၁၉ ဇန်န၀ါရီ ၂၀၀၉
နအဖရဲ့  အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် တခုတည်းသော တပ် မတော် ရှိရမည်ဆိုတဲ့ သတ်မှတ်ချက်ရှိတာမို့ အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင်တွေကို လက်နက်ဖြုတ်သိမ်းခိုင်းမလား၊ ဒါမှ မဟုတ် တပ်မတော်ရဲ့ကွပ်ကဲမှု အောက်ထဲကို ဆွဲထည့်မလားဆိုတာ နအဖအနေနဲ့ အကျပ်အတည်းဖြစ်နေ တာ တွေ့ရပါတယ်။
နအဖဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပထမဦးဆုံး ငြိမ်းချမ်းရေးယူခဲ့စဉ်က ပေါ်ပေါ်တင်တင် မလုပ်ရဲဘဲ သံသယရှိစွာနဲ့ တိုးတိုးတိတ်တိတ်လုပ်နေရာမှ နိုင်ငံရေး အမြတ်ထုတ်တဲ့အနေနဲ့ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့် နည်းဗျူဟာတရပ်အဖြစ် အဲဒီသတင်းကို ဦးစားပေး ခေါင်းကြီးပိုင်းတွေမှာ တခမ်းတနား လုပ်လာကြပါတော့တယ်။
တကယ်တမ်းကျတော့ နအဖရဲ့သဘောထား မမှန်တာတွေ၊ ကတိပျက်ကွက်တာ တွေ၊ တိုင်းရင်းသားအဖွဲ့ အချင်းချင်း အခွင့်အရေးပေးရာမှာ ဘက်လိုက်မှုရှိတာ တွေ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုပြီး အမှန်တော့ ဦးကျိုးအောင် နာမ်နှိမ်အောင် လုပ်ခဲ့ပုံတွေ၊ တိုင်းရင်းသားအဖွဲ့တွေက ဘိန်းကြောင့်ရရှိလာတဲ့ တရားမ၀င် ငွေမည်းများကို ငွေဖြူဖြစ်ရေး စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပုံတွေ၊ ငြိမ်းချမ်းရေးအဖွဲ့နဲ့ နအဖ ရဲ့  သဘောတူညီထားချက် (၁၄) ချက်မှာ အများစုကို ဖောက်ဖျက်ကြပုံ စတာတွေကို တင်ပြသွားပါမယ်။
ပထမဦးဆုံး ငြိမ်းချမ်းရေးလုပ်ခဲ့တဲ့ ဖုံကျားရှင်း ဦးစီးသော ရှမ်းမြောက် အထူးဒေသ (၁) ကိုးကန့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့နဲ့ ဦးစိုင်းလင်းခေါင်းဆောင်တဲ့ ရှမ်းအရှေ့ မိုင်းလားဒေသ အထူးဒေသ (၄) အပစ် အခတ် ရပ်စဲရေးအဖွဲ့တို့ဟာ သူတို့ကို မြန်မာတပ်မတော် လက်အောက်သို့ တပ်ရင်းအလိုက် စုစုစည်းစည်း သွင်းပါ။ တပ်ရဲ့အဆင့်၊ ရာထူး၊ လစာများကိုခံစားပြီး မြန်မာစစ်တပ်ရဲ့အမိန့်အတိုင်း နာခံမယ်လို့ အဆိုပြုခဲ့ ဖူးပါတယ်။ စစ်ရုံးမှာရှိနေတဲ့ မျိုးဆက်သစ် လူငယ်တပ်မတော် အရာရှိများက ဒီအတိုင်းဆို လက်ခံသင့်ကြောင်း မျှော်လင့် နေကြပေမယ့် မူလက မယုံသင်္ကာတွေရှိနေကြတဲ့ တင်းမာတဲ့ ဗိုလ်ချုပ်အချို့က လက်မခံဘဲ တဦးချင်း ခွဲ ထုတ်ကာ မြန်မာတပ်မတော် တပ်ရင်းတွေရဲ့လက်အောက်ကို ဖြန့်ခွဲစေလွှတ်မှာဖြစ်ကြောင်း ပြန်ကြားခဲ့ပါ တယ်။ ကိုးကန့်နဲ့ ရှမ်းတပ်တွေက တပ်ရင်းအလိုက်သာ တာဝန်ထမ်းဆောင်လိုတဲ့အတွက် ညှိမရဘဲ စိတ် ပျက်စရာ ပျက်ပြယ်သွားခဲ့ရပါတယ်။ နအဖဟာ ၂၀၀၇ သံဃာ့အရေးအခင်း မတိုင်ခင်က အန္တရာယ်အရှိဆုံး အနီးကပ်ရန်သူစာရင်း (၅) မျိုး သတ်မှတ်ထားပါတယ်။ နံပါတ် (၁) ကတော့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် ထောက်လှမ်းရေးပြုတ်များ၊ ဒါကြောင့် အဆင့် နံပါတ် (၃) အဖြစ် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လျှို့ ဝှက်စွာ သတ်မှတ်ထားတာကိုက သံသယစိတ်ရှိပြီး သတိထားနေတာ သိသာလွန်းလှပါတယ်။ အဲဒီ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထဲမှာ နအဖရဲ့အကြောက်ရွံ့ဆုံးအဖွဲ့ကတော့ ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA “၀” အဖွဲ့ပင် ဖြစ်ပါတယ်။ န၀တ တက်လာစဉ်က ဘိန်းဘုရင် ခွန်ဆာရဲ့ MTA တပ်ဖွဲ့ဝင်များဟာ အင်အားကြီးမားတာကြောင့် နအဖက အသေအလဲ တိုက်ခိုက်နေခဲ့ရပါတယ်။ ဒီအချိန်မှာ “၀” တပ်ဖွဲ့တွေဟာ မရိုးသားတဲ့ အကြံအစည်များနဲ့ နအဖဘက်ကို ၀င်ရောက်ကူညီပြီး MTA ခွန်ဆာတပ်ဖွဲ့များကို တိုက်ခိုက်ပေးခဲ့ပါတယ်။ တဖန် နအဖကလည်း မရိုးသားတဲ့ အကြံအစည်များဖြင့် ခွန်ဆာ လက်နက်ချပြီးတဲ့အခါမှ “၀” တပ်ဖွဲ့တို့ကို ထိုင်းနိုင်ငံအား Buffer Zone ကြားခံထားလို၍ လည်းကောင်း၊ MTA မှ ခွဲထွက် SSA ဗိုလ်မှူးကြီး ရွက်ဆစ် တပ်ဖွဲ့တွေကို တိုက်ခိုက်ခိုင်းလို၍လည်းကောင်း ထိုးကျွေးခဲ့ပြန်ပါတယ်။ UWSA တပ်ဖွဲ့တွေရဲ့  အကြံအစည်များကတော့ ပြည်နယ်ဖွဲ့လို့ရအောင် (၆) မြို့ နယ် ရရှိရေးအတွက် ရှမ်း အမျိုးသမီးများကို ငွေကြေးအင်အားသုံး၍ တမျိုး၊ လက်နက်အားကိုး အနိုင်ကျင့်၍တဖုံ အတင်းအကျပ် ပေါင်းသင်းဆက်ဆံရာမှ လူဦးရေ တိုးပွားစေပြီး “၀” အင်ပါယာကို တိုးချဲ့စေပါတယ်။ UWSA “၀” တွေဟာ ရှမ်းပြည်နယ်ကို “၀ါး” မျိုရန် ကြံစည်နေပြီး အမျိုးသားညီလာခံမှာ ရှမ်းပြည်နယ်မကြီးရဲ့  တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် မနေလိုကြောင်းနှင့် ဗဟိုက တိုက်ရိုက်အုပ်ချုပ်တဲ့ ရှမ်းပြည်နယ်မှ ခွဲထွက် ပြီး သီးခြားပြည်နယ် သတ်မှတ်ပေးဖို့ အမျိုးသားညီလာခံကျင်းပနေချိန် တောင်းဆိုခဲ့ပါတယ်။ တနည်းပြောရ ရင် ၀ပြည်နယ်ခွဲထွက်ခွင့် တောင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က လက်မခံခဲ့ပါဘူး။ တဖန် ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်တွေမှာ ချထားတဲ့ “၀” တပ်ဖွဲ့တွေဟာ သူတို့ရဲ့  အင်အားကို တိုးချဲ့ကာ အခိုင်အမာ ခြေကုပ်စခန်းများ တည်ဆောက်ခဲ့တာမို့ နအဖလည်း လန့်ဖြန့်ကာ နယ်စပ်က UWSA တွေ ပြန်ရုပ်သိမ်းဖို့ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အမိန့်ပေးတာတောင် ပထမဦးဆုံး အကြိမ် “အာခံ” ခဲ့သူများဖြစ်ပါတယ်။ တဖန် AK – 47 လက်နက်စက်ရုံများနဲ့ လေယာဉ်ပစ် ဒုံးပျံများအပါအ၀င် လက်နက်များတပ်ဆင်ကာ UWSA “၀” တပ်ဖွဲ့ဝင် အင်အား (၂၀,၀၀၀) ကျော် ရှိလာဖို့ ယောက်ျားလေးတွေကို အရွယ်ရောက်သူတိုင်း စစ်မှုထမ်း ခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံနှင့် နီးစပ်စွာ ထိတွေ့ဆက်ဆံခဲ့ရာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရခဲ့ရင်တောင် ထကြွ သောင်းကျန်းမယ့် အရင်ဆုံး သူပုန်များလို့ ဆိုရမှာ ဖြစ်ပါတယ်။ တကယ်တော့ နအဖဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာ ခံနေရပြီး နိုင်ငံတကာမှ မူးယစ်ဆေးဝါး ပြစ်မှုအဖြစ် ၀ရမ်းထုတ် ဆုငွေထုတ်ထားတာတောင် ပေါက်ယူချမ်း၊ ဝေရှောက်ခန်း စတဲ့ “၀” ခေါင်းဆောင် များကို ဖမ်းဖို့ တာဝန်ပျက်ကွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နအဖနဲ့ ပေါင်းပြီး “၀” အဖွဲ့တွေရဲ့  စီးပွားရေး သောင်းကျန်းပုံတွေကို ဆက်လက်တင်ပြသွားပါ့မယ်။ တကယ်တော့ နအဖဟာ ဘိန်းဘုရင် ခွန်ဆာဆီမှ “ငွေမည်း” များ ရရှိခဲ့လို့ အလိုတူ အလိုပါ အကြိုက်တွေ့သွားပြီ ဖြစ်ပါတယ်။ နအဖ ဒုတိယခေါင်းခဲတဲ့ အဖွဲ့ကတော့ မွန်ပြည်သစ်ပါတီ (NMSP) ဖြစ်ပြီး အမျိုးသား ညီလာခံမှာကတည်းက တင်းမာစွာ တုံ့ပြန်တာ ခံခဲ့ရပါတယ်။ ငြိမ်းချမ်းရေး လုပ်ခဲ့စဉ်က NMSP ဥက္ကဋ္ဌ နိုင်ရွှေကျင်ကို တပ်ချုပ် ဗိုလ်သန်းရွှေကိုယ်တိုင် လက်ခံကြိုဆိုခဲ့ရခြင်းမှာ KNU ကို ထိန်းချုပ်နိုင်အောင် မျှော်မှန်းတာရယ်၊ ထိုင်းနယ် စပ်နှင့် ဆက်စပ်နေပြီး ပင်လယ်ကမ်းခြေ ထွက်ပေါက်ကို ပိုင်စိုးတာရယ်၊ KIA နှင့် UWSA ကဲ့သို့ နောက်ပိုင်း မလုံခြုံတဲ့ အနေအထားမရှိတာကြောင့် အချိန်မရွေး တောထဲ ပြန်ရောက်သွားနိုင်တာမို့ စည်းရုံးခြင်း ဖြစ်ပါ တယ်။ နအဖရဲ့ တတိယ အစိုးရိမ်ရဆုံး နောက်တဖွဲ့ကတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်ဖွဲ့ဝင်တွေကို နအဖ စစ်တပ်က အကြောင်းမဲ့ ပစ်သတ်တဲ့ကိစ္စမှာ အစာ မကြေ ဖြစ်ခဲ့ပါတယ်။ KIA ဟာ အမျိုးသားညီလာခံတက်နေတဲ့ အချိန်အခိုက်အတန့်မှာ အဲဒီကိစ္စဖြစ်တာရယ်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် နဲ့ MI အဖွဲ့ အရေးယူ ဖျက်သိမ်းခဲ့ရလို့ အသစ်ဖွဲ့စည်းလိုက်တဲ့ “စရဖ” အကြီးအကဲ ဗိုလ်မြင့်ဆွေရဲ့ ကိုင် တွယ်ဖြေရှင်းမှု ညံ့ဖျင်းတာရယ်ကြောင့် ကျေနပ်မှုမရှိဘဲ တင်းမာမှု အထွဋ်အထိပ် ရောက်နေခဲ့ပါတယ်။ KIA မှ ဒု-ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာကိုယ်တိုင် နအဖ အကြီးအကဲတွေကို စစ်ရုံးမှာ တွေ့ခွင့်ရဖို့ အချိန်ကြာမြင့် စွာ စောင့်နေရလို့ စိတ်မရှည်နိုင်တော့ဘဲ ဒေါသတကြီး တုံ့ပြန်တော့မှ ဒု-တပ်ချုပ် ဗိုလ်မောင်အေးက ၀င် ရောက် ဖြေရှင်းပေးလိုက်ရပါတယ်။ နအဖရဲ့  မပြေလည်နိုင်သေးတဲ့ KNU နှင့် Gentleman Agreement လည်း ယခုအခါ အလှမ်းဝေးသွားပြီ ဖြစ် ပါတယ်။ KNU ရဲ့ဗဟိုဌာနချုပ် မာနယ်ပလောကို တိုက်ခိုက်နိုင်ရန် လမ်းပြပေးရတဲ့ ကျေးဇူးကို ထောက်ထားပြီး DKBA ကိုတော့ နယ်စပ်ဂိတ်များမှာ “အစာ” ချကြွေးကာ မြှောက်စားလိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် KNU မှာ ယခင်က အရာခံဗိုလ် အဆင့်သာရှိခဲ့ပြီး DKBA မှာ စစ်ဦးစီးချူပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ကျော်သန်းနဲ့ ယခင်က ဆရာ့ ဆရာကြီးများဖြစ်ခဲ့တဲ့ နအဖနဲ့ ပူးပေါင်းထားသော ဗိုလ်ချုပ်ထိန်မောင်၊ ရင်းမှူး ဒု-ဗိုလ်မှူးကြီး သမူဟဲ၊ ဖဒိုအောင်ဆန်း စတဲ့အဖွဲ့တွေရဲ့ ရပ်တည်ရေး၊ စားဝတ်နေရေး၊ ကရင်ပြည်နယ် လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု ပြဿနာများကို နအဖဟာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ တကယ်တော့ ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောသမူဟဲနဲ့ အဖွဲ့တွေ လက်နက်အားလုံးချပြီးမှ အလုံးစုံ အလင်းဝင် ခဲ့တဲ့ ဖြစ်စဉ်အပေါ် နအဖက တအံ့တသြ ဖြစ်ခဲ့ရပြီး တဂူထဲက ခြင်္သေ့နှစ်ကောင် ဖြစ်သော ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွန့်တို့ကတောင် တခါမှ မတွဲစဖူးတွဲလာကာ သူ့အား ကြိုဆိုခဲ့ရဖူးပါတယ်။ စောသမူဟဲကိုတောင် ဦးစားမပေးဘဲ DKBA ဟာ “ဖား” တာ တော်လွန်းရာမှာ ကရင်အချင်းချင်းတောင် သတ်ပေးလို့ နအဖက မျက်နှာသာပေး ဘက်လိုက်တာ သိသာလှပါတယ်။ နအဖအနေနဲ့ အပစ်ရပ်အဖွဲ့တွေကို ကိုင်တွယ်ရာမှာ ဘက်လိုက်မှုများနဲ့ သွေးခွဲမှုများ ရှိနေပါတယ်။ အခွင့် အရေး နည်းနည်းပေးမိရင်တောင် သတင်းပေါက်ကြားမှုရှိတာကြောင့် တချို့ကို ဒီထက်ပိုပြီး သာသာထိုးထိုး အခွင့်အရေး ပိုပေးထားလို့ အပစ်ရပ်အဖွဲ့အတွင်းမှာလည်း မကျေနပ်မှု ရှိနေကြကြောင်း သိရပါတယ်။
နံပါတ် (၂) ကတော့ KNU, KNPP နှင့် လက်နက်ကိုင်သောင်းကျန်းသူများ၊
နံပါတ် (၃) ကတော့ အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းများ၊
နံပါတ် (၄) ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ၊
နံပါတ် (၅) ကတော့ မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများတို့ပဲ ဖြစ်ကြပါတယ်။
ရန်သူတွေဖြစ်ခဲ့တဲ့ UWSA “၀” အဖွဲ့က တကယ်တော့ ဗကပ ကွန်မြူနစ် အမာခံတွေဖြစ်ခဲ့ကာ မိုင်းယောင်း သိမ်းပိုက်ခဲ့စဉ်က ချင်း (၃) တပ်ရင်း အိမ်ထောင်သည်လိုင်း ရဲမေများကို မုဒိမ်းကျင့်ခဲ့သူများဖြစ်ပြီး ဒီမိုကရေစီ ကို မလိုလားသူများ ဖြစ်ပါတယ်။
ယခုလည်း အမျိုးသားညီလာခံမှာ နအဖက တိုင်းရင်းသားအဖွဲ့တွေ (အပစ်အခတ်ရပ်စဲရေး ၁၃ ဖွဲ့) တင်ပြခဲ့ တဲ့ ကိုယ်ပိုင်အခွင့်အရေး ပြဋ္ဌာန်းချက်များကို မလိုက်လျောခဲ့လို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ်စီ ရင်ထဲမှာ တော့ မကျေနပ်မှုတွေ အသီးသီး အနည်းနဲ့အများ ရှိနေကြပါတယ်။
ဗိုလ်ထက်မင်း
REF: ခေတ်ပြိုင်
0 comments:
Post a Comment