Thursday, October 21, 2010

စစ်တွေ ပညာရေး ၀န်ထမ်းများကို ကြိုတင်မဲ ကောက်ယူ

Thursday, October 21, 2010

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ပညာရေးဌာန၀န်ထမ်းများနှင့် တခြားသော ဌာနဆိုင်ရာ ၀န်ထမ်းများထံမှ ကြိုတင်မဲ စာရင်း များကို သက်ဆိုင်ရာ အရာရှိထံမှ တဆင့်ကောက်ယူ နေကြောင်း သိရသည်။

စစ်တွေမြို့ရှိ နည်းပညာကောလိပ်၊ စစ်တွေတက္ကသိုလ်နှင့်ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများ၏ မဲစာရင်းကို သက်ဆိုင်ရာပါမောက္ခချုပ်၊ ညွန်ကြားရေးမှူးတို့ ထံသို့ အောက်တိုဘာလကုန်တွင် စာရင်းအပြီးပေးရန် ညွန်ကြားထားကြောင်း စစ်တွေ တက္ကသိုလ်မှ ၀န်ထမ်းတဦးက ပြောသည်။

“ကျမတို့ ၀န်ထမ်းတွေကို ဒီလကုန်ခါနီးမှာ အားလုံးကြိုတင်မဲတွေ ပေးရမယ်ဆိုပြီး ပါချုပ်ဆီက လမ်းညွန်ထားတာ ရှိတယ်၊ မိသားစု ၀င်တွေကိုတော့ ဘာမှမပြောသေးဘူး၊ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်အတွက် ဆိုတာမပြောပေမယ့် ကြံ့ခိုင်ရေးပါတီအတွက် ဆိုတာ လူတိုင်းသိတယ်၊ မပေးချင်လည်းပေးရမှာပဲ”ဟု ပညာရေး ၀န်ထမ်းအမျိုးသမီး တဦးကပြောသည်။


စစ်တွေမြို့နယ်တွင် ပညာရေးဝန်ထမ်းများအပြင် တခြားသော ဌာနဆိုင်ရာများကိုလည်း အလားတူလုပ်ဆောင်ရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။

“၀န်ထမ်းတွေ အကုန်လုံးဆီက ကြိုတင်မဲ ကောက်ခံပိုင်ခွင့်မရှိပါဘူး၊ ဘယ်လိုလူမျိုးကိုမှ ကြိုတင်မဲ ကောက်ရမယ်ဆိုတာ ရွေး ကောက်ပွဲကော်မရှင် ဥပဒေမှာ ပါပြီးသားပါ၊ ဥပဒေနဲ့ မညီတာတွေကို ကျနော်တို့မှတ်တမ်း ယူနေပါတယ်၊ ခိုင်လုံတဲ့ အထောက် အထား ရတာနဲ့ ကော်မရှင်ကို တိုင်မယ်၊ မီဒီယာအားလုံးကနေ ဖွင့်ချပေးသွားမှာပါ”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP ) ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။

“ပါချုပ်က တာဝန်ခံပြီး လုပ်ရင်ပါချုပ်တာဝန်၊ ညွန်ချုပ်လုပ်ရင် ညွန်ချုပ်တာဝန် ခံရမှာပါ၊ ဒါတွေဟာ ပျောက်မသွားပါဘူး၊ သမိုင်းတွေ ဖြစ်သွားမှာပါ” ဟု လည်း ဒေါက်တာ အေးမောင်က ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ၀န်ထမ်းများသည်လည်း ခရီးထွက်ကြမည်ဖြစ်၍ နိုဝင်ဘာလ ၇ ရက်နေ့တွင် မဲရုံသို့ မဲလာမပေးနိုင်ခြင်းကြောင့် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ထံ ကြိုတင်မဲ ပေးခွင့်ပြုပါရန်ဟု သက်ဆိုင်ရာ ဌာန၏ ညွန်ကြားရေးမှူး လက်မှတ်ဖြင့် တိုင်း၊ ပြည်နယ်၊ မြို့နယ်ကော်မရှင် အဆင့်ဆင့်သို့ လိပ်မူ၍ အောက်တိုဘာလ ၉ ရက်နေ့စွဲ ဖြင့် ကော်မရှင် ရုံးများကို ပေးပို့ထားကြောင်းသိရသည်။

“ခရီးထွက်တယ်ဆိုလည်း တဦးစ၊ နှစ်ဦးစ ပေါ့ဗျာ၊ အခုဟာက တနိုင်ငံလုံး အတိုင်း အတာနဲ့ လုပ်ထားတာတွေ့ရတယ်၊ အခု ကြိုတင်မဲ ထည့်ခွင့်တောင်း ထားတာက အကုန် အတွက်ရည်ရွယ်ရေးထားတာ တွေ့ရတယ်၊ ကျနော်တို့ဆီမှာ မိတ္တူတွေ ရထားတယ်”ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

“ကျနော်ကိုယ်တိုင် စွမ်းအင်ဌာနမှာ အရာရှိလုပ်ခဲ့တာ၊ ခရီးထွက်တာက မော်တော်ကားမောင်းတဲ့သူ၊ ရေနံရှာဖွေရေး လုပ်တဲ့လူ တချို့ပဲ ခရီးထွက်ရတာရှိတယ်၊ အခုတော့ ဒီနေ့မှရွေးပြီးတော့ အစုလိုက် ခရီးသွားမယ်၊ ကြိုတင်မဲပေးခွင့်ပြုပါဆိုတာ သဘာဝ မကျဘူး၊ တမင်ဖန်တီးတဲ့ သဘောဘဲ”ဟု လည်း ဦးခင်မောင်ဆွေက ဆိုသည်။

ရေနံချောင်းမြို့ရှိ ရေနံမြေ၌ လည်းကြိုတင်မဲ ကောက်ခံနေကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ် တာချီလိတ်မြို့တွင်လည်း ဒေသခံများထံ တအိမ်တက် တအိမ်ဆင်း စနစ်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ( ကြံ့ဖွံ့ပါတီ)၀င်များက ပါတီဝင်ခိုင်းခြင်း၊ ပါတီကတ်ပြားပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်းသိရသည်။

