Tuesday, October 2, 2012

ရှားခဲ ဘုံစားအင်းဒေသ၌ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အကူအညီရယူရန် တိုင်းဝန်ကြီးချုပ်မှာကြား

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
2 Oct, 2012

ပြဿနာများအကြိမ်ကြိမ်ဖြစ်ပွားခဲ့သည့် ရှားခဲကြီး/ရှားခဲလေးအင်းအား အများငါးရှာခွင့်ရှိသော ဘုံအင်းအဖြစ် သတ်မှတ် လိုက် သော်လည်း ဒေသတွင်း လုံခြုံမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကူအညီရယူရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်က ဆိုသည်။

ရှားခဲရွာသားများအနေဖြင့် အတူတူငါးဖမ်းလျှင်ပြဿနာများ ပိုမိုဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေသည့်အပေါ်တွင် တိုင်းဝန်ကြီးချုပ် က ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျွန်မ ယောကျာ်းလည်း သေသွားရပြီး၊အခု ဘုံငါးရှာ ပိုင်ခွင့်ပြုတယ်၊ အတူတူသာ ဒီလိုဆိုလို့ရှိရင် နှစ်ဖက်စလုံး တစ်ယောက် နဲ့တစ်ယောက် အသေသာသတ်လိုက်ကြလို့ ပြောတာနဲ့အတူတူပါ”ဟု ယခုလ(၂၇)နေ့ ညက ဖြစ်ပွား ခဲ့သော အဓိကရုဏ်းတွင် သေနတ်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးသွားသူ ကိုကြည်သိန်း၏ ဇနီး က ပြောသည်။

ဆန္ဒပြမှုနှင့်အကြမ်းဖက်မှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည့် ကျုံပျော်မြို့နယ် ရှားခဲကြီး/ရှားခဲလေး အင်းအား အများငါးရှာ ပိုင်ခွင့် ရှိသော ဘုံစားအင်းအဖြစ် သတ်မှတ်ပေးလိုက်ကြောင်း၊ စက်တင်ဘာ(၂၇)ရက်နေ့ဖြစ်စဉ်များအား ရပ်ရွာ အေးချမ်း သာယာရေး ပျက်ပြားအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါက ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းကိုလည်း ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်က စက်တင်ဘာလ(၂၈)ရက်နေ့က ဒေသခံ (၅၀)ခန့်နှင့် တွေဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရှားခဲအင်းလေလံရထားသည့် အင်းပိုင်အဖွဲ့နှင့် ရှားခဲရွာသူရွာသားများ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်) စက်တင် ဘာ(၂၇)ရက်နေ့ မှာ အဆိုးရွားဆုံး အကြမ်းဖက်မှုများဖြစ်ပြီး ရဲတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် လူသေဆုံးမူများ ဖြစ်ပွားခဲ့သည်။

“ဒီဒေသခံ ကျေးရွာလူထုရဲ့ စားဝတ်နေရေးကို ထောက်ထားပြီး ရှားခဲကြီး/ရှားခဲလေးအင်းကို ဘုံစားအင်း အဖြစ်သတ် မှတ်ပေး လိုက်ပါတယ်၊ ကျေးရွာပြည်သူလူထုအနေနဲ့လည်း ရေချိုငါးဖမ်း လုပ်ငန်းဥပဒေအရ လုပ်ဆောင်သွားရပါမယ်” ဟု ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဦးသိန်းအောင်က ပြောကြားခဲ့သည်။

ယခုလို တိုင်းဝန်ကြီးချုပ်မှ ရေချိုငါးလုပ်ငန်းဥပဒေအရလုပ်ဆောင်မည်ဟု ပြောကြားခဲ့ပြီး အဆိုပါ ဥပဒေအရ အဆင့် ဆင့်လုပ် ဆောင် သွားစရာများရှိသေးသည်ဟု သုံးသပ်မှုများရှိနေပြီး ရွာသူ/ ရွာသားများအနေဖြင့်လည်း အတူတူငါးဖမ်း လျှင်ပြဿနာ များထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ပူပမ်နေကြောင်း ရှားခဲဒေသခံများက ဆိုသည်။

“ဧရာဝတီတိုင်းရေချိုငါးလုပ်ငန်းဥပဒေသစ်”ကို အင်းသားကြီးများ(လေလံရသူ)နှင့် အင်းသား၊ အင်းရေ သောက်ခွင့် မရသည့် ကျေးရွာများအကြား ပြဿနာဖြစ်ပွားလာမည်ကို သုံးသပ်ပြီး လွှတ်တော်က ဥပဒေ အမှတ်(၂/၁၂)ဖြင့် ပြီးခဲ့သည့် မတ်လ(၂၃) ရက်နေ့ကတည်းက ယခင်ငါး ဥပဒေဟောင်းအစား ပြဌာန်းအတည် ပြုခဲ့ပြီး တိုင်းအစိုးရအဖွဲနှင့် ၀န်ကြီးချုပ်တို့ကလည်း လက်မှတ် ရေးထိုးခဲ့သည်။

“ကျွန်တော်တို့ တိုင်းလွှတ်တော်က ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေသစ်ကို မေလ(၁၁)ရက်နေ့စွဲနဲ့ ပြည်ထောင်စု သမ္မတနိုင်ငံတော်ပြန်တမ်းကို နိုင်ငံတော်သမ္မတကြီးထံ ပေပို့ပြီးဖြစ်ပါတယ်”ဟု တိုင်းလွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးက ပြော သည်။

သို့သော် ထိုဥပဒေများသည် အစိုးရအဖွဲ့ကို အကျပ်အတည်းဖြစ်အောင်ပြုလုပ်သည်ဟု ဆိုကာ အာဏာသက်ရောက်မူ့ မရှိသေး သဖြင့် သြဂုတ်လအတွင်းက ပြုလုပ်သော တိုင်းလွှတ်တော် အထူးအစဉ်းအဝေးတွင် ဓနုဖြူ အမှတ်(၂)မဲဆန္ဒနယ်မှ တိုင်းလွှတ် တော် ကိုယ်စားလှယ်ဦးမြင့်က တင်ပြခဲ့ပြီး ကိုယ်စားလှယ်(၃)ဦးက ထောက်ခံ ဆွေးနွေးကာ အစည်းအဝေး တတိယနေ့ဖြစ်သည့် သြဂုတ်-(၁၇)နေ့တွင် ဥပဒေကို ကျင့်သုံးရန်နှင့် လိုအပ်ပါ က နည်းဥပဒေများကို တိုင်းအစိုးရအဖွဲ့မှအမြန်ဆုံးပြဌာန်း၍ ဥပဒေ အတိုင်း ဆောင်ရွက်ရန် ထပ်မံအတည်ပြု ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့