Friday, July 6, 2012

ဂျက်ကီချန်း မန္တလေးသို့ရောက် ကြိုဆိုသူ ပရိသတ် ထောင်သောင်းချီလျက်ရှိ

မင်းမင်းလတ်(မြစ်မခ- မန္တလေး)
5 Jul, 2012

ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၂လမ်း နှင့် လမ်း၃၀ထောင့်ရှိ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်းသို့ ရောက်ရှိခဲ့ပြီး ကြိုဆိုသူ ပရိသတ်များပြားလွန်းသောကြောင့် မိနစ်ပိုင်းအတွင်း အလျင် အမြန်ပြန်ထွက်သွားခဲ့ရကြောင်း သိရှိရသည်။

ဂျက်ကီချန်း၏ မန္တလေးခရီးစဉ်ကို Unicef ၏အစီအစဉ်ဖြင့်လာရောက်ခဲ့ခြင်းဖြစ်ပြီး လူမှုဝန်ထန်းကယ်ဆယ်ရေး လက်အောက်ရှိအဖွဲ့များ နှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်းလဲ မန္တလေးတွင် လုပ်ကိုင်နေသောလူမှုရေး အဖွဲ့အစည်းအချို့၏ပြောပြချက်အရ သိရသည်။

မန္တလေးမြို့သို့ ရုပ်ရှင်မင်းသားဂျက်ကီချန်းရောက်ရှိမည်ဆိုသောသတင်းအား ဒေသခံသတင်းစာများတွင် ဖေါ်ပြပေးခဲ့ခြင်းကြောင့်
မင်းသားကိုလာရောက်ကြိုဆိုသူအများအပြားမှာလည်း မန္တတောင်ပေါ်တွင်စောင့်ဆိုင်း လျှက်ရှိကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့