Wednesday, March 25, 2009

ကမ္ဘာ့အဆိုးဆုံးအာဏာရှင်စာရင်းမှာ ဗိုလ်သန်းရွှေက နံပါတ် ၎

Photo - Parade Magazine

မတ်လ ၂၄ ရက်၊ ၂၀၀၉။

အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် Parade မဂ္ဂဇင်းရဲ့ ၂၀၀၈ ကမ္ဘာ့အဆိုးဆုံးအာဏာရှင်များ စာရင်းမှာ မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်သန်းရွှေဟာ စတုတ္ထနေရာရရှိသွားပါတယ်။ ယမန်နှစ်က စာရင်း မှာ သူဟာ တတိယနေရာဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ စတုတ္ထနေရာ ရရှိသွားတာဖြစ်ပါတယ်။

ကမ္ဘာ့အဆိုးဆုံး အာဏာရှင်အဖြစ် သတ်မှတ်ခံရသူကတော့ ဇင်ဘာဘွေနိုင်ငံက ရောဘတ်မူဂါဘီဖြစ်ပါ တယ်။ မူဂါဘီဟာ မနှစ်က စာရင်းမှာ နံပါတ် ၆ ဖြစ်ခဲ့ပေမယ့် သူ့နိုင်ငံမှာ အလုပ်လက်မဲ့ အလွန်များလာခြင်းနဲ့ ငွေဖောင်းပွမှုဆိုးရွာလွန်းခြင်းကြောင့် ထိပ်ဆုံးကို ခုန်တက်သွားတာဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ ဆူဒန် နိုင်ငံက အိုမာအယ်လ်ဘာရှားဖြစ်ပါတယ်။ အိုမာအယ်လ်ဘာရှားဟာ ဒါဖားဒေသက နှိပ်စက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အတွက် မနှစ်ကတည်းက ရရှိထားတဲ့ ဒုတိယအဆိုးဆုံးအာဏာရှင်နေရာကို ဆက် လက် သိမ်းပိုက်ထားပါတယ်။

ဒီနှစ်တတိယအဆိုးဆုံး အာဏာရှင်ကတော့ မြောက်ကိုရီးယားက ကင်ဒေးဂျုံဖြစ်ပါတယ်။ သူမဟာ မနှစ်က အဆိုးရွားဆုံး အာဏာရှင်ရာထူးရရှိထားသူပါ။ ကင်ဒေးဂျုံရဲ့ အစိုးရဟာ ကမ္ဘာ့ဖိနှိပ်ညှဉ်းဆဲဆုံးအစိုးရထဲက တခုဖြစ်တယ်လို့ သိရပါတယ်။ ဆိုရှယ်လစ်ဆန့်ကျင်ရေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကလေးငယ်များအပါ အဝင် ပြည်သူထောင်သောင်းများစွာကို ရဲဘက်စခန်းတွေမှာ ဖမ်းဆီးထားသူဖြစ်ပါတယ်။

ရောဘတ်မူဂါဘီအနေနဲ့ အဆိုးရွားဆုံး အဆင့် ၆ ကနေ ပထမနေရာကို ယူသွားတဲ့အတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်သန်းရွှေဟာ စတုတ္ထမြောက်အဆိုးရွားဆုံး အာဏာရှင်နေရာမှာ ကျေနပ်လိုက်ရပါတယ်။သူ ဟာ မနှစ်က ကင်ဒေးဂျုံနဲ့ အိုမာအယ်လ်ဘားရှားရဲ့နောက် တတိယအဆိုးရွားဆုံး အာဏာရှင်ရာထူးကို ရထားသူဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က မြန်မာနိုင်ငံကို နာဂစ်စ်ဆိုက်ကလုံးတိုက်ခိုက်ခဲ့ရာ ပြည်သူတသိန်းခွဲနီးပါး ပျောက်ဆုံး၊ သေဆုံးခဲ့ရပြီး ပြည်သူ ၂ သန်းကျော်ရဲ့ နေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။ ဗိုလ်ချုပ်သန်းရွှေဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အကူအညီပေးဖို့ နှောင့်နှေးခဲ့ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈ ကို အတည်ပြုမယ့် ဆန္ဒမဲပေးပွဲတွေ ပြုလုပ်ခဲ့တဲ့အတွက် အခုလို စတုတ္ထမြောက် ကမ္ဘာ့ အဆိုးရွားဆုံး အာဏာရှင်အဖြစ် ကင်ပွန်းတပ်ခံရတာဖြစ်ကြောင်း Parade မဂ္ဂဇင်းက ဆိုပါတယ်။

