Monday, March 23, 2009

နာဇီစစ်အကျဉ်းစခန်းအား မျိုးဆက်သစ်ကလေးငယ်များ ထင်မှတ်မှားနေကြ

သတင်းထောက်ကူပြု © holeinthedonut.

ဒုတိယ ကမ္ဘာစစ် အတွင်း ဂျူးလူမျိုးများ ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် သေမင်းတမန် အကျဉ်းစခန်းကြီး အော့စ်ဝစ်ဇ် ၏ အမည်ကို ယခု ခေတ် ကလေးငယ်များ က ဘီယာ တံဆိပ် တစ်ခု (သို့မဟုတ်) ဘာသာရေး ပွဲတော်တစ်ခု (သို့မဟုတ်) ပေါင်မုန့် တစ်မျိုး ၏ အမည်ဟု ထင်မှတ် မှားနေကြောင်း ပညာရှင်များက ပြောကြား လိုက်သည်။

အသက် (၁၁) နှစ်နှင့် (၁၆) နှစ်ကြား ဗြိတိန် ကလေးငယ် (၁၂၀၀) တို့အား မေးမြန်းခဲ့ရာ ၎င်းတို့ သည် အဆိုပါ အမည်မှာ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီ စစ်ဘီလူးတို့ က လူ့ အသက်ပေါင်း (၁.၂) သန်းကျော်ကို အမျိုးဖြုတ်ခဲ့သည့် နေရာမှန်း မသိဘဲ အရောရော အနှောနှော ဖြစ်နေသည်ဟု သိရသည်။ ၎င်းတို့ အနက်မှ (၂၃) ရာခိုင်နှုန်းမှာမူ အော့စ်ဝစ်ဇ် ၏ အမည်ကို ကြားပင် မကြားဖူးပေ။ လန်ဒန်ရှိ ဂျူးယဉ်ကျေးမှု စင်တာက ထုတ်ပြန် ကြေငြာမှု အရ အော့စ်ဝစ်ဇ် သည် ဂျာမနီရှိ နယ်နိမိတ်မြို့တစ်မြို့အဖြစ် ထင်မှတ် နေသူ ကလေးငယ် ဦးရေ (၈) ရာခိုင်နှုန်းရှိပြီး (၂) ရာခိုင်နှုန်းကမူ ဘီယာ တစ်မျိုးဟု အမှတ်မှား နေကြသည်။

(၁)ရာခိုင်နှုန်းက ထိုနာမည်သည် ပေါင်မုန့် တစ်လုံး၏ အမည်ဟု အဖြေ ပေးခဲ့ ကြသည်။ (၁၀) ရာခိုင်နှုန်းက ၎င်းတို့သည် အော့စ်ဝစ်ဇ် ဆိုတာ ဘာမှန်း မသိကြောင်း ၀န်ခံခဲ့ ကြသည်။ ဗြိတိန်ရှိ ကလေးများ သည် သမိုင်းလေ့လာမှု အားနည်း သည်ဟူသော ဝေဖန်မှုများ ထွက်ပေါ် လာပြီးနောက် ယခု စစ်တမ်း က အဆိုပါ အခြေအနေ ကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း ပညာရှင်များ က ပြောကြား လိုက်သည်။

REF: လူထုအသံ

0 comments:

အပေါ်သို့