“ကြံ့ခိုင်ရေးပါတီ ၀င်ရင် မီတာခ၊ မီးကင်းခတို့ပေးစရာ မလိုတော့ဘူး၊ ဧည့်သည် လာရင်လည်း ဧည့်စာရင်း တိုင်စရာမလိုတော့ဘူး၊ ပါတီဝင်အိမ်ကို ဧည့်စာရင်းမစစ်ဘူး ဆိုပြီးတော့ ပါတီအတင်းဝင်ခိုင်းတယ်၊ ကြံ့ခိုင်ရေးပါတီဝင် ကတ်ရှိရင် ဘာမဆို လုပ်လို့ရတယ်ပြောတော့ ဒေသခံတွေက ပါတီဝင်ကြတာပေါ့”ဟု မြို့ခံတဦးက ရှင်းပြသည်။

ပါတီဝင်များသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် မဲရုံသို့လာရောက်မဲပေးရန် မလိုတော့ကြောင်းလည်း ပြောဆိုထားကြောင်းသိရသည်။

“ဒါတွေဟာ ကြိုတင်ကြံစည်မှုတွေပါ၊ မဲရအောင်ကြံစည်တဲ့ သဘော၊ တကယ်လို့မဲရုံ မလာတော့ဘူးဆိုလည်း သူတို့က နိုင်ပြီးသား ဖြစ်နေတာပေါ့၊ လာဘ်ပေး လာဘ်ယူ လုပ်နေတဲ့ သဘောပေါ့၊ သံသယ ဖြစ်စရာတွေ အများကြီးပါ၊ ဒါပေမယ့် နောက်ဆုတ်လို့လည်း မဖြစ်တော့ဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။

ရွေးကောက်ပွဲ နေ့တွင်လည်း မဲလိမ်မှု၊ မဲခိုးမှု အများအပြား ရှိလာနိုင်သေးကြောင်း လည်း ၎င်းက ဆက်ပြောသည်။

ကြိုတင်မဲ ကောက်ခံနေခြင်းသည် ရန်ကုန်မြို့တော် အပါအ၀င် တနိုင်ငံလုံး အတိုင်းအတာ၌ ရှိနေကြောင်း၊ ထိုသို့ လုပ်ဆောင် နေမှုကြောင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်တော့သည်မှာ ထင်ရှားနေ ကြောင်း ပါတီ ခေါင်းဆောင်များက ဆိုသည်။

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အများအပြားတွင်လည်း ကြိုတင်မဲများကို ကြံ့ဖွံ့ပါတီ ကိုယ်စားပြုထားသည့် သက်ဆိုင်ရာ အာဏာပိုင်များ၊ ကြံ့ဖွံ့ပါတီဝင်များက ကောက်ခံနေကြောင်း သိရသည်။

“မန္တလေး မြို့ပေါ်က ပြည်သူတချို့က ဆိုရင်သူတို့ မဲပေးပြီးပြီ၊ ၇ ရက်နေ့မှာ မဲပေးစရာ မလိုတော့ဘူး လို့ပြောနေကြတယ်၊ အဲဒါတွေကိုပဲ အခုလိုက်ရှင်းပြနေရတယ်၊ ဒီလုပ်ရပ်တွေဟာ မလုပ်သင့်တဲ့ လုပ်ရပ်တွေပါ၊ ပြည်သူတွေကို မဲရုံကို ရဲရဲလာ ပြီး မဲပေးကြဖို့ကိုပဲ လုပ်နေရ တယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနု က ဧရာဝတီကို ပြောသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲနီးလာသည် နှင့်အမျှ ၎င်းတို့ပါတီအား လူထုထောက်ခံမှု ကျဆင်းနေခြင်းကြောင့် ရွေးကောက်ပွဲ အောင်နိုင်ရေးကို နည်းလမ်းစုံဖြင့် လုပ်ဆောင်နေကြောင်း နိုင်ငံရေး ပါတီခေါင်းဆောင်များက ဝေဖန်ကြသည်။

စစ်အစိုးရ ဦးဆောင်ကျင်းသော ရွေးကောက်ပွဲအား ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ မဲဆန္ဒနယ် ၁၁၅၈ နေရာ၌ ကိုယ်စားလှယ်လောင်း ၃ ထောင်ကျော်ပြိုင်မည်ဖြစ်သည်။ ထိုမဲဆန္ဒနယ် များအနက် ၅၄ ခု၌ တဦး စီသာ ပြိုင်မည်ဖြစ်သည်။

တနိုင်ငံလုံးတွင် မဲပေးနိုင်သူဦးရေ ၂၉ သန်းကျော်ရှိပြီး မဲရုံပေါင်း ၄ သောင်းဝန်းကျင် ရှိကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: ဧရာဝတီ်

Read More...

နေ့စဉ်သတင်းများ ( ၂၁ - ၁၀ - ၂၀၁၀ )

အထွေထွေသပိတ်တိုက်ပွဲကြီး ဆင်နွှဲမည် သတင်း
ကချင်ငြိမ်းအဖွဲ့ စစ်ရေးပြင် သတင်း
ရန်ကုန်တိုင်းတွင် လုံခြုံရေး ပိုချထား သတင်း
တပ်တွင်းစစ်ရာထူး လျှို့ဝှက်ထား သတင်း
မိမိကျေးရွာဝန်းကျင်အနီး တိုက်ပွဲဖြစ်လျှင် တရွာလုံး အရေးယူခံရမည်ဟု နအဖဗျူဟာမှူး ပြော သတင်း
နအဖစစ်သား ဘုရားပုံတော် ရောင်းပြီး ကြက်ဈေး နှိမ်ဝယ် သတင်း
နိုင်ငံတော်အလံသစ် တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးမည် သတင်း
စစ်အစိုးရ အလံသစ် တင်ပြီ သတင်း
စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု သတင်း
နိုင်ငံတော်အလံဟောင်း ဖြုတ်၊ အလံသစ် စတင်သုံး သတင်း
အလံသစ်တင် အခမ်းအနား သတင်း
အလံသစ်၊ ယတြာနဲ့ သန်း (၆၀) ကို ကိုယ်စားပြု မပြု သတင်း
ဒေါ်အောင်ဆန်းစုကြည် အယူခံ တရားရုံးက လက်ခံထား သတင်း
ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကန့်သတ်ခံရ သတင်း
UNITED NOTHING သတင်း
ရန်ကုန်မှာ စတင်နေတဲ့ တီရှပ်စစ်ပွဲ သတင်း
အမေရိကန် မြို့နယ် (၁၄) ခုက မြန်မာကွန်မြူနီတီများက စစ်အစိုးရရွေးကောက်ပွဲနဲ့ ရလဒ်များကို ထောက်ခံ ခြင်းမရှိကြောင်း သဘောထားထုတ်ပြန် သတင်း
တိုင်းရင်းသားပါတီအား အပြစ်ရှာ ပယ်ထုတ်ရန်ရှိဟု ဦးသိန်းစိန် ပြော သတင်း
စစ်တွေ ပညာရေးဝန်ထမ်းများကို ကြိုတင်မဲ ကောက်ယူ သတင်း
ဦးအောင်ကြည် မဲဆွယ်ရန် ကွန်ပျူတာများ တောင်းခံ သတင်း
ကြံ့ဖွံ့ကို မဲမပေးလျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေ သတင်း
(၅၄) နေရာ ပြိုင်စရာမလိုဘဲ နိုင်သွားတယ်ဆိုသည့် ပြောဆိုချက်အပေါ် ဆွေးနွေးချက် သတင်း
ရွေးကောက်ပွဲနှင့် ပုဂ္ဂလိကမီဒီယာ သတင်း
ရခိုင်ကမ်းရိုးတန်း မုန်တိုင်းဝင်နိုင် သတင်း
မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေ သတင်း
ရခိုင်ကမ်းရိုးတန်း မုန်တိုင်းဝင်မည်၊ ရဲရွာဆည် စိုးရိမ်စရာ မရှိသေး သတင်း
မိုးကြောင့် လယ်တွေ ပျက်၊ စပါးအထွက် လျော့နိုင် သတင်း
တောင်သာမှာ ကြက်သွန်တောင်သူ အရင်းပြုတ် သတင်း
ဦးတေဇ ကျားမွေးတော့မည် သတင်း
မူးယစ်ဆေးစွဲလူငယ်က ကျောင်းအုပ်ဆရာကြီးကို ဓားဖြင့်ထိုး သတင်း