ကျန်တဲ့ ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင် ၁၀ ဦးကတော့ နံပါတ် ၅ - ဘုရင် အက်ဘ်ဒူလာ (ဆော်ဒီအာရေဗျ)၊ နံပါတ် ၆ - ဟူဂျင်းတောင် (တရုပ်)၊ နံပါတ် ၇ - ရှာရစ် အလီခါမေနီ (Sayyid Ali Khamenei) (အီရန်)၊ နံပါတ် ၈ - Isayas Afewerki (Eritrea)၊ နံပါတ် ၉ - Gurbanguly Berdymuhammedov (တာမေနီစတန်)၊ နံပါတ် ၁၀ - မူအမ်မာ အဲလ် ကွာဒါဖီ (Muammar al-Auddafi) (လစ်ဗျား) တို့ဖြစ်ပါတယ်။ ကမ္ဘာ့အဆိုးရွား ဆုံး အာဏာရှင်စာရင်းမှာ ဆီးရီးယားမှ Bashar al – Assad ကို နံပါတ် ၁၂၊ ကျူးဘားခေါင်းဆောင် ကဒါဖီက နံပါတ် ၁၃၊ အီဂျစ်နိုင်ငံမှ ဟိုစ်နီ မူဘာရက် (Hosni Mubarak) က နံပါတ် ၂၀ စသည်ဖြင့် Parade မဂ္ဂဇင်းက သတ်မှတ်ပါတယ်။

ပြည်ပရောက် မြန်မာတဦးကတော့ "မြန်မာတယောက်အနေနဲ့ ကိုယ့်လူမျိုးတဦး ကမ္ဘာ့အဆိုးရွားဆုံးလူ စာရင်းထဲမှာ ပါနေတယ်ဆိုတော့ စိတ်ထဲမှာ တမျိုးဖြစ်တာပေါ့။ ဒါပေမယ့် သူကမှ မကောင်းတာ။ မကောင်း တဲ့အပြင် ကောင်းတာလုပ်ဖို့ကိုလည်း စိတ်မှ မဝင်စားတာ။ နာဂစ်စ်ဖြစ်တုန်းကဆို ကြည့်လေ၊ ပြည်သူတွေ သန်းနဲ့ချီ ဒုက္ခရောက်နေတယ်။ မြစ်တွေထဲမှာ ကွယ်လွန်သူတွေ မျောနေတယ်။ စားရမဲ့ သောက်ရမဲ့ နေရမဲ့ ဖြစ်နေတယ်။ ဒီအချိန်မှာ ဒါတွေကို လျစ်လျူရှုပြီး အခြေခံဥပဒေဆန္ဒခံယူပွဲ မဖြစ်ဖြစ်အောင်လုပ်တယ်။ အဲဒီ လို ကိုယ့်အတ္တကိုယ်ကြည့်ပြီး ကိုယ်လုပ်ချင်ရာလုပ်တဲ့သူ အုပ်ချုပ်နေတဲ့တိုင်းပြည်မှာ မကောင်းတာတွေဖြစ် နေတာ ဘာဆန်းလဲ" လို့ မှတ်ချက်ပေးပါတယ်။



REF: ယနေ့မြန်မာ

0 comments:

အပေါ်သို့