိုက်မှု များကြုံ တွေ့နေရသည်ဟု ရွေ့ပြောင်းအလုပ်သမားများအခွင့်အရေးပံ့ပိုးရေးကွန်ယတ်အဖွဲ့ကအိတ်ဖွင့်စာထဲတွင် ထည့်သွင်း ဖော်ပြထားသည်။

တဆက်တည်းမှာပင် ခရီးသွားလာခြင်းသည် လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်ဟုယူဆပြီး ၂၅၅၀ ခုနှစ် ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးဥပဒေတွင်လည်း အာမခံပေးထားပါသည်။ ၄င်းကြောင့် ယခုချက်မှတ် ထားသည့် အမိန့်နှင့် အချက်အလတ်မှတ်တမ်းတင်ခြင်းအမိန့်အား ရုတ်သိမ်းပေးရန် ထိုအဖွဲ့က တောင်းဆိုထားခြင်း ဖြစ်သည်။

လတ်တလောထိုင်းနိုင်ငံတွင် ပြုလုပ်ပေးနေသည့် ယာယီနိုင်ငံကူးလက်မှတ်သည် နေထိုင်ခွင့်(၆) နှစ်သက်တမ်းရှိပြီး နည်းလမ်း တကျထပ်ဆင့် လက်မှတ်ရေးထိုးထားလျှင် ဤလက်မှတ်ဖြင့် တခြားနည်းလမ်းကန့်သတ်ထားသည်မဟုတ် သော် လည်းခရီး သွားလာနိုင်ခွင့်ရသည့် လက်မှတ်တစ်ခုဖြစ်ကြောင်းကိုလည်း သိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့