Monday, January 21, 2013

သမ္မတရဲ့အမိန့်အတိုင်း ကာကွယ်ရေး ဦးစီးချုပ်က လိုက်နာဆောင်ရွက်မည်

2013-01-19

လဂျားယန်ဒေသအပါအ၀င် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက အစိုးရစစ်တပ်နဲ့ ကေအိုင်အေ ပဋိပက္ခဖြစ်နေတဲ့ နေရာ အားလုံးမှာ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရေးဆိုတဲ့ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း ကာကွယ်ရေးဦးစီးချုပ်က လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောတာသည် ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် မြောက်ပိုင်းက လက်ရှိကေအိုင်အေနဲ့ ပဋိ ပက္ခဖြစ်နေတဲ့ အချိန်မှာ သမ္မတကြီးရဲ့ မူအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောတာဖြစ်ပါတယ်"

အစိုးရသတင်း ထုတ်ပြန်ရေးအဖွဲ့ရဲ့ ဇန်န၀ါရီ ၁၈ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ကချင်ပြည်နယ် လဂျားယန်ဒေသမှာ အစိုးရ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းမယ်လို့ ရေးသားထားတာနဲ့ ပတ်သက်လို့ RFA ရဲ့ မေးမြန်းချက်ကို သမ္မတရဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ကလည်း အစိုးရရဲ့ထိုးစစ်ဆင်နေတာတွေကို လဂျားယန်ဒေသတစ်ခုတည်းမှာပဲ ရပ်ဆိုင်းလိုက်တာမဟုတ်ဘဲ ကချင်ပြည်နယ်ဒေသအနှံ့ အစိုးရရဲ့ထိုးစစ်ဆင်လှုပ်ရှားမှုတွေ လျော့ချသင့်တယ်လို့ ကြေညာ ချက်တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့