Read More...

တရုတ်နိုင်ငံတွင် အသုံးမဝင်သော မီးရထားစက်ခေါင်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

အောက်တိုဘာ ၂၁ , ၂၀၁၀


အောက်တိုဘာ ၁၉ ရက်နေ့က တရုတ်နိုင်ငံမှ ရထားစက်ခေါင်းများ လွှဲပြောင်းပေးအပ်ပွဲကို သတင်းစာတွေထဲမှာ ရုပ်ပုံများနှင့် ဖတ်လိုက်ရတယ်။ ဒီနေ့ အောက်တိုဘာ ၂၀ မှာကြတော့ တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားများ တည်ဆောက်ရန် သပ္ပံပညာရှင်များနှင့် နည်းပညာ သုတေသန ပြုလုပ်နေဆိုပြီး ကျည်ဆံရထားပုံနဲ့ တွဲထည့်လာတယ်။







တကယ်တော့ မြန်မာပြည်ပို့တဲ့ စက်ခေါင်းတွဲဟာ တရုပ်နိုင်ငံမှာ အသုံးမဝင်တော့ပါဘူး တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အမှိုက်လဲရှင်း တိုင်းပြည်ကို မျက်နှာလို မျက်နှာရ လုပ်ချင်နေတဲ့ အာဏာရူးတွေဆီမှာလဲ မျက်နှာကောင်းရ။



တရုတ်နိုင်ငံမှ မြန်နှုန်းမြင့်ရထားများ



မြန်မာပြည်မှ ရထား




Read More...

Wednesday, October 20, 2010

စာနယ်ဇင်း လွတ်လပ်မှုအနည်းဆုံး ၅ နိုင်ငံတွင် မြန်မာပါဝင်

2010-10-20

ကမ္ဘာ့သတင်းနဲ့စာနယ်ဇင်း လွတ်လပ်မှုအကင်းမဲ့ဆုံး ၁၇၈ နိုင်ငံမှာ မြန်မာနိုင်ငံက နောက်ဆုံး ၅ နိုင်ငံထဲမှာ ပါဝင်နေတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ ဒီနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လာမဲ့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတာတောင် စစ်အစိုးရက ဆင်ဆာ ဖြတ်တောက်နေတာတွေ၊ မီဒီယာလွတ်လပ်ခွင့် ပိတ်ပင်ထားတာတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး စေခိုင်းမှုသတင်း တွေနဲ့ပတ်သက်လို့ ထုတ်ပြန်ကြေညာတာလည်း မတွေ့ရသလောက်ပဲလို့ ဆိုပါတယ်။


ဒီအစီရင်ခံစာအရ စုစုပေါင်း ၁၇၈ နိုင်ငံ ဖော်ပြထားရာမှာ မြန်မာနိုင်ငံက အဆင့် ၁၇၄ မှာ ရောက်နေပြီး၊ မြန်မာ့အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက အဆင့် ၁၇၁ မှာ ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဆင့် ၁၂၆ မှာ ရှိနေတဲ့အတွက် မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ရင် သတင်းလွတ်လပ်ခွင့် အများကြီး ရှိနေပါတယ်။

အခုထုတ်ပြန်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့RSF ရဲ့ အစီရင်ခံစာဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ချိုးဖောက်ခံရမှုတွေအပေါ်မှာ တွက်ချက်ပြီးမှ ထုတ်ပြန်တာလို့ ဆိုပါတယ်။

ဒါကြောင့် ဒီနှစ်အစီရင်ခံစာအရ အာရှနိုင်ငံအများစုက မီဒီယာလွတ်လပ်ခွင့် အနည်းဆုံး ဖြစ်နေတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုနေရိန်ကျော်က စုစည်း တင်ပြပါတယ်။

Ref: RFA News

Read More...

နေ့စဉ်သတင်းများ ( ၂၀ - ၁၀ - ၂၀၁၀ )

