Tuesday, July 3, 2012

ကြံ့ ခိုင်ရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲထားတဲ့အမှု NLD ကကျေအေး

2012-07-02

ပဲခူးတိုင်း ဝေါမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ကို ရွေးကောက်ပွဲ စည်းကမ်း ဖောက်ဖျက်လို့  တရားစွဲ ထားတဲ့အမှုကို NLD က ကျေအေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့  ကြားဖြတ်ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့ နယ် ကျုံပါချောင်းဝရွာ မဲရုံမှာ ကြံ့ ခိုင်ရေး ပါတီဝင် ဝေါမြို့ နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခဲ့တဲ့အတွက် NLD ပါတီက တရားစွဲခဲ့ပါတယ်။

ဒီအမှုမှာ ဝေါမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ကို ကျုံပါချောင်းဝရွာက NLD ပါတီ မဲရုံကိုယ်စားလှယ် ဦးဇော်လင်းဦးနဲ့ ဦးစန်းဦးတို့က တရားစွဲခဲ့တာဖြစ်ကြောင်း ပဲခူးတိုင်း အောင်နိုင်ရေးတာ ၀န်ခံ ဒေါက်တာစိုးမြင့်သန်းက ပြောပါတယ်။

"သနပ်ပင်မြို့ နယ် ကျုံပါချောင်းဝရွာမဲရုံမှာ ဝေါမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က မဲရုံ ထဲ ကိုဝင်လာပြီး ကြံ့ ခိုင်ရေးပါတီကို မဲပေးဖို့ မဲဆန္ဒရှင်တွေကို လိုက်လက်ဆွဲ နှုတ်ဆက်ပြီး စည်းရုံးတာကို NLD က မဲရုံကိုယ် စားလှယ် ကိုဇော်မင်းဦးရယ်၊ ကိုဆန်းဦးရယ်၊ မဲရုံမှုးတွေက ကန့်ကွက်တာကို မဲရုံထဲကနေ သူက ချက်ချင်းမထွက်ဘူး၊ မင်းတို့ တိုင်ချင်တဲ့ဆီတိုင်၊ လုပ်ချင်တာလုပ် ငါဂရုမစိုက်ဘူး။ ငါလွှတ်တော်ကိုယ်စားလှယ်ကွ ဆိုပြောတော့ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်တယ်။ အဲဒီကိစ္စကို မင်းရွာ ရဲစခန်းမှာ အရေးယူပေးဖို့ တိုင်ကြားပြီး သနပ်ပင်မြို့ နယ်တရားရုံးမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ က သနပ်ပင်တရားရုံးမှာ တရားစွဲခဲ့တဲ့ နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုကော်မတီရဲ့ လမ်းညွှန်အကြံပြုချက်အတိုင်း အမှုကို ကျေအေးပေးလိုက်သလို ဦးအောင်နိုင်ဘက်ကလည်း အမှုကျေအေးပေးတဲ့ အပေါ်ကျေးဇူး တင်ကြောင်း လက်မှတ်ရေးထိုးပေးတယ်လို့ ပြောပါတယ်။

"သူ့ ဝန်ခံ တောင်းပန်ချက်မှာကတော့ မဲဆန္ဒရှင်တွေ၊ ကိုယ်စားလှယ်တွေကို သူရွေးကောက်ပွဲ ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေကို ဖောက်ဖျက်မိတာ မှန်ကန်ကြောင်း၊ NLD ပါတီနဲ့ မဲဆန္ဒရှင်တွေက သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း လက်မှတ်ထိုးပေးပါတယ်။ ယနေ့ အချိန်အခါမှာ ပါတီတွေ အကုန်လုံးက နိုင်ငံတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မဲ့ ကာလဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်ဖို့ကို မျှော်တွေးပြီးတော့ ကျွန်တော်တို့က အခုလို ကျေအေးပေးလိုက်တာ ဖြစ် ပါတယ်" လို့ ပဲခူးတိုင်း အောင်နိုင်ရေး အဖွဲ့ တာဝန်ခံ ဒေါက်တာ စိုးမြင့်သန်း ခေါ် စာရေးဆရာ အောင်ထိပ်က ပြောပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့