Friday, October 5, 2012

ချက်ချင်းပြေလည်ဖို့ခက်သည့် ရခိုင်ပဋိပက္ခအရေးအား စီမံကိန်းချမှတ်ဖြေရှင်းပေးမည့် ဗြိတိန်သံအမတ်

အာရကန်ကိုကို-မောင်တော(မြစ်မခ)
5 Oct, 2012

ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးရေးပဋိပက္ခမှာ ချက်ချင်းပြေလည်ဖို့ခက်၍ စီမံကိန်းချကာ အတတ်နိုင် ဆုံးဖြေရှင်းပေး မည့် ဗြိတိန်သံအမတ်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအရေးအား လေ့လာ၍ ငြိမ်းချမ်းရေးဖော်ဆောင်ရန် စစ်တွေမြို့သို့ ရောက် ရှိနေသည့် ဗြိတိန်သံအမတ် Mr.Andrew Heyn ဦးဆောင်သည့် ဒုတိယအတွင်းဝန်Mr.Joe Fisher တို့မှာ စက်တင် ဘာလ(၃) ရက် နေ့က ရန်ကုန်သို့ ပြည်ထွက်ခွာခဲ့ပြီဖြစ်သည်။

Mr.Peter McDermott ,Delivery Service Advisor, ဦးဆောင်ညွှန်ကြားရေးမှူး နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (Department for International Development-DFID)တို့မှာ မောင်တောမြို့သို့ ဆက်လက်၍ သွားရောက် လေ့လာရန် ကျန်ရှိနေခဲ့ကြောင်းကိုလည်း သိရှိရသည်။ ၄င်းတို့၏ မောင်တောဒေသခရီးစဉ်တွင် ဘင်္ဂါလီခေါင်းဆောင် မာလ၀ီနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။

“ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်းက ဖြစ်ခဲ့တဲ့ပဋိပက္ခက အင်မတန်ရှုပ်ထွေးနက်နဲတဲ့ ကိစ္စရပ်ပါ၊ ဒီကိစ္စကို ဦေးခါင်းထဲ မှာရော နှလုံးသားထဲမှာပါ ထည့်ထားပါတယ်၊ ဒီပြဿနာကို ချက်ချင်းပြေလည်အောင် ဖြေရှင်းနိုင်ဖို့လည်း ခက်ခဲ ပါတယ်၊ ကျွန်တော်တို့အ နေနဲ့ လည်း ကာလတို ကာလရှည်စီမံကိန်းတွေ ချပြီးတစ်ခုပြီး တစ်ခု တည်ဆောက်ပြီး အ တတ်နိုင်ဆုံး ဖြေရှင်းဖို့ ကြိုးစားမှာ ပါ”ဟု ဗြိတိန်သံအမတ် Mr.Andrew Heyn က စစ်တွေခရီးစဉ်တွင် ပြောကြားခဲ့သည်။

ဗြိတိန်သံအမတ်နှင့်အဖွဲ့မှာ အောက်တိုဘာလ(၂)ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ စစ်တွေရောက်ရှိ စဉ်ကာလ ၌ နိုင်ငံရေးပါတီများ၊လူမှုရေးအဖွဲ့အစည်းများ မီဒီယာများနှင့်တွေ့ဆုံခဲ့ကြောင်း ကိုလည်း သိရသည်။

ပြိတိန်သံအမတ်၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရွှေစေတီကျောင်းအပြင် မီးရှို့ဖျက်စီးခံဒေသများသို့လည်း သွားရောက် လေ့လာ မည်ဟု သိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့