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်း သတိပေး သတင်း
ပြည်သူ (၂၀၀၀) ကျော် ဆန် ပြတ်လပ်နေ သတင်း
ကင်းစောင့် နအဖတပ်သားက အပြစ်မဲ့ ရွာသားအား ရိုက်နှက် သတင်း
လမ်းကင်းဂိတ်စောင့် ပုလိပ်များ အားလုံးဆုတ်ခွာရန် မိုင်းနောင် စကခ (၂) ညွှန်ကြား သတင်း
မြန်မာနိုင်ငံအရှေ့ပိုင်းရှိ အမျိုးသမီးနှင့် ကလေးငယ်များ ကျန်းမာရေး ဆိုးရွား သတင်း
လူ့အခွင့်အရေးချိုးဖောက်၍ မိခင်နှင့်ကလေး သေဆုံးမှု မြင့်နေ သတင်း
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရန် ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် တောင်းဆို သတင်း
DKBA တပ်မှူးကို နယ်ခြားစောင့်ဖွဲ့ရန် မြိုင်ကြီးငူ ဆရာတော် တိုက်တွန်း သတင်း
အပစ်ရပ်များ၏ နှစ် (၂၀) အကျိုးအမြတ် (ဆောင်းပါး)
သျှမ်းဝါကျွတ်ပွဲ ကျင်းပခွင့် ပိတ်ပင်ခံရ သတင်း
ခေတ်ပြိုင် ယာယီရပ်၊ သျှမ်းသံတော်ဆင့်စာစောင် ဆက်ထုတ်မည် မဟုတ် သတင်း
မဇ္ဈိမသတင်းဌာန၏ သတင်းတင်ပြချက်နှင့် ပတ်သက်၍ ရှင်းလင်းချက် သတင်း
ရွေးကောက်ပွဲ အလိုမရှိ စာကပ် သတင်း
မြစ်ကြီးနားတွင် ရွေးကောက်ပွဲ ဆန့်ကျင်စာရွက် ကပ်ခဲ့ သတင်း
မြိတ်မြို့နယ်၌ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှား သတင်း
ဆန္ဒပြပွဲတွေ ပေါ်လာမလား သတင်း
ရွေးကောက်ပွဲ လုံခြုံရေး လှေဆိပ်များ ပိတ် သတင်း
ကြံ့ဖွံ့နှင့် မွတ်စလင်ပါတီကို ခရိုင်ကော်မရှင် သတိပေး သတင်း
ရေနံချောင်း ကြံ့ဖွံ့ဓမ္မာရုံသုံး မဲဆွယ်ရန် ကြံ၊ ဂေါပက လက်မခံ သတင်း
ပညာရေးဝန်ထမ်းများအား ကြံ့ဖွံ့ပါတီ မဲပေးရန် စည်းရုံးနေ သတင်း
ဦးအောင်သိန်းလင်းကို မဲပေးရန် မင်္ဂလာဈေး ဆိုင်ရှင်များကို စည်းရုံး သတင်း
ငှက်ပျောခင်း အလုပ်သမားများကို ပြည်ခိုင်းဖြိုးက ကြိုတင်မဲကောက်ယူ သတင်း
နာဂဒေသ ရွေးကောက်ပွဲ မလုပ်မီ ဒေသဥက္ကဌနှင့် လွှတ်တော်အမတ် ကြိုရွေး သတင်း
i Vote တဲ့ဗျာ ... သဘောကတော့ မဲထည့်မယ်ပေါ့ သတင်း
ရွေးကောက်ပွဲအကြိုကာလ ရခိုင်ပြည် နိုင်ငံရေးဇာတ်ခုံပေါ်က မြင်ကွင်းများ (ဆောင်းပါး)
၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်း (ဆောင်းပါး)
မယ်လဒုက္ခသည်စခန်းကို ထိုင်းအာဏာပိုင်က ရှောင်တခင် စစ်ဆေး သတင်း
ကိုရီးယားသို့ လုပ်သားစေလွှတ်မှု အလုပ်သမားဝန်ကြီးဌာန ချုပ်ကိုင် သတင်း
လုပ်ငန်းခွင်မှာ ထိခိုက်ခံရတဲ့ အလုပ်သမား (၂) ဦး ဥပေက္ခာပြုခံရ သတင်း

Read More...

Tuesday, October 19, 2010

KIO အရာရှိကို စစ်အစိုးရတပ်များဖမ်းပြီး ရုံးများကိုဝိုင်းထား

2010-10-19

ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းနင်းမိပြီး သေဆုံး ဒဏ်ရာရရှိသူတွေရဲ့ မိသားစုတွေကို သွားရောက် ငွေကြေး ထောက်ပံ့ပေးခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိကို အောက်တိုဘာ ၁၈ ရက် မနေ့ညနေက စစ်အစိုးရတပ်တွေက ဖမ်းဆီးထားပြီး၊ ဟိုပင်နဲ့ မိုးညှင်းက KIO ဆက်ဆံရေးရုံးတွေကိုလည်း ဝိုင်းထားကြောင်း KIO သတင်းရပ်ကွက်ကနေ သတင်းရရှိပါတယ်။

KIO တာဝန်ရှိသူတဦးဖြစ်တဲ့ ဟိုပင်ဆက်ဆံရေးရုံးက အရာရှိ ဗိုလ်ကြီး ခုန်တာ အော်ခုန်လုံးကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

KIO တာဝန်ရှိသူတွေက မိုင်းနင်းမိပြီး သေဆုံးသူတွေအတွက် တဦးကို မြန်မာငွေ ၁၀ သိန်းစီ ကူညီခဲ့ပြီး ဒဏ်ရာရသူကို ၅ သိန်းစီ ကူညီခဲ့ပါတယ်။ ဗိုလ်ကြီး အော်ခုန်လုံးက မိုးညှင်းဆေးရုံမှာ တက်ရောက် ဆေးကုသခံနေသူကို သွားရောက်တွေ့ဆုံကာ ငွေကြေး ကူညီခဲ့ပြီး အပြန်မှာ စစ်အစိုးရအရာရှိတွေက ဖမ်းဆီး သွားခဲ့ပါတယ်။


ဒါနဲ့ ပတ်သက်ပြီး KIO သတင်းရပ်ကွက်နဲ့ နီးစပ်သူတဦိးက ခုလို ပြောပြပါတယ်။

“မိုးညှင်းဆေးရုံကနေ အပြန်မှာ သူ့ကို နအဖ စစ်တပ်တွေက ဖမ်းတယ်ပေါ့။ နအဖ စစ်တပ်တွေက စခန်းကို ခဏလေးဆိုပြီးတော့မှ မိုးညှင်းရဲစခန်းက စခန်းကို ခဏလေးဆိုပြီး ဖမ်းတယ်။ ဒါပေမဲ့ အဲဒီ သူ့ဖမ်းပြီးတဲ့ နောက်ပိုင်းကျတော့ မိုးညှင်း ဆက်ဆံရေးရုံးကော၊ ဟိုပင် ဆက်ဆံရေးရုံးကော၊ ဆက်ဆံရေးရုံး နှစ်ခုစလုံးကို နအဖအနေနဲ့ ဒီနေ့ည ၈ နာရီလောက်မှာ သူတို့ ဝိုင်းထားတဲ့ အဲလိုမျိုး အခင်းတွေ ဖြစ်ခဲ့တာပေါ့။”

