Tuesday, January 22, 2013

ပြည်တွင်း ငြိမ်းချမ်းရေး လမ်းလျှောက် ဆန္ဒပြုပွဲ သံဃာတော်နှစ်ပါး အမာခံ ပါဝင်

စောဇင်ညီ
ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ်

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် လမ်းလျှောက် ဆန္ဒပြုပွဲတွင် အမာခံ လှုပ်ရှားသူအနေဖြင့် သံဃာတော် နှစ်ပါးပါဝင်မည်ဟု ဆန္ဒပြုပွဲတွင်ပါဝင်သူ ကိုဇင်ကိုမှ ပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွက် ရန်ကုန်မှ ကချင်ပြည်နယ်အထိ ငြိမ်းချမ်းရေး လမ်းလျှောက် ဆန္ဒပြုပွဲကို ယနေ့ နံနက် ၇ နာရီတွင် ဆူးလေဘုရားအနီးမှ စတင်ထွက်ခွာခဲ့ကြသည်။ အဆိုပါဆန္ဒပြုပွဲတွင် ပါဝင်သည့် အမာခံအဖွဲ့ဝင် နှစ်ဆယ့်တစ်ဦး ရှိပြီး သံဃာနှစ်ပါး ပါဝင်လှုပ်ရှားသည်ဟု ကိုဇင်ကိုမှပြောသည်။

၎င်းက “ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့  ဦးတည်ပြီး အခုလို လမ်းလျှောက်နေတာဖြစ်ပါတယ်။”ပာု ဖုန်းမှ
တစ်ဆင့် ပြောကြားသည်။

အဆိုပါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြုသူများအဖွဲ့ အား ငြိမ်ချမ်းရေးလိုလားသော လူငယ်များအဖွဲ့ ပာု အမည်ပေးထားကာ လှုပ်ရှားသူများတွင်လည်း အန်အယ်ဒီ ပါတီမှ လူငယ်များ အများဆုံး ပါဝင်ကြောင်း သိရသည်။

ယခုလှုပ်ရှားနေသော ငြိမ်းချမ်းရေး လိုလားသည့် လူငယ်များအဖွဲ့ သည် နေ့လည် ၁၁နာရီ ၂၀တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် စော်ဘွားကြီကုန်းလမ်းဆုံသို့  ရောက်ရှိပြီဖြစ်ကာ အများပြည်သူ ဦးရေ ၅၀ ခန့် လိုက်ပါ၍ ပဲခူး မြို့နယ်အထိ လိုက်လံပိုဆောင် ကြမည်ဖြစ်ကြောင်း လိုက်လံပို့ဆောင်သူ တစ်ဦးထံမှသိရသည်။

“ကျွန်မတို့ လူငယ်တွေရဲ့ လှုပ်ရှားမှုကို ကြိုဆိုတဲ့ အနေနဲ့လိုက်ပါ ပို့ဆောင်နေတာပါ။” ပာု လိုက်ပါပို့ဆောင်သူ ဒေါ်နော်အုန်းလှ က ပြောသည်။

အဆိုပါ ငြိမ်ချမ်းရေးလိုလားသော လူငယ်များ အဖွဲ့သည် ရန်ကုန်မှ ကချင်ပြည်နယ်ရှိ စစ်ဖြစ်ပွားရာဒေသများသို့ အချိန် ၁လခွဲနှင့် အရောက်သွားကြမည်ဖြစ်ပြီး စားနပ်ရိက္ခာများ သယ်ဆောင်သွားခြင်း မရှိဘဲ ငွေကြေး အလုံအလောက်သာ ထည့်ဆောင် သွား ကြောင်းဆန္နပြုမှု လှုပ်ရှားသူ ကိုဇင်ကို၏ ပြောကြားချက်များအရသိရသည်။ လမ်းလျှောက်ဆန္ဒပြုမှုများသည် ပဲခူး၊ တောင်ငူ၊ မန္တလေး စသည့် မြိုများတွင် ခရီလမ်းတစ်ထောက် အနားယူမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်းသိရသည်။

လမ်းလျှောက် ဆန္ဒပြုရာတွင် တစ်နာရီ ၄ မိုင်နှုန်းဖြင့် တစ်ရက်လျှင် ပုံမှန်(၁၀)နာရီခန့် လျှောက်မည် ဖြစ်ပြီး ဗိုလ်ချူပ် အောင်ဆန်းမွေးနေ့တွင် ရောက်ရာ အရပ်တွင် အလံဖြူများစိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လမ်းလျှောက်ဆန္ဒပြုမှုအား ခွင့်ပြုမိန့်တောင်ခံထားခြင်းမရှိပဲ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် မှုအဖွဲ့၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်ထဲရေးဝန်ကြီး ဋ္ဌာန၊ ရဲချုပ်အဖွဲ့များသို့ စာပို့ထားကြောင်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့