Thursday, March 26, 2009

“တိုင်းပြည်နှင့် လူမျိုးကို တခါမျှ တပတ်မရိုက်ခဲ့ …”

ရန်ကုန်မြို့အကျယ်ချုပ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်
ပိုစတာအသစ် ထုတ်ပြန်ဟုဆို
မိုးမခ အထောက်တော် (ရန်ကုန်)
မတ် ၂၆၊ ၂၀၀၉

လွန်ခဲ့သည် ရက်သတ္တ ၂ ပတ်ခန့်၊ ကုလအထူးကိုယ်စားလှယ်များ ပြန်သွားအပြီး ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းထိပ်တွင် ပိုစတာအသစ်တခု ထပ်တိုး ချိတ်ဆွဲထားသည်ဟု ဆိုသည်။

မူလ ပိုစတာဖြစ်သည့် “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြ - ဗိုလ်ချုပ်အောင်ဆန်း” ဟူသည်အထက်တွင် အသစ်စာတန်းတခုကို ထပ်တိုးချိတ်ဆွဲထားခြင်းဖြစ်ပြီး “တိုင်းပြည်နှင့် လူမျိုးကို တခါမျှ တပတ်မရိုက်ခဲ့ …” ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့် တွဲဖက်ဖော်ပြထားသည်။

ထိုသို့ ခြံဝတွင်စာတန်းများ ချိတ်ဆွဲပါက ဓာတ်ပုံမှတ်တမ်းနှင့်သတင်းများ ပြည်တွင်း ပြည်ပတွင် ပြန့်နှံ့လေ့ရှိသော်လည်း ယခုစာတန်းကို ထူးထူးခြားခြား မှတ်ချက်ပေးကြခြင်း မရှိသေးဟု သိရသည်။

“အခုနိုင်ငံရေးအကြပ်အတည်းမှာ ဘယ်သူတွေက တပတ်ရိုက်နေကြသလဲဆိုတာ ကာယကံရှင်နဲ့ ပြည်သူလူထုက အသိဆုံးဖြစ်တယ်။ အဲဒီအချက်ကို ဒေါ်စုက ထင်ရှားစေလိုတဲ့ သဘောပဲလို့ ထင်ပါတယ်။” ဟု ပြည်တွင်းက မိုးမခမိတ်ဆွေ ကျောင်းဆရာတဦးက သဘောထားပြောကြားသည်။

REF: မိုးမခ

0 comments:

အပေါ်သို့