Friday, October 5, 2012

ရခိုင်ပြည်နယ်ထူထောင်ရေးအတွက် ဒေါ်လာ(၃)သုံးသန်း လှူဒါန်းမည့် ဗြိတိန်နိုင်ငံ

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
5 Oct, 2012

ဗြိတိန်သံအမတ်ကြီးMr.Andrew Heyn ဦးဆောင်သည့် ဒုတိယအတွင်းဝန်Mr.Joe Fisherနှင့် နိုင်ငံတကာဖွံ့ဖြိုး ရေးဌာန (Department for International Development-DFID) ဦးဆောင် ညွှန်ကြားရေးမှူး Delivery Service Advisor, Mr.Peter McDermott တို့ စက်တင်ဘာလ(၂)ရက် နေ့တွင် စစ်တွေသို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်အရေး အား လေ့လာခဲ့ကြသည် ။

ဗြိတိန်နိုင်ငံအနေဖြင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာသုံးသန်းလှူဒါန်းမည်ဟု ဗြိတိန် သံအမတ်ကြီး Mr.Andrew Heyn ဦးဆောင်အဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ်ပြောကြား ခဲ့သည်။

ဗြိတိန်နိုင်ငံ၏ ပမထဆုံးရခိုင်ပြည်နယ် ခရီးစဉ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီ များနှင့် တွေ့ဆုံခဲ့သည်။

စက်တင်ဘာ(၃)ရက်နေ့က ဗြိတိန်သံအမတ်ကြီးMr.Andrew Heyn ဦးဆောင်သည့်ဒုတိယ အတွင်းဝန် Mr.Joe Fisher နှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန(Department for International Development-DFID) ဦးဆောင် ညွှန်ကြား ရေးမှူး Delivery Service Advisor, Mr.Peter McDermott တို့နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများ တို့ အစိုးရအဖွဲ့ရုံးတွင်တွေ့ဆုံစဉ် ရခိုင်ဒေသပြန်လည် ထူထောင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်တွေမြို့ရှိလူမှု အသင်းအဖွဲ့များ နိုင်ငံရေးပါတီများနှင်လည်း အောက်တိုဘာ ၂ရက်နေ့ တွေ့ဆုံခဲ့ ကြပြီး ရခိုင်လူမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဝံလက် ဖောင်းဒေးရှင်းမှလည်း ဗြိတိသျှတို့ ရခိုင် ကိုအုပ်စိုးစဉ် ကာလတွင် လူမျိုးသတ်မှတ်သည့် (၁၃၅)မျိုးတွင် ရိုဟင်ဂျာမပါကြောင်းကို ဆွေးနွေးခဲ့သလို ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီမှလည်း ဗြိတိသျှအုပ်စိုးစဉ်က ဘင်္ဂလီများဝင်ရောက်လာပုံများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

ဗြိတိန်သံအမတ်ကြီး Mr.Andrew Heyn ဦးဆောင်သည့်အဖွဲ့သည် စစ်တွေမြို့ရွှေစေတီကျောင်းအပြင်ဒုက္ခသည် စခန်းများသို့ လည်း ရောက်ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၃)ရက်နေ့၌ ဗြိတိန်သံအမတ်ကြီး Mr.Andrew Heyn နှင့်ဒုတိယအတွင်းဝန်Mr.Joe Fisher တို့မှာ ရန်ကုန်သို့လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ပြီးကျန်ရှိနေခဲ့သည့် Mr.Peter McDermott ,Delivery Service Advisor, ဦးဆောင်ညွှန်ကြားရေးမှူး နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန (Department for International Develop ment-DFID) တို့သည် မောင်တောမြို့သို့ သွားရောက်၍ လေ့လာရန်ကျန်ရှိ နေကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့