Monday, July 2, 2012

မြန်မာကလေးစစ်သားအရေးအား ကုလသမဂ္ဂ က (၁၈)လအတွင်း အပြီးဆောင်ရွက်မည်

ရှုမ၀အောင်(မြစ်မခ)
30 Jun, 2012

အရွယ်မရောက်သေးသော ကလေးသူငယ်စစ်သားများအား စစ်မှုထမ်းခြင်းမှ ကာကွယ်နိုင်ရန် အစီအစဉ်များကို ကုလသမဂ္ဂမှ (၁၈) လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် Ms.Radhika Coomaraswamyထံက သိရှိရသည်။

“ဒီကလေးသူငယ်စစ်မှုထမ်းတဲ့ကိစ္စကို ၁၈ လအတွင်းမှာ အပြီးလုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု Ms.Radhika Coomaraswamy ပြော သည်။

တပ်မတော်တွင် ကလေးသူငယ်စစ်သား (၅၂၅)ဦးရှိနေရာမှ ကလေးစစ်သား(၄၀၀)ကျော်အား မိဘအိမ် အရောက် ပြန်လည် ပို့ ဆောင်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း Ms.Radhika Coomaraswamy က ဆက်ပြောသည်။

အဆိုပါ အစီအစဉ်မှာ နိုင်ငံတော်အစိုးရနှင့်ကုလသမဂ္ဂ၏တို့အကြား ဆွေးနွေးခဲ့သော ဆွေးနွေးမှုရလာဒ်တစ်ခု ဖြစ်ကြောင်း ကလေး သူငယ်စစ်မှုထမ်းခြင်းအတွက် ညှိနှိုင်းမှုအား ၂၀၀၇ ဇူလိုင်လမှ စတင်ညှိနှိုင်းခဲ့ပြီး သဘော တူညီမှုစာချုပ်အား ဇွန်လ (၂၇) ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

လုပ်ငန်းဆောင်ရွက်မှုစီမံကိန်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်အချက်အမှတ် (1612)အရ ညှိနှိုင်းခဲ့ ခြင်းဖြစ်ကြောင်း ယူနီ ဆက်ဖ်(မြန်မာ)၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သားများကို စုဆောင်းအသုံးပြုသောအဖွဲ့ (၈)ဖွဲ့ကို စာရင်းပြုစုထားရာ ၄င်းတို့မှာ တပ်မတော်၊ ဒီမိုကရက် တစ် ကရင်ဗုဒ္ဓဘာသာစစ်တပ်၊ ကချင်လွတ်မြောက်ရေးတပ်(ကေအိုင်အေ)၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်-ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်၊ ရှမ်းပြည်နယ်တပ်(အက်စ်အက်စ်အေ)တောင်ပိုင်းနှင့် ၀အမျိုးသား တပ်မ တော် တို့ ဖြစ်သည်။

“ဒီကလေးသူငယ်စီမံကိန်းကို လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ကုလသမဂ္ဂရယ် လုပ်ငန်းအဖွဲ့ရယ်နဲ့ အစိုးရ လက်တွဲဆောင်ရွက်ခွင့် ရလာပြီးတော့ နောက်ဆိုရင် ဘယ်တော့မှ ကလေးသူငယ်တွေကို စစ်သားအဖြစ် မစုဆောင်းဖို့နဲ့ စစ်ရေးအတွက် အသုံးချလို့ မရ တော့ဘူးဆိုတာကို အခိုင်အမာ အသိပေးလိုက်နိုင်တာပါပဲ”ဟု ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး မစ္စတာနီဂမ်က ပြောကြားခဲ့သည်။

အထက်ပါ အဖွဲ့ရှစ်ဖွဲ့သည် ငါးနှစ်ထက်မက စာရင်းပေါက်နေသဖြင့် စွဲစွဲမြဲမြဲ ချိုးဖောက်သူများဟု ယူဆကြောင်းကိုလည်း ယူနီဆက်ဖ်မှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

“အခုက တပ်မတော်က ကလေးစစ်သားတွေပဲ ရှိပါသေးတယ်၊ နောက်ပိုင်းမှာ လက်ကိုင်အဖွဲ့တွေက မလိုက်နာ ဘူးဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေ လက်နက်ရောင်းချမှုတွေ ပိတ်ပင်တာတွေ ခရီးသွားလာမှုပိတ်ပင်တာတွေ ရှိလာနိုင်တယ်”ဟု ကုလသမဂ္ဂအ တွင်းရေး မှူးချုပ် ၏ အထူးကိုယ်စားလှယ် Ms.Radhika Coomaraswamy ကပြောသည်။

အဆိုပါ စီမံကိန်းတွင် ကလေးသူငယ်များကို တပ်မတော်က လွှတ်ပေးရန်၊ မိဘဆွေမျိုးများထံ ပြန်ပို့ပေးရန်၊ ကောင်းမွန်သော ရှင်သန် နိုင်ရေး ပညာသင်ယူနိုင်ရေးနှင့် အသက်မွေးဝမ်းကြောင်းမှုများကို မြှင့်တင်ပေးရန်၊ ထောက်ပံ့ပေးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက် ရန် စသည့်အချက်များ ပါဝင်သည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သားစုဆောင်ရေးတပ်သည် (၈)ဖွဲ့ရှိသည်ဟု သိရသောကြောင့် ကမ္ဘာ့အဆင့်တွင် အမြင့်ဆုံးနေရာတွင် ရှိနိုင်ကြောင်းကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်က သုံးသပ် ခဲ့သည်။

ကုလသမဂ္ဂအရာရှိများ ယူနီဆက်ဖ်မြန်မာဋ္ဌာနနေကိုယ်စားလှယ်များ စာနယ်ဇင်းသမားများနှင့်တွေ့ဆုံကာ အရွယ်မရောက်သေးသော ကလေးသူငယ်စစ်သားများအား စစ်မှုထမ်းခြင်းမှ ကာကွယ်နိုင်ရန် အစီအစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား ကုန် သည်ကြီးများဟိုတယ် (၁၀)ထပ်၊ JPG အစည်းဝေးခမ်းမတွင် ဇွန်လ(၂၉)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့