အခုလို မိုင်းထိသူတွေကို သွားရောက် ကူညီမဲ့ကိစ္စကို စစ်အစိုးရ စရဖ နဲ့ ရဲတွေကို အကြောင်းကြား ခွင့်ပြုချက် ယူပြီးမှ သွားတာလို့ သိရပါတယ်၊ သူ့ကို ဖမ်းဆီးပြီးနောက် KIO ဆက်ဆံရေးရုံးတွေဖြစ်တဲ့ ဟိုပင်နဲ့ မိုးညှင်းမှာ ရှိတဲ့ ရုံးတွေကို စစ်အစိုးရတပ်တွေက ဝိုင်းထားလိုက်ပါတယ်။

ဒီလို အခြေအနေတွေ ရှုပ်ထွေးနေတာကို ဖြေရှင်းပေးဖို့ KIO တာဝန်ရှိသူတချို့နဲ့ KIA တပ်ဖွဲ့တချို့ကို မနေ့ညက ထပ်မံ စေလွှတ်ခဲ့တဲ့အတွက် အနီးအနားမှာ KIA တပ်ဖွဲ့တွေလည်း ရောက်ရှိနေပါတယ်။

အခြေအနေတွေကို သိနိုင်ဖို့ KIO အတွင်းရေးမှူး ဗိုလ်ချုပ် ဂွမ်မော်ကို စုံစမ်း မေးမြန်းကြည့်တဲ့အခါ ဆက်ဆံရေးအရာရှိကို ခေါ်ယူစစ်ဆေးနေပြီး ရုံးတွေကို ဝိုင်းထားတာ မဟုတ်ပဲ ဝင်ရောက် စစ်ဆေးတာသာ ဖြစ်ကြောင်း။ ဘာကြောင့် အခုလို လုပ်ဆောင်ရတယ် ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ကြောင်း RFA ကို ပြောပါတယ်။ အခုမနက်ပိုင်းအထိ နှစ်ဖက် ဆွေးနွေး ဖြေရှင်းနေဆဲ ဖြစ်ပြီး ဘာကြောင့်အခုလို KIO အရာရှိကို ဖမ်းဆီးတယ်ဆိုတာ အတိအကျ မသိရပါဘူး။

အခြေအနေတွေဟာ ဆက်လက်တင်းမာနေလို့ နှစ်ဖက်တပ်တွေ တိုက်ပွဲ ဖြစ်ပွားမဲ့အရေးကို ဒေသခံတွေက စိုးရိမ်ကြောင်း ပြောဆိုနေကြပါတယ်။


Ref: RFA News

Read More...

နေ့စဉ်သတင်းများ ( ၁၉ - ၁၀ - ၂၀၁၀ )

နှစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ်ဖြစ်၊ နအဖ စစ်အရာရှိ သေဆုံး သတင်း
ကရင်နီနှင့် စစ်အစိုးရတပ်တိုက်ပွဲ စစ်တပ်မှ (၂ ) ဦး သေဆုံး သတင်း
KIA နှင့် နအဖ စစ်ရေး တင်းမာ သတင်း
အပစ်ရပ် ကေအိုင်အိုနှင့် နအဖတို့ စစ်ရေးတင်းမာမှု ရေချိန်မြင့်တက် သတင်း
ကချင်ပြည်နယ်သူ/သားများထံ ကချင်လွတ်မြောက်ရေးတပ်မတော်က ကြေညာချက် ထုတ်ပြန် သတင်း
နေပြည်တော်တွင် ဂျီအက်စ်အမ်ဖုန်း သုံးခွင့် ကန့်သတ်ထား သတင်း
အစိုးရပိုင် ပြည်ပအလုပ်အကိုင်အေဂျင်စီ စတင် သတင်း
ဧရာဝတီ e-ဂျာနယ် အတွဲ (၂) အမှတ် (၂၀) ကို ဖတ်ရှုနိုင်ပါပြီ သတင်း
ရွေးကောက်ပွဲ ဖျက်သိမ်းရန် ကြေညာချက် ပေါ်ထွက်လာ သတင်း
ကြိုတင်မဲပေးပွဲကို ဂျပန်နိုင်ငံမှာ ဆန္ဒပြ သတင်း
ချင်းမိုင် ရှမ်းအဖွဲ့များ၏ မဲမပေးရေး ဗွီဒီယိုကမ်ပိန်း သတင်း
နိုင်ငံတကာ လေ့လာသူနှင့် သတင်းထောက်များ လက်မခံသည့်အပေါ် ဆွေးနွေးချက် သတင်း
အချုပ်သားများ ကြိုတင်မဲပေးရမည်ဟု ဦးသိန်းစိုး ပြော သတင်း
မဲရုံတွင် ဓာတ်ပုံရိုက်ခွင့် မပေးခြင်းအား သတင်းထောက်များ ဝေဖန် သတင်း
ရွေးကောက်ပွဲကော်မရှင်ကို သတင်းထောက်တွေ ၀ိုင်းရိုက်ပြီ သတင်း
မဲရုံဖျက်သိမ်းပြီး ဒေသခံများကို မဲထည့်သည့် စာရင်းသွင်း သတင်း
ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ အမတ်ဖြစ်မည့်သူ (၅၄) ဦးရှိ သတင်း
နေပြည်တော်တွင် ဧည့်စာရင်းနှင့် နေသူများကို မဲအတွက် စာရင်းကောက် သတင်း
နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်၏ နောက်ဆုံးခရီး ဖြစ်ဖွယ်ရှိ သတင်း
USDP ထောက်ခံမဲရရှိရေး PNO ကိုယ်စားလှယ်လောင်း စည်းရုံးပေး သတင်း
ကြံ့ဖွံ့မဲဆွယ် ဆိုင်းဘုတ်များကြောင့် လူအများ စိတ်ပျက် သတင်း
မှုတ်-ဖြုတ်-တပ် သတင်း
သူတို့မဟုတ်ရင် ပြီးရော ... (ဆောင်းပါး)
ရန်ကုန်က လာတဲ့ စာ သတင်း
မြန်မာသင်္ဘောသား (၁၂) ဦးကို ကူညီပါ သတင်း
ဒုက္ခသည်စခန်းမှာ စစ်တပ်က ဝင်ဖမ်း သတင်း
အမျိုးသမီးနှင့် ကလေးငယ်များ ကျန်းမာရေးအခြေအနေ အစီရင်ခံစာ ထုတ်ပြန် သတင်း

Read More...

PDC Monthly News Commentary October 2010 (Eng)


PDC Monthly News Commentary October 2010 (Eng)

Read More...

Burma Update 18 Oct 2010


Burma Update 18 Oct 2010

Read More...

