Monday, January 21, 2013

ဆင်းရဲသားတို့ ဘဝမြှင့်တင်ရေး ပြုပြင် ပြောင်းလဲရေးလိုအပ်

2013-01-19

နိုင်ငံပြုပြင်ပြောင်းလဲရေးဟာ ဆင်းရဲသားတွေရဲ့ ဘဝမြှင့်တင်ပေးဖို့ အတွက် အထောက်အကူဖြစ်ပါတယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာအလှူရှင်တွေကို မနေ့က ပြောကြားလိုက်ပါတယ်။

အစိုးရဟာ ပြည်သူလူထုကို မဏ္ဍိုင်ထားပြီး ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ၊ မျှော်လင့်တောင့်တချက်တွေကို ဖြည့်ဆည်း ပေးရ ပါမယ်လို့ နေပြည်တော်မှာ ကျင်းပတဲ့ အမေရိကန်၊ ဥရောပသမဂ္ဂ။ ဂျပန်၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အပါအဝင် အလှူရှင်များ နှီးနှောဖလှယ်ပွဲမှာ ပြောကြားပါတယ်။

ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ ဝင်ငွေရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာဖို့ တဘက်က အလေးထားချိန်မှာ တချိန်တည်းမှာ ကျန်းမာရေး၊ လူမှုဖူလုံရေး၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေး ကဏ္ဍပိုင်းတွေ အတွက် လူထုကို ကူညီဖို့ လိုအပ်ပါ တယ်လို့ ဦးသိန်းစိန်က ပြောကြားပါတယ်။

နိုင်ငံတကာက အကူအညီရရှိရင် ပိုပြီး ထိထိရောက်ရောက်နဲ့ အောင်အောင်မြင်မြင် ဖြည့်ဆည်းပေးနိုင်ပါမယ်လို့လည်း ပြော ပါတယ်။

အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဒေါက်တာကံဇော်ကလည်း အစိုးရဟာ နှစ် ၂၀ စီမံကိန်းရေးဆွဲထားပြီး အကြံ ဥာဏ်တွေ၊ အသိအမြင်ဗဟုတတွေ၊ စနစ်တွေနဲ့ နည်းပညာပိုင်းသာမက ဘဏ္ဍာရေး အကူအညီကိုလည်း ကြိုဆိုတဲ့အကြောင်း အလှူရှင်များ နှီးနှောဖလှယ်ပွဲမှာ ပြောကြားသွားပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့