KIA ကြေညာချက်

Read More...

Monday, October 18, 2010

ဒေါ်အောင်ဆန်းစုကြည်အယူခံ လျှောက်လဲချက် ကြားနာ

Monday, October 18, 2010

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အယူခံ လက်ခံသင့်၊ မသင့် နှစ်ဘက်ရှေ့နေ လျှောက်လဲချက်ကို တရားရုံးချုပ် (ရန်ကုန်) က ယနေ့ ကြားနာခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

“မနက် ၁၀ နာရီလောက်ကနေ နေ့ခင်း ၁ နာရီလောက်အထိ နှစ်ဘက် လျှောက်လဲချက် ပေးပါတယ်။ အစိုးရဘက်ကတော့ ရှေ့နေချုပ်ရုံးက ညွှန်ကြားရေးမှူးတယောက် လာပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်း လျှောက်လဲ ချက်ပေးပါတယ်။ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမအတွက် ဒေါ်ခင်ဌေးကြွယ်က လျှောက်လဲချက်ပေးပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အကျယ်ချုပ်အယူခံကို တရားရုံးက လက်ခံကြားနာရေး၊ မကြားနာရေး ဆုံးဖြတ်ချက် ၂ ပတ်ခန့်အတွင်း ပေါ်ထွက်လာမည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် နိုင်ငံအနှံ့ ခရီး ထွက်ပြီး လူထု တရားပွဲများကို ကျင်းပခဲ့ရာ ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထား သူများက တားဆီး ရိုက်နှက်ပြီးနောက်ပိုင်း နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။

နေအိမ်အကျယ်ချုပ်ဖြင့် နေရစဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောက ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ဝင်ရောက်ခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။

အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းရာ လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံခဲ့ရသဖြင့် ယခုအခါ တရားရုံးချုပ် (ရန်ကုန်) ၌ ပြင်ဆင်မှု တင်သွင်း နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၁ နှစ်တာအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

နေ့စဉ်သတင်းများ ( ၁၈ - ၁၀ - ၂၀၁၀ )

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ အသက် (၄၈) နှစ်ပြည့် မွေးနေ့ပွဲ ရန်ကုန်တွင် ကျင်းပ သတင်း
ကိုမင်းကိုနိုင်အတွက် မွေးနေ့လက်ဆောင် သတင်း
မင်းကိုနိုင် ကျန်းမာရေး မကောင်း သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ ကြားနာ သတင်း
SSA တောင်ပိုင်းတပ်ဖွဲ့ကို (၂၄) နာရီ စောင့်ကြည့်ရန် ဒေသခံများအား နအဖတပ် ညွှန်ကြား သတင်း
မိုင်းပေါက်ကွဲမှုကိစ္စ ကေအိုင်အို ကြေညာချက်ထုတ် သတင်း
မိုင်းထိ ရွာသားများ ကေအိုင်အို ထောက်ပံ့ သတင်း
ကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (၁) (ဆောင်းပါး)
သခင်အုန်းမြင့်နှင့် အင်းစိန်ထောင်မှ နေ့ရက်များ (ဆောင်းပါး)
မွှေးသည့်ပန်းများမှ ကျောယားပြေ တိုက်ပွဲလေးတခုအကြောင်း (၂) (ဆောင်းပါး)
နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်ရေးနှင့် သတင်းသမားများ လက်မခံ သတင်း
ရန်ကုန်မြို့တွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်မြင့်လာ သတင်း
လမ်းခင်းမှုများ တ၀က်တပျက်ဖြင့် ရပ်နားထားရန် မြို့တော်ဝန် ညွှန်ကြား သတင်း
ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၀န်ကြီး ဦးအောင်ကြည် စည်းရုံး သတင်း
ခရစ်ယာန်သာသနာပြုများကို အသုံးချ၍ ကြံ့ဖွံ့မဲဆွယ် သတင်း
နယ်စပ်ဂိတ်အကြောင်းပြပြီး USDP မဲဆွယ်စည်းရုံး သတင်း
မိုင်းရှူး USDP ဥက္ကဌ လူထုအား ခြိမ်းခြောက် သတင်း
ကြံ့ဖွံ့နှင့် ရခိုင်ဒေသခံပါတီများအကြား ပြဿနာကြီးထွားနေ သတင်း
ထိုင်းတွင် မြန်မာနိုင်ငံသား (၈၂) ဦး ဖမ်းဆီးခံရ သတင်း
ဘတ်လက်မှတ် သက်တမ်းဆက်ရန် အသိပေး သတင်း
မိုးနည်းပြီး စပါးဖျက်ပိုးကျသဖြင့် လယ်နှင့် တောင်ယာစပါး ဧက (၅,၀၀၀) ကျော် ပျက်စီး သတင်း
ရွှေဈေးတက်ပေမယ့် အရောင်းအဝယ် ပုံမှန် သတင်း
ရူးကြောင်ကြောင် မြို့တော် သတင်း
ကျောင်းသားများထံ ထီလက်မှတ်ရောင်းပြီး ကျောင်းရန်ပုံငွေရှာ သတင်း
တောင်ကိုရီးယားနိုင်ငံက မြန်မာအသိုင်းအ၀ိုင်းရဲ့ လှုပ်ရှားမှုသတင်းများ သတင်း
မြန်မာပြည်တွင်း သတင်းမှတ်တမ်း သတင်း
ယနေ့မြန်မာသို့ ပေးစာ သတင်း

Read More...

Sunday, October 17, 2010

မြန်မာ နယ်စပ်မှာ ထိုင်းလုံခြုံရေး တိုးမြင့်

2010-10-17

မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲအထိ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ထိုင်းစစ်တပ်က လုံခြုံရေး အထူးတိုးမြင့် ချထားလိုက်တယ်လို့ သိရပါတယ်။

မန်မာနိုင်ငံ မြ၀တီတဖက်ကမ်း ထိုင်းဘက်ခြမ်းမှာ နေ့စဉ် ကင်းလှည့်လုံခြုံရေး တိုးမြင့်သွားဖို့ တာ့ခ်ခရိုင် အခြေစိုက် ထိုင်းခြေလျင်တပ်ရင်း (၄) ကို ညွှန်ကြားထားကြောင်း ထိုင်းအမှတ် (၄) တပ်မှူးက ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲ ကာလအတွင်း ထိုင်းနယ်စပ်ဖက်မှာ လုံခြုံရေး အခြေအနေ အားနည်းလာမှာကို စိုးရိမ်တဲ့အတွက် တပ်တွေ တိုးမြင့် ချထားတာဖြစ်သလို အခုရက်ပိုင်းအတွင်း မြ၀တီနယ်မြေ တ၀ိုက်မှာ စစ်အစိုးရတပ်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတဲ့အတွက် လုံခြုံရေး တိုးမြင့်ချလာတာလို့ ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။


ဒါပေမယ့် ကရင်အမျိုးသား အစည်းအရုံး KNU ဖားအံခရိုင် ဥက္ကဌ ဖဒိုအောင်မော်အေး ကတော့ စစ်အစိုးရတပ်တွေနဲ့ KNU အကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း ငြင်းဆိုပါတယ်။ အခုလို လုံခြုံရေး တိုးမြင့်ချထားတာဟာ DKBA တပ်တွေနဲ့ ပတ်သက်လိမ့်မယ်လို့ ထင်မြင်ကြောင်း ဖဒိုအောင်မော်အေး က ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ ရှိတဲ့ ထိုင်းတပ်မ (၂) တပ်မမှူးကတော့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကူအညီ တောင်းလာရင် သူတို့အနေနဲ့ ကူညီဖို့ အဆင်သင့် ရှိကြောင်း ပြောဆိုပြီး၊ ထိုင်းတပ်မ (၃) တပ်မမှူးကတော့ မြန်မာစစ်အစိုးရဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ အကူအညီတောင်းတာ မရှိသေးဘူးလို့ ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

Ref: RFA News

Read More...

နေ့စဉ်သတင်းများ ( ၁၇ - ၁၀ - ၂၀၁၀ )

ပါတီအချင်းချင်း ရိုက်ပွဲဖြစ် သတင်း
တံတားဦးမှာလည်း ရေကြီးလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေ သတင်း
ဝေနှင်းပွင့်သုန် ပေ (၁၆၀) အမြင့်မှ ခုန်ချ၊ ဒေါ်လာတသောင်းကျော်ရ သတင်း
မြန်မာ့အရေး ကုလ ဘာလုပ်ပေးမလဲ သတင်း
တပ်မတော်ထောက်လှမ်းရေး ပြုပြင်မှု သတင်း
ဒို့သမိုင်းမှာ မရိုင်းကြရလေအောင် (ဆောင်းပါး)
လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ကြဖို့ သတင်း
ပါတီတွေ ငွေကြေးအရ ပွင့်လင်းမြင်သာမှုရှိဖို့ RNDP တိုက်တွန်း သတင်း
ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ ဂျပန်ရှိ မြန်မာသံရုံး အကြောင်းကြား သတင်း
ငါးဖမ်းပိုက်စက်ရုံက မြန်မာအလုပ်သမားတွေ အလုပ်အကိုင်သစ်ရရှိ သတင်း
တံခွန်စိုက်လို့ လှူလိုက်ကြပါစို့ရဲ့ (ဆောင်းပါး)
ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၂) - မြန်မာပုံ ဂူဘုရားများ (ဆောင်းပါး)
နိုင်ငံရေးအကျဉ်းသားများ ရန်ပုံငွေအတွက် ဝေနှင်းပွင့်သုန် အမြင့်ပေ (၁၆၀) က ခုန်ချ သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုံခြုံရေးအရာရှိ မီးလောင်သေဆုံး သတင်း
မြန်မာနယ်စပ်မှာ ထိုင်းလုံခြုံရေး တိုးမြှင့် သတင်း
အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် ပိတ်ထားသဖြင့် နှစ်နိုင်ငံကုန်သွယ်ရေး ရပ် သတင်း
ရှမ်းလူထု ဆုံးဖြတ်နိုင်ရန် ပညာပေးဗွီစီဒီ ဖြန့်ချိ သတင်း
မွှေးသည့်ပန်းများမှ ကျောယားပြေ တိုက်ပွဲလေးတခုအကြောင်း (၁) (ဆောင်းပါး)
ဒို့အခွင့်အရေး ကိုယ်တိုင်ရွေး သတင်း
ဂျပန်ရှိ မြန်မာသံရုံးက ကြိုတင်မဲ ကောက်မည် သတင်း
ရွေးကောက်ပွဲကနေ စစ်ဗိုလ်ကြီးစိုးသည့် စီးပွားရေးစနစ်ကို ပယ်ဖျက်နိုင်ပါ့မလား သတင်း
ယာယီပတ်စပို့ ကိုင်ထားသည့် အလုပ်သမား (၅၀၀) ကျော် အလုပ်လက်မဲ့ဖြစ် သတင်း
စစ်သင်္ဘောနဲ့ ပင့်တဲ့ဆင်ဖြူ သတင်း

Read More...

ဆန္ဒပြ မြန်မာအလုပ်သမား ၃၀၀ ကျော် မဲဆောက်သို့ ရောက်

Saturday, October 16, 2010

ထိုင်း-လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် အလုပ်ရှင်၏ မတရားမှုကို မကျေနပ်သဖြင့် ၁ လကျော် ဆန္ဒပြနေ ခဲ့ကြသော မြန်မာ အလုပ်သမားထဲမှ ၃၆၉ ဦးသည် ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာကြကြောင်း သတင်းရရှိသည်။

မိမိတို့၏ လုပ်ခများနှင့် ယာယီနိုင်ငံကူးလက်မှတ် အပါအ၀င် စာရွက်စာတမ်းများ ပြန်လည်ရရှိရေးအတွက် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်၍ အလုပ်သမား ၉၀၀ ကျော် ဆန္ဒပြခဲ့ကြသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက “သူတို့ကို အလုပ်ရှင်က ယာယီနိုင်ငံကူးလက်မှတ်တွေ၊ ဘာတွေတော့ ပြန်ထုတ်ပေးတယ်။ ဒါပေမယ့် အလုပ်ထွက်စာတို့ ဘာတို့တော့ မပေးဘူး။ ပြီးတော့ အလုပ်ရှင်က အလုပ်သမားရုံးမှာ ဒီအလုပ်သမားတွေကို အလုပ်ထုတ်ပစ်လိုက်ပြီဆိုပြီး ပြောလိုက်ပြီ။ ဒါကြောင့် ဒီအလုပ်သမားတွေမှာ အလုပ်ရှင်သူဌေးမရှိဘဲ ဖြစ်သွားပြီ။ ဒါကြောင့် အလုပ်သစ်ရှာဖို့ မဲဆောက်ကို ပြန်ဆင်းလာကြတယ်။ ဒီကနေ အလုပ်သစ် ပြန်ရှာကြမယ်ပေါ့” ဟု ပြောသည်။


အဆိုပါ အလုပ်သမားများသည် ယနေ့နံနက်ပိုင်းတွင် မဲဆောက်မြို့ မယ်တော်ရွာရှိ ဘုန်းကြီးကျောင်းတွင် ခေတ္တတည်းခိုကြပြီးနောက် ယခုအခါ ထိုင်းနယ်ခြားစောင့်တပ်များက ခေါ်ယူထားသည်ဟု သိရသည်။

အလုပ်သမား ကိုယ်စားလှယ် တဦးဖြစ်သူ ကိုအောင်တင့်က “ကျနော်တို့အားလုံး အခု မယ်တော်ဘုန်းကြီးကျောင်းထဲကနေ နယ်ခြားစောင့်တပ်ဝင်းထဲကို ပြောင်းသွားကြပြီ။ ဒီနေရာက ကျနော်တို့ အတွက် ပိုလုံခြုံမှု ရှိတယ်လို့ပြောပါတယ်။ အခုထိတော့ အေးဆေးပါပဲ” ဟု ဆိုသည်။

အလုပ်ရှင်က စက်ရုံမှ ထွက်ခွာကြမှသာ ယာယီနိုင်ငံကူးလက်မှတ်များနှင့် လုပ်ခငွေများကို ပေးမည်ဟု ပြောသဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အလုပ်သမား ၅၀၀ ကျော် စက်ရုံမှ ထွက်ခွာကာ Khong Kean မြို့ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် တည နေခဲ့ကြကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဘဏ်ကတ်မှတဆင့် အလုပ်ရှင်က အလုပ်သမားများသို့ ငွေလွှဲပေးသော်လည်း အပြည့်အဝ မရရှိကြောင်း အလုပ်သမားအရေးတွင် ကူညီဆောင်ရွက်ပေးနေသူ MAP ဖောင်ဒေးရှင်းမှ မမိုင်က ပြောသည်။

“အစက သူဌေးက လစာငွေတွေကို တဦးချင်းစီ စာအိတ်နဲ့ ဝေပေးမယ်လို့ ပြောလို့ စောင့်ကြတယ်။ နောက်တော့ စာအိတ်နဲ့ မဝေတော့ဘူး။ ဘဏ်ကတ်ထဲကိုပဲ လွှဲပေးမယ်လို့ ဖြစ်ပြန်ရော။ ဘဏ်ကတ်ကို စစ်ကြည့်တော့ တချို့မှာ ၁ ထောင်လောက် ကွာနေတယ်။ တချို့ မှာ ၅၀၀ လောက် ကွာနေတာကို တွေ့ရတယ်။ အလုပ်သမားတွေ အနေနဲ့လည်း ဒီမှာဆက်နေရင် ပိုပြီး အခက်အခဲတွေနဲ့ တိုးမှာကိုမြင်လို့  မဲဆောက်ကို ဆင်းခဲ့ကြတယ်။ တချို့လည်း ကိုယ့်အဆက်အသွယ်နဲ့ကိုယ် မဟာချိုင်တို့ ဘာတို့ကို သွားကြတာရှိတယ်” ဟု ဆိုသည်။

ဆန္ဒပြ အလုပ်သမားများအနက် တချို့က အဆက်အသွယ်ရှာ၍ အလုပ်ပြောင်းသွားကြကြောင်း၊ ယခု အလုပ်သမားများ မဲဆောက်သို့ ပြန်လာနိုင်ရန် MAP ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးကြောင်းဟု သိရသည်။

ယခု အလုပ်သမားများ ဆန္ဒပြတောင်းဆိုရာတွင် NGO များ ပါဝင်လာသဖြင့် ပိုမိုရှုပ်ထွေးလာခြင်းဖြစ်သည်ဟု အလုပ်ရှင်က စွပ်စွဲကြောင်း၊ ထို့ကြောင့် အောက်တိုဘာ ၁၃ ရက်နေ့က အလုပ်သမားများနှင့် အလုပ်ရှင်တို့ ညှိနှိုင်းဖြေရှင်းရန် ကြိုးစားသောအခါ အလုပ်ရှင်က မည်သည့် NGO အဖွဲ့ဝင်ကိုမှ စက်ရုံတွင်းသို့ ၀င်ခွင့်မပေးနိုင်ဟု ပြောကြောင်း သိရသည်။

အလုပ်သမားများသည် စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသဖြင့် ၀င်ငွေမရှိခြင်းကြောင့် စားဝတ်နေရေး ခက်ခဲလာခြင်း၊ အလုပ်ရှင်က ထုတ်ပစ်လိုက်ပြီဖြစ်သဖြင့် ရဲက ဖမ်းကာ အန္တရာယ်ပေးနိုင်ခြင်းအပြင် သူဌေးလူယုံများဖြစ်သော မြန်မာလုံခြုံရေးများ၏ ရန်ကိုပါ စိုးရိမ်သဖြင့် မဲဆောက်ကို ဆင်းလာကြခြင်းဖြစ်သည်ဟု သိရသည်။

အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းဦးက “ဒီမှာ မြန်မာပြည်သားအချင်းချင်း နှိပ်ကွပ်ဖို့ခန့်ထားတဲ့ လုံခြုံရေးတွေ ရှိတယ်။ သူတို့က ကိုယ့်နိုင်ငံသားအချင်းချင်း ခဏခဏ ဒုက္ခပေးတယ်။ သူတို့ အရိုက်ခံရလို့ ခေါင်းကွဲတာ၊ ကျိုးတာပဲ့တာ မနည်းတော့ဘူး။ သတ်ပစ်ဖို့ဆိုပြီး အလုပ်ခံရတဲ့ လူတယောက် ရှိဖူးတယ်။ သူ့နာမည်က စိုးပိုင်။ သူက မသေဘဲ လွတ်သွားတယ်” ဟု ပြောသည်။

အလုပ်ရှင်သူဌေး၏ လူယုံ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်သည် မွန်ပြည်နယ် သထုံသားဟု ကိုထွန်းဦးက ဆိုသည်။

ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများကို ယာယီ နိုင်ငံသားလက်မှတ် ပြုလုပ်ရန် စီစဉ်ပေးပြီးနောက် ထိုင်းအလုပ်ရှင်နှင့် မြန်မာ အလုပ်သမားများအကြား ယခု ပြဿနာမှာ အကြီးဆုံး ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ များ၏ အဆိုအရ သိရသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့